Pages

Friday, November 23, 2012

“““ အစိမ်းရောင် စီးပွားရေး သို့ တက်လှမ်းချိန် ”””

မျက်မှောက် ကာလတွင် လူသားများ နေထိုင်ရာ ဝန်းကျင်၌ ရေမြေ သဘာဝ ရာသီဥတု ပြောင်းလဲလျက် ရှိ သည်။ သစ်တော ပြုန်းတီးမှုနှင့် လေထု ညစ်ညမ်းမှု များမှအစ သဘာဝ ဝန်းကျင် ယိုယွင်း ပျက်စီးနေပြီး က မ္ဘာ တစ်ဝန်း၌ လေဘေး၊ ရေဘေး၊ ငလျင်ဘေး စသည့် သဘာဝ ဘေးအန္တရာယ်များ စဉ်ဆက် မပြတ် ဖြစ်ေ ပ်ါနေသည်။

အကြောင်းခံ ဇာစ်မြစ်မှာ သဘာဝ သယံဇာတ များကို လိုအပ်သည်ထက် ပိုမိုထုတ်ယူ သုံးစွဲကြ၍ ဈေးေ ကာ င်း ရရန် အလုအယက် ထုတ်လုပ်ရောင်းချ ကြခြင်းကြောင့် လေထုတွင် ကာဗွန် များလာပြီး တစ်စ တစ် စ ယိုယွင်း လာရာမှ သဘာဝ ဘေး အန္တရာယ်များ ရာသီမရွေး၊ အချိန်အခါ မရွေး ဖြစ်ပေါ် လာ ရခြင်း ဖြစ်သည်။ ဤသို့သော ဖြစ် စဉ်ဖြစ်ရပ် များကြောင့် သဘာဝ ဘေး အန္တရာယ်ကို လျှော့ချနိုင်ရေး ကြံ စည်ကြိုးစား လာကြသည်။ ယိုယွင်း ပျက်စီးနေသည့် သဘာဝ ပတ်ဝန်းကျင်ကို ပြုပြင်နိုင်ရန် တီထွင် ကြံဆ နည်းလမ်း ရှာဖွေကြရာ အစိမ်းရောင် စီးပွားရေး လမ်းစကို တွေ့မြင်ကြပြီး ကမ္ဘာတစ်ဝန်း အရှိန် အဟုန်မြှင့် လုပ်ကိုင် နေကြပြီ ဖြစ်သည်။ အချို့ နိုင်ငံ များတွင် အစိမ်းရောင် နည်းပညာဖြင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး လျက် ရှိသည်။

အစိမ်းရောင် စီးပွားရေး ဟူသည် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိနိုင်ဘဲ ပြည်သူအများ လူမှုစီးပွား စဉ်ဆက် မပြတ် ဖွံ့ဖြိုးစေသည့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ကို ပြန် လည် ပြည့်ဖြိုးမြဲ စွမ်းအင်၊ ဆောက်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ရေစီမံ ခန့်ခွဲရေး၊ အလေအလွင့် စီမံ ခန့် ခွဲရေးနှင့် မြေစီမံ ခန့်ခွဲရေး ကဏ္ဍ ခြောက်ခုတွင် အခြေခံကာ လုပ်ဆောင် နေကြပြီ ဖြစ်သည်။

သာဓက အားဖြင့် ထုတ်ကုန် လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ရုပ်ကြွင်း လောင်စာဆီများ အ စား ရေ ၊ လေ၊ နေ စသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ သုံးစွဲ ကြခြင်းနှင့် ဇီဝလောင်စာ၊ ဇီဝဓာတု၊ သ ဘာဝ ဓာတ်ငွေ့များ သုံးစွဲ ကြခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်း များတွင်လည်း ဓာတ်မြေသြဇာ၊ ပိုး သတ် ဆေး မသုံးစွဲဘဲ သဘာဝ မြေသြဇာ သုံးစွဲခြင်း၊ သစ်တော ပြုန်းတီးမှုမှ ကာကွယ်ခြင်း၊ မြို့ပြပန်းခြံ ဥ ယျာဉ် တည်ဆောက်ခြင်း၊ သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းများ ဖော်ဆောင်ခြင်း စသည်တို့သည် အ စိမ်းရောင် စီးပွားရေး လုပ်ငန်းများပင် ဖြစ်သည်။

အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ် (GEGG Forum) အမျိုးသား အဆင့် ဖိုရမ် ကြီးကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ဒုတိယ အကြိမ်မြောက် အောင်မြင်စွာ ကျင်း ပ နိုင် ခဲ့သည်။ ယခုအခါ မြန်မာ နိုင်ငံသည် ပြည်ပ နိုင်ငံများနှင့် စီးပွားရေး အရ ကူးလူး ဆက်ဆံမှု အများ အပြား ရှိလာပြီ ဖြစ်ရာ အစိမ်းရောင် စီးပွားရေး မှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရရှိရန် ရှေး ရှု ဆောင်ရွက် သွားရ မည် ဖြစ်သည်။ မြန်မာ နိုင်ငံ၌ အစိမ်းရောင် စီးပွားရေး လုပ်ကိုင်ရန်  အခြေခံကောင်း များစွာ တည်ရှိပြီး အခြေ အနေ ကောင်းများလည်း ဖြစ်တည်လျက် ရှိရာ စီးပွားရေး လုပ်ငန်းရှင်များ ၊ ပြည် သူ အများ၏ ညီညွတ်သော ကြိုးပမ်း အားထုတ်မှု စွမ်းအားဖြင့် အစိမ်းရောင် စီးပွားရေးသို့ တက်လှမ်း ကြရ မည် ဖြစ်ကြောင်း နှိုးဆော် ရေးသား လိုက်ရပါသည်။
MWD

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အစိမ်းရောင် စီးပွားရေး သို့ တက်လှမ်းချိန် ”””

Labels:

0 comments: