Pages

Friday, November 23, 2012

“““ သူတို့ လည်း မသင့် တော် ပါဘူးဗျာ ”””

(လူမျိုး၊ ဘာသာ

မြန်မာလူမျိုးဟာ တိုက်ပုံဝတ်ရပါမယ်။ တရုတ်လူမျိုး က တရုတ်အင်္ကျီ ပွပွ ၀တ်ရပါမယ်။ အိန္ဒိယလူမျိုးက ဆာ ရီလို အ၀တ်ပိုင်းနဲ့ ခေါင်းပေါင်းနဲ့ ၀တ်ရပါမယ်။သည်လိုနဲ့ အ၀တ်အထည် ဟာ လူမျိုးရဲ့ အသုံးအေ ဆာ င် အဆင့် ဖြစ်လာပါတယ်။ ကိုယ့်ဒေသနဲ့ လိုက်ဖက် သင့်တော်တဲ့ အ၀တ်တွေဝတ်ရင်း အ၀တ်အ ထည် က လူမျိုးဖြစ်ခြင်းရဲ့ သင်္ကေတဖြစ်လာပါတယ်။ဘာသာရေး အရလည်း ဗုဒ္ဓဘာသာဝင် ဘုန်းကြီးဝတ် ရုံ (စုံ)၊ အစ္စလာမ်ဘာသာဝင် ဗလီဆရာဝတ်ရုံ (စုံ)၊ ခရစ်ယာန် ဘာသာဝင် သင်းအုပ် ဆရာဝတ်ရုံ (စုံ)၊ ဟိန္ဒူ ဘာသာဝင် ဆာဒူးကြီးဝတ်ရုံ (စုံ)ရယ်လို့ သီးသန့်ဝတ်စုံ တွေ ပေါ်လာပါတယ်။

အဆင့်အတန်း

တိုက်ပုံဝတ်ထားတဲ့လူကို လူကြီးလူကောင်းလို့ ယေဘုယျ သတ်မှတ်ကြပါတယ်။ ကော်လံကတုံးနဲ့ဆို ပို လို့လေးစားအပ်တဲ့ ပုဂ္ဂိုလ်အဖြစ် မြင်တတ်ကြပါတယ်။ ခေါင်းပေါင်းနဲ့ဆို ပြောဖွယ်ရာမရှိတော့ပါဘူး။ အလို လို ကြည်ညိုစိတ်တွေ ပေါ်လာပါတယ်။ အဲ့ဒီဝတ်စုံတွေကိုမှ ရာထူးအဆင့်အတန်း ခွဲခြားနိုင်ဖို့ အရောင်တွေ သတ်မှတ်ကြပြန်ပါတယ်။ ထမီ အနီဝတ် သူနာပြု၊ အစိမ်းဝတ် သူနာပြု၊ အပြာဝတ် သူနာပြုရယ် ရာထူးအ လိုက် ခွဲခြားဝတ်ဆင်ကြပြန်ပါတယ်။

အဖွဲ့အစည်း

သည်လိုနဲ့ ကိုယ့်အဖွဲ့အစည်းကလူ၊ သူ့အဖွဲ့အစည်းကလူဆိုပြီး ခွဲခြားသိမြင်နိုင်ဖို့၊ အ၀တ်အထည်ကို ၀တ် စုံ၊ အဖွဲ့အစည်းရဲ့ ၀တ်စုံ ယူနီဖောင်း အဖြစ် ချဲ့ထွင်ဝတ်ဆင်လာကြပါ တယ်။အာ ဆင်နယ် အသင်းက ၀တ် တဲ့ ယူနီဖောင်း၊ မန်ချက်စတာယူနိုက်တက်က၀တ်တဲ့ ယူနီဖောင်း၊ ချယ်လ်ဆီး အသင်း က၀တ်တဲ့ ယူ နီဖောင်း ဆိုပြီး သီးသီးသန့်သန့် ပေါ်ထွက်လာပါတယ်။

ထို့အတူ ကုမ္ပဏီတွေကလည်း သူ့ဝန်ထမ်းကို သူတို့သတ်မှတ်ပေးတဲ့ ယူနီဖောင်းနဲ့ လုပ်ငန်းခွင်ဝင်စေ ပါတ ယ်။ မြန်မာ့စီးပွားရေးဘဏ်က ယူနီဖောင်း၊ကမ္ဘောဇဘဏ်ကယူနီဖောင်း၊ MAI ယူနီဖောင်း၊ အကောက်ခွန် က ယူနီဖောင်း . . . )

ယူနီဖောင်းဆိုတဲ့  ဖွင့် ဆိုပုံကို မြန်မာနိုင်ငံကတချို့ လူတွေ မသိသေးဘူးထင်ပ။ စစ်သား ၀တ်တဲ့ အ ၀တ် အစားမှ ယူနီဖောင်း ဆိုရင်တော့  စကားက ထပ်ပြောစရာ မလိုတော့ ဘူးပေါ့ ။

အထက်အောက်ဆင်တူဖြစ်စေ အဖွဲ့ အစည်းအတွက်သတ်မှတ်ထားတဲ့  စံပုံစံအတိုင်း ၀တ်ဆင်ထား ရင်ဖြ စ်ေ စ ယူနီ=Uni လို  သတ်မှတ် တာမဟုတ်လား............။

ဒါဆို စစ် ယူနီဖောင်း နဲ့ ကတာမသင့် တော်ပါဘူး ဆိုတာမျိုး က...........

ကျောင်းသူ/သားတွေ ကထိန်မှာ ဒိုးပတ်တီးတာ ကျောင်းယူနီဖောင်းနဲ့ ..........။
မြန်မာဘောလုံးအသင်းကို ကွင်းဘေးကအားပေးနေတာ အားကစားယူနီဖောင်းနဲ့ ......။
သင်္ကြန်မှာ ယိမ်းသမတွေ ကနေတာ ရိုးရာဝတ်စုံယူနီဖောင်းနဲ့ ..........။

သူတို့ လည်း မသင့် တော်ပါဘူးဗျာ ..............။

မှတ်ချက် -(   ) အတွင်းမှ စာများသည် eleven မှ ကိုးကားထားပါသည် .....

ပုံရိပ်စစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: