Pages

Saturday, November 10, 2012

“““ စည်း မစောင့်တဲ့ မယ် သီတာ”””

ရာမ ဇာတ်တော်ထဲမှာ ရွှေသမင်လိုချင်လို့ ရာမမင်းသားကို သီတာဒေ၀ီမင်းသမီးက အဖမ်းခိုင်းခဲ့တယ်။ ရာမ မင်းသား မှာ ဘေးအန္တရာယ်ကျနေသယောင် ဥပါယ်တစ်မျှင်နဲ့ အသံပြု တော့ ညီတော် လက္ခဏာမင်း သား ကို ရာမမင်းသားနောက် လိုက်ခိုင်းခဲ့တယ်။

ညီတော် လက္ခဏာမင်းသားက နောင်တော် ရာမမင်းသားရဲ့ အသံ မဟုတ်ကြောင်း ပြောပေမဲ့ စိုးရိမ် ပူပန် တဲ့ သီတာဒေ၀ီ မင်းသမီးက ရာမမင်းသားနောက်ကို လိုက်ခိုင်းချိန်မှာ ငြင်းဆန်မရတဲ့ လက္ခဏာမင်းသားက သီတာဒေ၀ီ မင်းသမီးအတွက် စည်းသုံးတန် တားခဲ့ပါတယ်။

မည်သည့်အကြောင်းနဲ့မှ ဒီစည်းသုံးတန်ကို မကျော်ပါနဲ့လို့ အတန်တန် တားခဲ့ပေမယ့် စည်းကျော်ခဲ့တဲ့ မယ် သီတာဟာ သူတော်စင်ယောင်ဆောင်ပြီး အလှုခံတဲ့ ဒဿဂီရိ နောက်ကို ပါသွားခဲ့ရတယ်။ မယ်သီတာကို အကြောင်းပြုပြီး ရာမမင်းသားနဲ့ ဒဿဂီရိ နှစ်ပြည်ထောင် စစ်ခင်းခဲ့ရတယ်။ နှစ်ဖက်ရဲမက်တွေ အသက်ပေး ခဲ့ရတယ်။

မြန်မာနိုင်ငံမှာ နယ်မြေခြင်းထိစပ်တဲ့ နိုင်ငံ ၅ နိုင်ငံရှိပါတယ်။ လူဦးရေပေါက်ကွဲတဲ့ နိုင်ငံတွေ က လူမျိုး စုတွေ ဟာ နယ်နမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံဖက်ကို စိမ့်ဝင်လာတာ မလွဲမသေ ကြုံရမှာ ဖြစ်သလို လူမျိုးခြင်း သွေးနှောတဲ့ အဖြစ်တွေလည်း မရှောင်နိုင်အောင် ကြုံရမှာပါ။ဒါကြောင့် မြန်မာနိုင်ငံ မှာ မူလနိုင် ငံသားဆိုတဲ့ သတ်မှတ်ချက်ကို ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာ နိုင်ငံမှာ နေထိုင်ခဲ့သော လူမျိုးများကို တိုင်းရင်း သားမူလနိုင်ငံသားများ လို့ သတ်မှတ်ခဲ့ပါတယ်။

၁၈၂၃ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို အင်္ဂလိပ်က သိမ်းပိုက်ပြီးနောက်ပိုင်း လူမျိုးခြားများ စတင် ၀င်ရောက် အခြေချ နေထိုင်လာကြလို့ ၁၉၄၇ မှာ နိုင်ငံသားဥပဒေကို အသစ်ပြဋ္ဌါန်းခဲ့တယ်။ ဒါကလည်း အင်္ဂလိပ် အစိုး ရ ရဲ့ အာဘော်တွေနဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေဆိုတာ ပြဋ္ဌါန်းခဲ့ပါတယ်၆. ၁၁. ၁၂ နေ့ အမျိုးသား လွှတ်တော် မှာ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်က အဆိုရှင် ဦးတင်မြက အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။

“ မြန်မာနိုင်ငံတွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေသည် သေချာ လေ့လာကြည့်ရင်အားနည်းချက် တွေတွေ့ ရ ပါတယ်။ ပိုမိုခိုင်မာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသစ်ပြန်ရေးဆွဲဖို့ အဆိုကိုတင်သွင်းပါတယ် ။ နိုင်ငံ သားဖြစ် ခွင့်ကို မိခင်၊ ဖခင်၊ ဒေသ ကို အဓိကထား ရေးဆွဲခဲ့တာ ဖြစ် ပါတယ်။ နိုင်ငံသားဖြစ် ခွင့် မှာ နိုင် ငံခြား သားတွေ အနေကြာ လာရင် နိုင်ငံ သား ဖြစ် ခွင့်အ ရ နိုင် ငံသားဖြစ်သွားမယ်။ ဒီမို ကရေ စီ ကျင့် သုံးပြီး ဈေးကွက်စီးပွားရေးစနစ် အရ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို ရောက်လာတော့မယ်။ ဒီအခါ အ ထူး သဖြင့် အမျိုးသမီးတွေနဲ့ သွေးနှောခြင်းကို မလွဲမသေ ကြုံရတော့မှာ ဖြစ်လို့ အမျိုးသားရေး စိတ် ဓါတ်နဲ့ အရင်းမရှုံးစေချင် လို့ ၁၉၈၂ နိုင်ငံ သားဖြစ်ခွင့် ဥပဒေကို ခိုင် မာအောင် ပြင်ဆင် ဖြည့် စွက် ရေး ဆွဲသင့်ကြောင်း အဆိုပြုတင်ပြပါတယ်”

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသနဲ့ မြောက်ဖက်ပိုင်းဒေသ တွေမှာ သွေးနှောမှုတွေ ကြုံနေခဲ့တဲ့ အပြင် တိုင်းရင်းသားမိဘ တစ်ဦးနဲ့ နိုင်ငံခြားသား မိဘတစ်ဦး က မွေးဖွား လာရင် နိုင်ငံ သားဖြစ်ခွင့် အရ နိုင်ငံ သားအဖြစ်လျှောက်ထားနိုင်တယ်။ ဒီနေရာမှာ အဓိက မြန်မာတွေ အရင်းရှုံးတော့တာပါပဲ။ မြန်မာ အမျိုး သမီးတွေသာမက မြန်မာအမျိုးသားတွေလည်းအရင်း မရှုံးအောင် စည်းစောင့်ကြပါ။ လူမျိုးခြား သွေးနှော တာ များလာရင် မျိုးမစစ်တော့ မျိုးမချစ်တော့ပါဘူး။ အမျိုးမှ မချစ်ရင် နိုင်ငံတော်ကို မချစ်တော့ပါဘူး။ နိုင် ငံတော်ကိုမှ မချစ်ရင် နိုင်ငံတော် သစ္စာကို စောင့်သိရိုသေမှု မရှိတော့ပဲ အရာရာ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးနဲ့ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားများသာ ဖြစ်လာကြပါလိမ့်မယ်။ အများအကျိုး သယ်ပိုးလို စိတ်မရှိခြင်း၊ ကိုယ်ချင်းစာတရားများ ခေါင်းပါးခြင်း၊ မိသားစုနှင့်အမျိုး၏ အကျိုးကို မလိုလားခြင်း တစ် ကိုယ်ကောင်းစိတ်ဓါတ် ရှိခြင်း စသည့် အကျိုးတရားများသာ ဖြစ်ထွန်းပြီး မြန်မာ့လူ့ဘောင်လောက ပျက်စီး သွားစေပါလိမ့်မယ်။

ဒါကြောင့် မြန်မာ အမျိုးသမီး အမျိုး သား များ စည်းစောင့်ကြပါ။ စည်းမစောင့်ရင် မယ်သီတာလို ဒဿဂီ ရိနောက် လိုက်ကြရပါလိမ့်မယ်။

May Myanmar

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: