Pages

Wednesday, October 24, 2012

ဗြိတိသျှ စပစ်ဖိုင်းယား တွေပြန်ပေးရင် ပတ္တမြား ငမောက်နဲ့နန်းစဉ်ရတနာတွေ ပြန်တောင်း ပေးနိုင်မလား

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့  အခုမှသတင်း ထုတ်ပြန်လိုက်တော့ အံများ တောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော် ကတည်းက ရှာဖွေ နေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်း တွေရဲ့မှတ်တမ်း မှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာ တွေပေါင်းစပ် ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီး အကောင်းတိုင်း ပြန်ယူတော့မယ်တဲ့ ။

ကျွန်တော်တို့သဘော ကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ် တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံ သမိုင်းလည်း ဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံ မြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက် နေခဲ့တာပါ ။ကျွန်တော် တို့လည်း ပိုင်တယ် ။ဒီလေယာဉ် တွေကို တူးဖော်ခွင့် ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခိုင်မာ စေမှာလို့ ဒေးဗစ်ကင်မရွှန်း ကပြောတယ် ။ ဟုတ်ပြီ ။ဒီလေယာဉ် အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေး ကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစား ဘဲခြေ လေး ကစား ကြည့်ရအောင် ။ကျွန်တော် တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။

ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
   
      ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
     ၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
     ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
     ၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
     ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
     ၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
   
    ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
    ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ     ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း

ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။

http://www.mgkyautkhae.com/2012/10/blog-post_24.html

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: