ဒီမိုကရေစီမှာ အတိုက်အခံဆိုတာ ကိုယ့်ကို တိုက်ခိုက် ဝေဖန်တာကိုလည်း ခံနိုင်ရည်ရှိဖို့၊ လက်ခံနိုင်ဖို့ လိုပါတယ်..... အခုလက်ရှိမှာ စစ်တပ်နဲ့ ကြံ့ဖွံ့အစိုးရကို ဝေဖန်ရင် တိုက်ခိုက်ခံရမှု နည်းသလောက် ဒီမို ကရေစီနဲ့ NLD ကို ဝေဖန်ရင် အဆဲခံရဖို့ ကျိန်းသေပါတယ်.... ဒေါ်စုကို ဝေဖန်ရင်တော့ ဘာပြောကောင်း မလဲဗျာ.....
ထူးခတ်ခံရမယ့် ဆင်ဟာ သူ့ကိုခတ်မယ့် ကျုံးထဲကို အသာတကြည် ၀င်သွားဖို့ ဆင်ဦးစီးနဲ့ ချွန်းက ထိမ်းကြောင်းပေးသွားပါတယ်...... အဲ့ဒိလိုပဲ မြန်မာပြည်က ဒီမိုကရေစီနဲ့ အတိုက်အခံ အင်အားစုတွေဟာ ဒီလိုရိုင်းစိုင်းတတ်ပါလား ဆိုတဲ့လမ်းကြောင်းပေါ်မှာ သွားနေတာ ဘယ်ပန်းတိုင်ကို ဦးတည်နေသလဲ၊ ဘယ် သူတွေက ထိမ်းကြောင်းနေလဲ အသိရှိရင် မြင်တတ်ပါစေ.....
စစ်တပ်နဲ့ လက်ရှိခေါင်းဆောင်တွေကို ဝေဖန်ရင် လက်ခုပ်လက်ဝါးတွေ တီးကြပီး ဒေါ်စုကို ဝေဖန်ချိန်မှာ မင်းက ဘာကောင်မို့လို့လဲ ခင်ဗျားက ဘာကောင်မို့လို့လဲ၊ သူ့လောက်တတ်လို့လား ဆိုတာတွေ နဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲရေးလို့ ပိတ်ပင်ပစ်ကြတာတွေ များနေပါတယ်.... တစ်ခြားမကြည့်ပါနဲ့ ဦးသိန်းညွန့် NLD ကထွက် ရွေးကောက်ပွဲ ၀င်တုန်းက အဖြစ်အပျက်တွေပါပဲ...... ဒီအထဲမှာ ဒီမိုနာ မည်ခံထားတဲ့ တစ်ယောက်က အဆိုးဆုံးပါပဲ...... နိုင်ငံကိုချစ်တယ်ဆိုရင် ဝေဖန်တဲ့အခါမှာ ဘက်မျှဖို့ အရေးကြီးပါ တယ် ..... ပါတီစွဲ ထားတာနဲ့ ဝေဖန်တာနဲ့ မတူပါဘူး..... အခုလက်ရှိက နှစ်ဖက်စလုံးမှာ ပုတ်ခတ်တာတွေ များနေကြတယ်.....
ဒေါ်စုစကားမှားလို့ ၀ိုင်းပီး ပြစ်တင်ဝေဖန်ကြတာကို ဒါလေးမှားတာ မဝေဖန်သင့်ဘူးလို့ ပြောလာ ကြတယ် ..... ဒေါ်စုကိုယ်တိုင် သူ့ကို ဝေဖန်ဖို့ လမ်းခင်းပေးထားတာမယ် ဘာကြောင့်များ ကျန်တဲ့လူတွေဟာ ဆတ် ဆတ်ထိမခံ ဖြစ်နေကြသလဲ စဉ်းစားစရာ ဖြစ်နေပါတယ်.... စကားပုံတစ်ခု ရှိပါတယ် လောကကြီးမှာ အမှားမလုပ်ဘူးတဲ့သူဟာ အလုပ်ကြီး အကိုင်ကြီးကို လက်တွေ့မလုပ်ဘူးသူတဲ့.......
ဒေါ်စုလည်း လူပဲဖြစ်တဲ့အတွက် မှားမှာပဲ ဖြစ်ပါတယ်.... အဲ့ဒိအတွက် ဝေဖန်တာကို ခံရမှာကလည်း ဓမ္မ တာပါပဲ... ဝေဖန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်က ပုတ်ခတ်တာတွေလည်း ကြုံရမယ်ဆိုတာ လောကဓံ တ ရားတွေထဲက တစ်ခုပါပဲ.... ဒါတွေကို ဒေါ်စုအနေနဲ့ ခံနိုင်ရည်ရှိပြီး ရင့်ကျက်နေပေမယ့် ဒေါ်စုဦးဆောင် မှုနောက်ကို လိုက်မယ့်လူတွေ အဆင်သင့်ဖြစ်ပီလား မေးစရာရှိပါတယ်.....
ဒီပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားနဲ့ NLD ထောက်ခံ သူများ၊ ဒေါ်စု ဦးဆောင်မှုနောက် လိုက်မယ့်သူများ ဆိုတဲ့ ဆင်ကြီးဟာ ကိုယ့်ကို အခတ်ခံရမယ့် ကျုံးကို ကိုယ့်ဟာကိုယ် ဦးတည်သွားနေတယ်လို့ မြင်ပါတယ်...... ဟုတ်ကဲ့ ကျွန်တော် James ပါ လွတ်လပ်စွာ ဆဲရေးကြ ပါကုန်.....
James Mint
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။