Pages

Thursday, December 6, 2012

“““ ပါတော်မူ ”””

ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာ နိုင်ငံ ရဲ့ နောက်ဆုံး ဘုရင်ဖြစ်တဲ့ သီပေါမင်း နဲ့ မိဖုရား ခေါင်ကြီး စုဖုရား လတ် တို့ ကို ကုလားပြည်ပို့ ခဲ့ တာ 127 နှစ်ပြည့် တဲ့ နေ့ ဖြစ်ပါတယ် ။

....................................... ကျတော် တို့ ငယ်ငယ် က အိမ်မှာ သီပေါမင်း ပါတော်မူဇာတ်ထုတ် ( ဇာတ် သဘင် အဖွဲ့ နာမည် ကိုတော့ မမှတ်မိတော့ပါ ) ကက်ဆက်ခွေ ပ + ဒု နှစ်ခွေ ရှိပါတယ် ။ အဖေက အဲဒီ အခွေတွေကို တစ်နှစ်မှာမှ တစ်ခါပဲဖွင့် ပြပါတယ် ။ အမြဲတမ်းဖွင့် နေရင် ရိုးသွားမှာစိုးလို့ ပါတဲ့ ။ ဖွင့်ပြတဲ့  အခါတိုင်းမှာ လည်း အဲဒီဇာတ်ထုတ်ကို လေးလေး နက်နက် နားထောင်ပြီး ကြိုက် နှစ်သက်ခဲ့ ပါတယ် ။ အဲဒီဇာတ်ထုတ်ထဲ မှာ ကျတော်အနေနဲ့ စွဲစွဲ မြဲမြဲ ကြိုက်နှစ်သက်ခဲ့ တဲ့ သီချင်းတပုဒ် ရှိခဲ့ ပါတယ်။

ဇာတ်ထုတ် ထဲ က သရုပ်ဆောင် ကဘဲ သီဆို ထားတာပါ ။ သီချင်း နာမည်က ( ပါတော်မူ ) ဖြစ်ပါတယ် ။ မူရင်း အဆိုရင် က ဒေါ်စိန်ပါတီ ဖြစ်ပြီး တေးရေး ဆရာ က( ရွှေတိုင်ညွန့် ) ဖြစ်ပါတယ် ။ မူရင်းသီချင်း ကို ကျတော်ဖြင့် အစိုးရ အသံလွှင့် ဌာန ကနေ ထုတ်လွှင့်တာ တခါမှ ကို မကြားခဲ့ရဖူးပါဘူး ( ကျတော့် မှာ ကတော့ ကိုလံဘီယာ ဓာတ်ပြား ကုပဏီ က အသံသွင်းထား တဲ့ စိန်ပါတီ ရဲ့  ဓာတ်ပြား ရှိနေလို့ နားေ ထာင်ဖူး နေပါတယ် ) ။ ဘာဖြစ်လို့ လဲ ဆိုတော့ ဘုရင် စနစ် ကို ပြန်လည် တမ်းတတဲ့ သီချင်းဖြစ်နေလို့ ပါတဲ့ ။ အတိကျ တော့ မသိပါဘူး အမြှော်မြင် ရှိတဲ့ သူတွေ ကပြော ကြတာပါ ။အခု နောက်ပိုင်း FM ရေ ဒီယို ခေတ်မှာတော့ ပြန်လွှင့် နေကြပြီထင်ပါတယ် ။

................................. တကယ်တော့ ဒီသီချင်း ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုတွေ လုပ်နေ စဉ် အချိန်မှာ ပြည်သူတွေ ကို ကိုယ့် မင်းကိုယ့် ချင်းနဲ့ နေလာခဲ့ တဲ့ မြန်ပြည်ကြီး ကို ပြန်လည် မြင်ေ ယာ င်ပြီး အမျိုးဂုဏ် ဇာတိဂုဏ်တွေ တက်ကြွ စေဖို့ နဲ့ ကိုယ် ဘုရင် ကို ကြကက် ကလေး ငှက် ကလေး ဖမ်း သလို ဖမ်းပြီး သူများနိုင်ငံ ကို ပို့ ဆောင်ခဲ့ တဲ့ အင်္ဂလိပ် အစိုးရကို စိတ်နာစေဖို့ ရည်ရွယ်ပြီး စပ်ဆိုခဲ့ တဲ့ သီ ချင်းတပုဒ်ဖြစ်ပါတယ် ။ သာမန်ခေတ်ဟောင်းတေး တစ်ပုဒ်မဟုတ်ခဲ့ပါဘူး ။ သမိုင်း ၀င် သီချင်းတစ် ပုဒ် ဖြ စ် ပါတယ် ။

.................................. ကျတော် အခုလို ရေးပြနေတာ ဟာလည်း ဘုရင်စနစ် ကို ပြန်လည် တမ်း တ ပြီးရေးနေတာမဟုတ်ပါဘူး ။ ကျတော်တို့ တနိုင်ငံလုံး သူ့ ကျွန်ဘ၀ ကို စပြီးရောက်ခဲ့ တဲ့ အချိန် ကို ပြန် လည် မှတ်ရ ဖို့ နဲ့ အဲဒီလို ကျွန်ဖြစ်ခဲ့ တာ ဟာဘာကြောင့် လဲ ၊ အဲဒီတုန်း ကျတော် တို့ နိုင်ငံ မှာ ဘာတွေ လိုအပ်နေတာလဲ ။အဲဒီတုန်းက ဖြစ်ခဲ့ တာမျိုးတွေ နောက် မဖြစ်လာဖို့ ဘာတွေ လုပ်ဖို့ လိုအပ်သလဲ စ သဖြင့် ....သခန်းစာတွေ အများကြီး ယူနိုင်ဖို့ ပါတော်မူခဲ့ တဲ့ အချိန်လေးကို ကျတော်တို့ မမေ့ ဖို့ လို အပ် မယ်ထင်ပါတယ် ။

Yote Thayyote

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: