Pages

Saturday, November 17, 2012

“““ အစ္စရေး - ပါလက်စတိုင်း ပြဿနာ အကြောင်း တစေ့တစောင်း ”””

စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သုတေ သီတွေ၊ ပဋ္ဋိပက္ခဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေအတွက် အစ္စရေး- ပါလက်စတိုင်းကြား က ပြဿ နာတွေ ဟာ လေ့လာလို့မကုန်နိုင်တဲ့ ပညာသိုက်ကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀ င် နို င် ငံတကာအဖွဲ့အစည်းတွေ အတွက် ကလဲ ဒီပြဿနာဟာ ခေါင်းခဲစရာ ဖြစ်နေတတ်တယ်။ ဒီပြဿနာ အပေါ် မှာ ချဉ်းကပ် အဖြေရှာနည်းတွေ အများအပြားပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန် ထိတော့ ပြဿနာ ဟာ မပြေ လည်နိုင်သေးပါဘူး။ ပါလက်စတိုင်း ပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေ အများ အပြား လည်း သေကြေပျက်စီး ခဲ့ပြီးပါပြီ။ မီဒီယာအကြမ်းဖက်မှု (Media Terrorism) လို့ခေါ်တဲ့ ပဋ္ဋိပက္ခပြဿ နာ ကို ကမ္ဘာသူကမ္ဘာသားတွေ မီဒီယာကတဆင့် အာရုံစိုက်မှု ဖြစ်လာစေအောင် ပြု လုပ်တဲ့ လေယာဉ်ပြန်ပေး ဆွဲမှုတွေ၊ လူစည်ကားရာ နေရာတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေ၊ ပြည်သူအများ သွားလာ လှုပ် ရှားရာနေရာတွေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေပါ တွဲစပ်လာတာ ကြောင့် ပဋ္ဋိပက္ခဖြစ်နေတဲ့ ဘက်နှစ် ဘက် က ပြည်သူတွေရဲ့ လုံခြုံရေးကို သာမက ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက် လာ တာတွေ ရှိနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အသွင် သဏ္ဍာန်အမျိုး မျိုး နဲ့ ဖြစ် ပွားခဲ့ပါတယ်။ နှစ်ဘက်စစ်တပ် အကြားဖြစ်ပွားတဲ့ regular warfare အသွင်ဆောင်တဲ့ စစ်ပွဲတွေ ၊ ပြည်တွင်းစစ် (Civil War ) တွေ၊ လက်နက်ကိုင် တော်လှန်ရေးစစ်ပွဲ (Guerrilla warfare) တွေ၊ အကြမ်း ဖက်တိုက်ခိုက်မှု (Terrorism) တွေသာမက political violence တွေ၊ Civil disobedience တွေ၊ proxy war တွေအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာတွေရဲ့ သမိုင်းနောက်ခံ အချက်လေးတွေရယ်၊ အခု အစ္စရေး တို့ ချေမှုန်းနေတဲ့ Hamas အဖွဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ပါလက်စတိုင်းအာရပ်များသဘောထား

၁၉၂၀နဲ့ ၁၉၂၉ ခုနှစ်တို့မှာ ဂျူးတွေကို တိုက်ခိုက်တဲ့ အာရပ် အရေး အခင်းတွေ အချို့သောအာရပ် မြို့ ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေး အခင်းကို ဦးဆောင်သူများ ကတော့ ပါလက်စတိုင်း အာရပ်များပါပဲ။ သူတို့က ဂျူးတွေကို ကျူးကျော်သူတွေလို့ ယူဆကြပါတယ်။ ဂျေရူဆလင် မှာရှိတဲ့ မွတ်စလင်တွေရဲ့ ဘာ သာရေးအခွင့်အရေးတွေကို ၀င်ရောက် စွက်ဖက်ဖို့ အာရပ်ပြည်ထဲ ရောက်လာတယ်လို့ တွက်ဆကြပါ တယ်။ ဒီအရေးအခင်းတွေမှာ ဟီဘရွန်က ဂျူးလူ့အဖွဲ့အစည်းရယ်၊ Zionist တွေရယ် အများ အပြား လုပ် ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉၃၆ ကျတော့ ဒီအရေးအခင်းတွေဟာ ကျေးလက်ဒေ သတွေအ ထိ ပြန့်နှံ့ သွားပါပြီ။

ဒီအရေးအခင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့ အာရပ်ဒေသကို ဂျူးတွေ ပြောင်းရွှေ့ နေရာချမှု ပေါ်လစီအပေါ်မှာ များစွာ သက်ရောက်မှု ရှိခဲ့ပါတယ်။

အဲဒီအချိန်ဟာ ကမ္ဘာစစ်အရိပ်အယောင်တွေလဲ သန်းနေချိန်ဖြစ်လေတော့ ဗြိတိသျှတို့ အနေနဲ့က ဂျူးတွေ ရဲ့ အကျိုးထက် အာရပ်တွေရဲ့ ဆန္ဒကို ဦးစားပေးရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗြိတိသျှ တို့ က ဂျူးတွေရဲ့ ပြောင်းရွှေ့နေရာချထားမှုနှုန်းကို လျှော့ချခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ
ဒုတိယကမ္ဘာစစ်ပြီးကာလရောက်တော့ ပါလက်စတိုင်းအာရပ်နယ်မြေမှာ ဂျူးအကြမ်းဖက် အဖွဲ့တွေ၊ Irgun and the stern ဆိုတဲ့ ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့တွေက မြို့ပြတိုက်ပွဲ အသွင်သဏ္ဍာန်ကို ယူပြီး၊ ဗြိတိသျှ mandatory အစိုးရကို တိုက်ရိုက် တိုက်ခိုက်မှုတွေ ပြုလာပါတယ်။ ဒီအဖွဲ့တွေရဲ့ သူတို့ကို အားပေးထောက်ခံသူတွေက ပါလက်စတိုင်း နယ်မြေကနေ ဗြိတိသျှတွေကို မောင်းထုတ်ဖို့နဲ့ ဂျူးနိုင်ငံ တည်ထောင် မှုကို ဆန့်ကျင်နိုင်ဖို့ အကြမ်းဖက်အသွင်ဆောင်တဲ့ အဆုံးအဖြတ် တိုက်ပွဲတွေ နွှဲရမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ထည့်မတွက်လိုက်တာ တချက်က သူတို့ မတော်လှန်လဲ ဗြိတိ သျှ တွေက ထွက်တော့မယ် ဆိုတာပါပဲ။ ဗြိတိသျှတွေအနေနဲ့ အိန္ဒိယကို လွတ်လပ်ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အရှေ့ အလယ်ပိုင်း ဒေသကို ဆက်လက်ထိန်းချုပ်ထားဖို့အ တွက် ဗြိတိသျှ အစိုးရ မှာ မဟာ ဗျူဟာကျတဲ့ အကြောင်းပြချက် (strategic reason) မရှိတော့ပါဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းခဲ့တာဟာလဲ မြန်မာပြည်ရဲ့ သယံဇာတဆိုတာထက် တည်နေရာ အနေ အထားကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတခုပါ။ ဒါကြောင့်လဲ အိန္ဒိယလက်အောက်ခံ နယ်တနယ်အနေနဲ့ပဲ သတ်မှတ် အုပ်ချုပ်ခဲ့ ကြတာပါ။ မြန်မာထဲက မြို့ပြ အုပ် ချုပ်ရေး ၀န်ထမ်းတွေကိုတောင် အိန္ဒိယရဲ့ အိုင်စီအက်စ်စာမေးပွဲ အဆင့်လောက်ပဲ ဖြေခိုင်းပြီး၊ အထက်မှာ အိန္ဒိယလူမျိုးတွေနဲ့ ဗြိတိသျှလူမျိုးတွေက ဦးဆောင်အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယကို လက်လွှတ်ဖို့ ဆုံးဖြတ် တဲ့ အခါမှာ မြန်မာပြည်ဟာ ဗြိတိသျှတွေအတွက် strategic interest မဟုတ်တော့သလို၊ ဆက်လက် ချုပ် ကိုင်ထားဖို့ strategic reason မရှိခဲ့တော့ပါဘူး။

ဒါကြောင့်လဲ ဗိုလ်ချုပ် တို့က နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ဆက်တိုက်ခဲ့ကြတာပါ။ “ရရင်ရ၊ မရရင်ချ” ဆိုပေ မယ့် အဲဒီအချိန်မှာ ဗြိတိသျှတို့အနေနဲ့ ပေးဖို့က အဆင်သင့် ရှိနေ ခဲ့ကြပါပြီ။ တခါတရံမှာ ရန်သူဘက်က အခြေအနေ ပျော့ပျောင်းနေရင် နိုင်ငံရေး တိုက်ပွဲအသွင်နဲ့ပဲ ရည်မှန်းချက် အောင်မြင်နိုင်ပါတယ်။ ရန်သူ ဘက်က တင်းမာနေ ရင်တော့ တိုက်ပွဲ သဏ္ဍာန်လဲ ပြင်းထန်တိကျဖို့လိုပါတယ်။ တင်းနေတဲ့ ရန်သူကို စစ်ရေး စီမံချက်မလိုပဲ နိုင်ငံရေး တိုက်ပွဲပဲ လုပ်မယ်ဆိုရင်တော့ ရန်သူက ဂုပ်ခွစီးသွားမှာ အသေအချာပါပဲ။

ဒီလိုနဲ့ Middle East Bases တွေကို တောင်အာရှနဲ့ အရှေ့ တောင်အာရှက ဗြိတိသျှ ကိုလိုနီနယ်မြေတွေ အတွက် ပေါင်းကူးတံတား သဖွယ် သတ်မှတ်ခဲ့တဲ့ ဗြိတိသျှအစိုးရဟာ ဒီနယ်မြေတွေကို စွန့်ခွာမယ်လဲ ဆုံးဖြတ်လိုက်ရော၊ အရှေ့အလယ်ပိုင်းဒေသကို ထိန်းချုပ်ထားမှုကို ရပ်စဲလိုက်ပါတော့တယ်။ ၁၉၄၇ နိုဝင် ဘာရောက်တော့ UN resolution တခုထွက်လာတယ်။ အဲဒီမှာ ပါလက်စတိုင်းတွေကို ကိုယ်ပိုင်နိုင် ငံ တည်ထောင်ခွင့်ပြုထားပေမယ့် ပါလက်စတိုင်းတွေက ဒါကိုငြင်းပယ် လိုက်တယ်။ တကယ်တော့ ဒါ ဟာ ပြဿ နာတွေအားလုံးရဲ့ အစလို့ပဲ ဆိုရပါတော့မယ်။ သူတို့ ဒီလိုငြင်းပယ်လိုက်တာကြောင့် ပါလက် စတိုင်း နိုင်ငံ ဖြစ်တည်ခဲ့ရမယ့် နယ်မြေဒေသ တွေဟာ ဂျော်ဒန်ရဲ့ အစိတ်အပိုင်း တခု ဖြစ်သွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံ ပေါ်ပေါက်လာတော့ အာရပ် အိမ်နီးချင်းတွေက လက် မခံ ခဲ့ကြပါဘူး။ စစ်ပွဲတွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့သလို၊ အီဂျစ်နဲ့ ဂျော်ဒန်စစ်တပ် တွေက အားပေးထောက် ခံတဲ့ fidayin လို့ခေါ်တဲ့ အဖွဲ့တဖွဲ့က အစပျိုးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ ဟာ နောင်နှ စ်ပေါင်း များစွာ အကြာ ၁၉၇၀၊ ၁၉၈၀ ကာလတွေမှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုတွေ ရဲ့ ရှေ့ပြေးတခုပါပဲ။

ခြောက်ရက်ကြာစစ်ပွဲနောက်ပိုင်းကာလ

၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အဆုံးသတ် အဖြေကတော့ အစ္စရေးတို့ အနိုင်ရခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒေသမှာတော့ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးတဲ့ မဟာ ဗျူဟာ အပြောင်းအလဲတရပ်ပါပဲ။ ဒီစစ်ပွဲမတိုင်ခင်က နိုင်ငံနယ်မြေ သေးကွေးလွန်းတဲ့ အစ္စရေးနိုင်ငံ ကို ရေ ရှည်တည်တံ့ ခိုင်မြဲမှာ မဟုတ်ပါဘူးလို့ အာရပ်တို့က လျှော့တွက်ခဲ့ကြတယ်။ ဒီစစ်ပွဲလဲပြီးရော၊ ပါလက်စ တို င်းနိုင် ငံအဖြစ် တည်ရှိခဲ့ရမယ့် နယ်မြေဒေသအားလုံးဟာ အစ္စရေး ထိန်းချုပ်မှု အောက် ကို ရောက် သွား ခဲ့ပါပြီ။ အာရပ်တိုင်းပြည်တွေကတော့ အစ္စရေးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မလုပ်ပါဘူးလို့ ကြေငြာ ခဲ့ကြတယ်။ ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ က အစ္စရေးဘက်ကို အလေးသာသွားခဲ့နေပြီ။ ဒါကြောင့် လဲ ဂျူးလူမျိုးများရဲ့ အခြေစိုက် နေထိုင်မှုတွေကို အလျင်အမြန်ပြုလုပ်ပါတော့တယ်။ ဂျူးလူ မျိုးတွေ ဟာ ဂျေရူဆလင် မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေသာမက၊ ဂျူးအခြေစိုက် နယ်မြေတွေ နဲ့ ဝေး ကွာတဲ့ အာရပ်မြို့တွေ၊ ကျေးရွာတွေအထိ ပျံ့နှံ့ ရောက်ရှိသွားခဲ့ကြပါတယ်။ အစ္စရေး- ပါလက်စတိုင်း မီး ပွား ကတော့ တော်တော်ကြီးသွားခဲ့ပါတယ်။ ပြဿနာမီးပွား ရှည်ကြာ လာလေလေ၊ ဖြေရှင်းနိုင်မယ့် နည်း လမ်းတွေဟာ ခက်ခဲရှုပ်ထွေးလာလေလေပါပဲ။

Fatah နဲ့ PLO

၁၉၆၀ အစောပိုင်းနှစ်များမှာ ကိုင်ရိုမှာ ပညာသင်ကြားနေကြတဲ့ ပါလက် စတိုင်း လူမျိုးတချို့ဟာ Fatah ဆို တဲ့ အုပ်စုတခုကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ထင်ရှားသူတယောက်ကတော့ နောင်တချိန် ပါ လက်စတိုင်း ခေါင်းဆောင်တဦး ဖြစ်လာမယ့် ရာဇာအာရဖတ်ပါ။ သိပ်မကြာခင်မှာပဲ ၁၉၆၄ ခုမှာ Palestine Liberation Organization (PLO) လို့ခေါ်တဲ့ အဖွဲ့တခုကလဲ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကို ပြန့်ကျဲနေ တဲ့ ပါလက်စတိုင်းအဖွဲ့တွေအကြား ညီညွတ်မှုတည်ဆောက်ပြီး၊ တိုက်ပွဲဝင် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ်နိုင်ငံများက ကြိုးကိုင် ဖွဲ့စည်းပေးခဲ့ပါတယ်။ တော်လှန်ရေး တခုမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်ရေး လှုပ် ရှားမှုတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့တွေ ပျံ့ကျဲနေလို့ကတော့ ရန်သူက အချိန်မရွေး ချေမှုန်းသွားနိုင်ပါတယ်။ မချေ မှုန်းရင်တောင် ရန်သူက အလေးထားပြီး စာရင်းထဲ ထည့်မတွက်ပါဘူး။ တိုက်ပွဲဝင် မဟာဗျူဟာ၊ နည်း ဗျူဟာတွေအားလုံးကို strategic Doctrine တခုတည်းမှာပဲ အခြေတည် ချနိုင်ဖို့ အတွက် တိုက် ပွဲ ၀င်တပ်ပေါင်းစုကြီးတခု လိုအပ် ပါတယ်။ ဒီလိုမရှိရင် တယောက် တပေါက်နဲ့ ရန်သူကို ထိုးစစ် မဆင်နိုင် ပါဘူး။ ခံစစ်ကိုတောင် အတုန်းအရုန်းနဲ့ ခံကြရတဲ့ အခြေ အနေဖြစ်သွားတတ်ပါတယ်။

ရာဇာအာရဖတ်တို့ရဲ့ Fatah အဖွဲ့ဟာ အခြေအနေရဲ့လိုအပ်ချက်နဲ့အညီ ပီအယ်လ်အို အဖွဲ့မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ မခွဲခြားပဲ တပ်ပေါင်းစု ပီအယ်လ်အိုရဲ့ လုပ်ငန်းဆောင်တာတွေ အား လုံးကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ ကြပါတယ်။ ဒီလိုလုပ်ဆောင်တာကို တခြားအဖွဲ့တွေကလည်း သူ တို့မိခင်အဖွဲ့တွေ နာမည်မထွက်မှာ စိုးရိမ်စိတ်နဲ့ ၀ိုင်းဝန်းပိတ်ဆို့ခြင်း မရှိခဲ့ပါဘူး။ ဦးဆောင်နိုင်သူတွေက တက်တက်ကြွကြွ ဦးဆောင်လာတာကို တက်တက်ကြွကြွပဲ ပူးပေါင်း အကောင်အထည် ဖော်ခဲ့ကြပါတယ်။

အစကနဦး မဟာဗျူဟာကတော့ West Bank နဲ့ ဂါဇာ ကမ်းမြောင်ဒေသမှာ လက်ကိုင်ကိုင် တော် လှန်ရေး လုပ်ဖို့ ရည်ရွယ် ခဲ့ကြ ပါတယ်။ ဒါပေမယ့် ဒီမဟာဗျူဟာ ဟာ ဖြစ်နိုင်ချေ မရှိတဲ့ မဟာဗျူဟာပါ။ West Bank ဟာ လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဖန်တီးနိုင်မယ့် အခြေခံဒေသ လိုအပ်ချက်နဲ့ မကိုက်ညီ ပါဘူး။ တောတောင်တွေ မရှိတဲ့အပြင် ပုန်းခိုရာ နေရာလဲ ရှားပါးလှပါတယ်။ ဒါကြောင့်လဲ ဂျော်ဒန်နဲ့ လက် ဘနွန် နယ်စပ်ဒေသတွေကို အခြေပြုပြီး လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်တိုင်း တပ်တွေဟာ သူ တို့ လုံးဝမျှော်လင့်မထားခဲ့တဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုတခုကို ရင်ဆိုင်လိုက် ရပါတယ်။ ဂျော်ဒန် မှာ ဖြစ်ပွား ခဲ့တဲ့ Black September ဆိုတဲ့ တိုက်ခိုက်မှုကြီးပါပဲ။ လက်ဘနွန်မှာလဲ အလားတူ military confrontation ကြီးတခု ထပ်ဖြစ်ခဲ့ပါသေးတယ်။

၁၉၇၃ ရောက်တော့ ပါလက်စတိုင်းတပ်တွေရဲ့ မဟာဗျူဟာက လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက် စခန်းတခု ခိုင်ခိုင်မာမာရှိဖို့ ဖြစ်ပါတယ်။ ဒီအတွက်လုပ်နေရာက ပါလက်စတိုင်း တပ်တွေဟာ လက်ဘနွ န် ပြည် တွင်းစစ်မှာ ပါဝင်ရတဲ့ အနေအထားကို ရောက်ရှိ သွားခဲ့ပါတယ်။ ၁၉၈၂ လဲရောက်ရော၊ အစ္စရေးက လက်ဘနွန်ကို ၀င်ရောက် ကျူးကျော်ပါတော့တယ်။ ၂၀၀၀ ခုနှစ်အထိ အစ္စရေး တပ်တွေဟာ လက်ဘနွ န် တောင်ပိုင်းကို security zone အဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ကြပါတယ်။

ဒီလိုအခြေအနေတွေမှာ ပါလက်စတိုင်းတွေဟာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ ရေးရာ အခြေ အနေတွေနဲ့၊ အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီး မဟာဗျူဟာပေါင်းများစွာကို ပြောင်းလဲ ချ မှတ်ခဲ့ကြပါတယ်။ သံတမန်နည်းလမ်း များစွာကိုလဲ ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ ၁၉၈၈ ရောက်တော့ ပါလက် စတိုင်းနိုင်ငံကို တရားဝင် ကြေငြာ နိုင်ခဲ့ပါတယ်။ ၁၉၈၉ မက်ဒရစ်ကွန်ဖရင့်ကနေ စပြီး၊ ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။

အဲဒီနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ များသောအားဖြင့် ပီအယ်လ်အိုက မဟုတ်ပါဘူး။ တခြားသော သေးငယ်တဲ့ အုပ်စုကွဲတွေဖြစ်တဲ့ Abu Nidal ဆိုတဲ့ ဆီးရီးယားထောက်ပံ့အဖွဲ့နဲ့ အီရန်လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့တွေမှ ဖြစ်ပါတယ်။

Intifada

အစ္စရေး၊ ပါလက်စတိုင်း ပြဿနာအကြောင်းပြောရင် Intifada အကြောင်း ကတော့ မပါမဖြစ်ပါပဲ။ ၁၉၈၇ ခုကနေ ၁၉၉၃ ခုနှစ်အထိ ခြောက်နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒီပဋ္ဋိပက္ခ ကြောင့် လူပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ ရပါတယ်။ အဖြစ်အပျက်ကတော့ ရိုးရိုးလေး စတင်ခဲ့တာပါ။ ဒါပေမယ့် ရင်ထဲမှာ မကျေနပ်မှု မီးစတွေရှိနေ ရင် သာမန် အဖြစ်အပျက် လေးတခုဟာလဲ ကြီးစွာသော ပဋ္ဋိပက္ခကြီးတွေအတွက် trigger တွေပါပဲ။

၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဂါဇာကမ်းမြောင်ဒေသမှာ ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေး ကုန်တင်ကားကြောင့် အာရပ်တချို့ သေဆုံးခဲ့ ရပါတယ်။ အဲဒီမှာ အစ္စရေး တပ်တွေကို ဆန့်ကျင် တဲ့ လူထုတိုက်ပွဲတွေ စတင် တော့တာပါပဲ။ သပိတ်မှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေး တပ်တွေကို ကျူးကျော်သူတွေအနေနဲ့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ လက်နက်တွေ ကတော့ ဗုံးတွေ၊ သေ နတ်တွေမဟုတ်ပါဘူး။ ကျောက်တုံးတွေဖြစ်ပါတယ်။ Molotov cocktail တွေလဲ အပါအ၀င်ပေါ့။

Intifada ရဲ့ ကနဦးနည်းဗျူဟာတွေက လူထုအန်တုမှုတွေပါ။ အခွန်ငွေမပေးတာ၊ အစ္စရေး အာဏာ ပိုင်တွေ နဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ နှစ်ဘက် ပဋ္ဋိပက္ခတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ၁၉၉၀၊ အောက်တိုဘာမှာ Temple Mount လို့နာမည်ကြီးတဲ့ အရေး အခင်းတခု ဖြစ်ပွား လာခဲ့ ပါတယ်။ ခြောက်နှစ်ကြာ ဒီပဋ္ဋိပက္ခဟာ ဂျူးတွေအကြားမှာ political polarization ဖြစ်စေ ခဲ့ပြီး၊ အစ္စရေးစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို များစွာ ဂယက်ရိုက်မှုရှိခဲ့ပါတယ်။ အာ ရပ်တွေ ဘက်ကျတော့ စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ပွားခဲ့ပြီး၊ political radicalization ဖြစ် သွားစေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာကျတော့ ပါလက်စတိုင်း အဖွဲ့အစည်း တခုဖြစ်တဲ့ Hamas ဆိုတဲ့ အဖွဲ့ဟာ အစ္စရေး- ပါလက်စတိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတော့တာပါပဲ။

Hamas

Hamas (Harakat al muqawamah al Islamiyah, “Islamic resistance movement”) ဆိုတဲ့ အဖွဲ့ဟာ ပါလက်စတိုင်းက Muslim Brotherhood အဖွဲ့ခွဲ တခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အီဂျစ်က Brotherhood အ ဖွဲ့လိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တခုပါ။ ဒီအဖွဲ့မှာ radicalization စဖြစ် လာတာကတော့ ၁၉၈၇-၈၈ ကာလတွေမှာပါ။ ဒါကလဲ တချို့သော အကြောင်းရင်းတွေမှာ အခြေခံပါတယ်။ နိုင်ငံရေးပညာရှင် Walter Laqueur ဆိုခဲ့သလိုပဲ ပထမ တချက် ကတော့ မွတ်စလင်အဖွဲ့တွေ အားလုံးဆီမှာ ဖြစ်ပွားလာခဲ့တဲ့ general trend ပါ။ နောက်တချက်ကတော့ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေး အခြေအနေတွေပါ။

တတိယ တချက်ကတော့ အတော့်ကိုအရေးကြီးပါတယ်။ Hamas နဲ့ Fatah, PLO တို့ ကြား က ပြိုင်ဆိုင် မှုတွေပါ။ တခါတရံမှာ နိုင်ငံရေးပြဿနာတခုကို ဖြေရှင်းနေဆဲမှာပဲ အဖွဲ့အစည်းတွေအကြားမှာ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာ တာဟာ လှုပ်ရှားမှု တခုအတွက် အတော်ပဲ အန္တရာယ်ကြီးပါတယ်။ မူလ ရည်ရွယ်ချက် တွေကနေ သွေဖည် သွားတတ်ပြီး၊ အ မျိုးသားလှုပ်ရှားမှု တခုလုံးကို ထိခိုက် သွားတတ်ပါတယ်။

Hamas အဖွဲ့က ပါလက်စတိုင်းအရေးဟာ ဘာသာရေးဆိုင်ရာ religious obligation တခုဖြစ် တာကြောင့်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူတို့က Jihad ကို strategic doctrine အဖြစ် သတ်မှတ်လာကြပါတယ်။ သူတို့က မွတ်စလင် Brotherhood တွေလို nationalism ကို လုံးဝကန့်ကွက်ခြင်း မလုပ်ခဲ့ကြပေမယ့် တခြားအာရပ် nationalism တွေကိုတော့ ရုပ်ဝတ္ထု ဆန်တယ်၊ secular ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါလက်စတိုင်း အ မျိုး သားဝါဒကတော့ Islamic ဖြစ်တယ်လို့ ကြေငြာကြပါတယ်။

တကယ်တော့ Fatah, PLO နဲ့ Hamas တို့က ယှဉ်တွဲလုပ်ကိုင်နေကြတဲ့ အဖွဲ့တွေပါ။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ပါပဲ။ ဒါပေမယ့် Hamas ဟာ ပြိုင်ဆိုင်ဖို့ ခြေလှမ်းကို စတာနဲ့ တပြိုင်တည်း ၁၉၈၇ အစောပိုင်းကာလတွေမှာ anti- Fatah လက်ကမ်းစာစောင်တွေ စတင်ထုတ်ဝေပါတော့တယ်။ အဖွဲ့ အစည်းတခုဟာ အခြား အဖွဲ့အစည်း တခုက လူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းတွေကို မိတ်ဆွေ လိုဝေ ဖန်တာ မဟုတ်တော့ပဲ ပုဂ္ဂိုလ်ရေးစွပ်စွဲ တိုက်ခိုက်လာပြီဆိုရင် ဒါဟာပြိုင်ဆိုင်မှု စလာတာပဲ ဖြစ်ပါတယ်။ ဒီ အခြေအနေမျိုးတွေဟာ ညီညွတ်ရေးကို ထိခိုက်တတ်ပြီး၊ တခါတရံမှာ ဆိုးဝါးတဲ့ သက်ရောက် မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပါလက်စတိုင်းတွေမှာလဲ ဒီအတိုင်း ဖြစ်လာခဲ့ ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း ဂါဇာမှာ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး camps နှစ်ခုကြားက followers တွေရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပါ လက်စတိုင်း ဆယ့်ရှစ်ယောက် သေကြေခဲ့ပြီး၊ အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ခေါင်းဆောင် တွေက ချက်ချင်းငြိမ်းချမ်းရေး စေ့စပ်ခဲ့ကြပေမယ့် ဒီအနာဟောင်းဟာ ခဏခဏ ပြန်လည်ထွက်ပေါ် လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့နှစ်ဖွဲ့အကြား ပြိုင်ဆိုင်မှုတွေက တိုးမြင့်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Hamas အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နေရာအနှံ့မှာ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ တိုက် ခိုက် မှုတွေက ပုံစံစုံပါပဲ။ ဓားနဲ့ထိုးသတ်တာ၊ ပုဆိန်နဲ့ ခုတ်သတ်တာ၊ အစ္စရေးစစ်သားတွေကို ကား ကြုံခေါ် တင်ပြီး ကားပေါ်မှာ အစ ဖျောက်လိုက်တာ၊ ကားနဲ့ တိုက်သတ်တာ စတဲ့ နည်းမျိုးစုံပါပဲ။ ၁၉၉၃- ၉၄ နောက်ပိုင်းကျတော့ suicide bombings တွေက ခေတ်စားလာပါတော့တယ်။ ၁၉၉၅- ၉၆ ကာ လတွေ မှာ Hamas တွေအပေါ် အစ္စရေးထိုးစစ်တွေ ကြီးထွား လာခဲ့သလို၊ ပီအေလို့ ခေါ်တဲ့ Palestinian Authority) တွေကလဲ အဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းမှုတွေပြုလုပ်လာကြပါတယ်။ ၂၀၀၀ ခုနှစ်၊ နိုဝင် ဘာလကစပြီး၊ Hamas အဖွဲ့ရဲ့ အဓိကပင်မ မဟာဗျူဟာ ကတော့ စစ်ရေးအရအရေးပါတဲ့ နေရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ဂျေရုဆလင်၊ Tel Aviv, Hadera, Netanya စတဲ့ နေရာမျိုးတွေပါ။

နိဂုံး

(၂၀၀၉) နှစ်သစ်ကို မရောက်မီ (၂၀၀၈) ခုနှစ်၊ နှစ်ကုန်ပိုင်းမှာပဲ အစ္စရေး တပ်တွေက Hamas အဖွဲ့ ၀င်တွေ ကို ချေမှုန်းရေးတွေ ပြုလုပ် နေကြပါတယ်။ အခုဒီစာတမ်းဟာ အစ္စရေး၊ ပါလက်စတိုင်း မည်သည့် ဘက်ကိုမှ ဘက်လိုက်ရေးသားထားတာ၊ ထောက်ခံ အားပေး ထားတာတွေ မရှိပါဘူး။ အစ္စရေး- ပါလက်စ တိုင်းပြဿနာမီးပွားတွေ၊ Hamas နဲ့ Fatah, PLO အကြောင်းတွေရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်ကိုသာ ဗဟုသုတအဖြစ် တင်ပြထားခြင်း ဖြစ်ပါတယ်။

ခင်မမမျိုး (၆၊ ၁၊ ၂၀၀၉)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: