Pages

Saturday, November 17, 2012

“““ နိုင်ငံတော် လုံခြုံရေး နှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ”””

နိုင်ငံတော် လုံခြုံရေး

နိုင်ငံတော်ဆိုတာက ရေမြေပိုင်နက်ပေါ်မှာ အခြေပြုထားတဲ့ entity တခု ဖြစ်ပါတယ်။ ဒီ entity တခုမှာ အုပ် ချုပ်မယ့်အစိုးရ ရှိရမယ့်အပြင် အခြားနိုင်ငံများမှလည်း နိုင်ငံတနိုင်ငံ အဖြစ် အသိအမှတ်ပြု ခံထားရပါ မယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်နှစ်ခုက တောက်လျှောက် လွှမ်းမိုးလာခဲ့ပါတယ်။ ပ ထမတချက်က နိုင်ငံတကာ ရေးရာဇာတ်ခုံမှာ နိုင်ငံများဟာ ဗဟိုချက်မသရုပ်ဆောင်များ ဖြစ်တယ် ဆိုတဲ့ အချက်နဲ့ အရေးကြီးဆုံးအချက်ဟာ နိုင်ငံတော်လုံခြုံရေးဆိုတာပါပဲ။

နိုင်ငံတော်လုံခြုံရေး ဆိုတာမှာ အချက်လေးချက်ပါဝင်ပါတယ်။ ပထမအချက်က အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy)၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး (Development) နဲ့ အုပ် စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်လေးချက်ဟာ နိုင်ငံတော် လုံခြုံရေးရဲ့ အခြေခံကျသော အချက် များဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ အန္တ ရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော် ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ပြည်တွင်းရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေ ဘက်ေ တာ် သား ရဲတပ်ဖွဲ့ဝင် တွေရှိရပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆို ရာ မှာ နိုင်ငံတော် အစိုးရဟာ ပြည်ပ သြဇာလွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ်ဖြစ်ရပါမယ်။ အစိုးရတရပ် မှာ အော် တိုနော်မီ ကျဆင်းလာပြီဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရလုပ်ငန်း ဆောင်တာများအပေါ်မှာ ယုံကြည် မှုတစတစ ကင်းမဲ့လာမှာဖြစ်ပါတယ်။ တော်လှန် ပုန်ကန်မှုများလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဥပ မာ- တရုတ်အင်ပါယာကြီးကို ၁၉၁၁ ခုနှစ်မှာ ပျက်သုဉ်းစေခဲ့တဲ့ တော်လှန်ရေးဟာ အစိုးရရဲ့ အော်တိုနော်မီ ကျဆင်းလာမှုကြောင့် ဖြစ်ပါတယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတော် အုပ်ချုပ်သူများဟာ နိုင်ငံသားများရဲ့ လူနေမှု အဆင့် အတန်း တိုးတက်ရေး၊ ပညာရည် မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်သိက္ခာ မကျဆင်းရေး တို့အတွက် တတ်နိုင် သ မျှ ကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ် မှာ နိုင် ငံတော် အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရား ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း national security agenda ချမှတ်တဲ့အခါမှာ စစ်အင်အား (military power) သာမက အခြားသော အကြောင်းအရာများဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ၊ ကုန်သွယ်ရေးစနစ်၊ မြေပိုင် နက်၊ ရေ ပိုင်နက်၊ မဟာမိတ်ဖွဲ့မှု၊ အများလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးစနစ် စတာတွေကို ထည့်သွင်းကြရပါတယ်။

အတိုချုပ်ဆိုရရင်တော့ နိုင်ငံတော် လုံခြုံရေးဆိုတာဟာ နိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်ကြ တဲ့ ပြည် သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ် ချုပ်သူ အစိုးရ တရပ်ဟာ နိုင်ငံတော်လုံခြုံရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင် တော့တဲ့ အခါကျရင် ဒီဂယက်ဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက် လာစေပါတော့တယ်။

အပြည်ပြည်ဆိုင်ရာလုံခြုံရေး

စစ်အေးတိုက်ပွဲကာလတုန်းက အပြည်ပြည်ဆိုင်ရာလုံခြုံရေးမှာ high politics ကိစ္စရပ် တွေဖြစ်တဲ့ စစ် နဲ့ငြိမ်းချမ်းရေး၊ နျူကလီးယား deterrence၊ summit သံတမန်ရေးရာ၊ လက်နက်ထိန်းချုပ်ရေး၊ မဟာ မိတ် နိုင် ငံရေး ဆိုတာတွေက လွှမ်းမိုးခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာကျတော့ low politics ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင်၊ ရှားပါးသယံဇာတ၊ လူဦးရေပေါက်ကွဲမှု ထိန်း ချုပ်ရေး၊ စွမ်းအင် ရေးရာ၊ ကူးစက်ရောဂါ၊ ကျားမရေးရာ ကိစ္စရပ်တွေက နေရာယူ လွှမ်းမိုးလာခဲ့ပါတယ်။

လက်ရှိအပြည်ပြည်ဆိုင်ရာလုံခြုံရေးကို နိုင်ငံရေးဆန်းစစ်တရပ်ဖြစ်တဲ့ Three Levels of Analysis နဲ့ အတို ချုံး တင်ပြပေးပါမယ်။ structural level ဆန်းစစ်ချက်အရဆိုရင် အမေရိကန်ဟာ ကမ္ဘာ့ရေးရာများမှာ ပါဝါ လွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ New Powers များဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံများ အင်အားကြီးမား လာမှုဟာ အပြည်ပြည် ဆိုင်ရာ စနစ်ရဲ့ ပါဝါချိန်ခွင်လျှာမှာ အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိလာ ပါတယ်။ နိုင်ငံတော်လုံခြုံရေး agenda မှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အ ချက်တွေကို နိုင်ငံ တနိုင်ငံချင်းစီရဲ့ ဦးစားပေးမှုကွဲပြားပါတယ်။

Domestic institutional level ဆန်းစစ်ချက်အရဆိုရင် ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး အရင်းရှင်စ နစ် ဟာ နိုင်ငံအများစုမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်ပြသနေတဲ့ အာဏာရှင် အရင်းရှင် စ နစ် 'authoritarian capitalism' အပေါ်မှာ နိုင်ငံတချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေ တဲ့ ကမ္ဘာ့ငွေကြေးဂယက်ဟာ တရုတ်နိုင်ငံအပေါ်မှာ ဆိုးဝါးစွာ သက်ရောက်မှုတွေ ရှိနေတာကြောင့် စိတ် ၀င် စားမှု လျော့နည်းလာကြပါတယ်။

နောက်ဆုံးတဆင့်ဖြစ်တဲ့ Individual level ဆန်းစစ်ချက်အရ ဆိုရင်တော့ လူ့အခွင့် အရေး ကိစ္စရပ်များ ဟာ တကမ္ဘာလုံးက ပြည်သူလူထုအတွက် အရေးကြီးနေဆဲပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေး၊ အန္တရာယ်ကင်းဝေးေ ရး၊ ရောဂါ ဘယကင်းရှင်းရေးတို့ဟာ လူပုဂ္ဂိုလ် တဦးချင်းအတွက် အရေးပါသော ကိစ္စရပ်များဖြစ်နေပါ တယ် ။ အာဖရိက၊ အရှေ့ အလယ်ပိုင်းနဲ့ လက်တင် အမေရိကတို့မှာ လူသား လုံခြုံရေး (Human Security) သဘောတရားက တစတစ နေရာယူလွှမ်းမိုးနေပါတယ်။

ဒီလိုကိစ္စတွေကြားထဲမှာ wildcards လို့ လုံခြုံရေး အသိုင်းအ၀ိုင်းအတွင်းမှာ ခေါ်ကြတဲ့ ကိစ္စရပ်တွေက လည်း တစတစ ကျယ်ပြန့်လာပါတယ်။ ပထမတချက်က နည်းပညာအဆမတန် တိုးတက်မြင့်မား နေမှုပါ။ သတင်းနှင့်နည်းပညာ တော်လှန်ရေး (IT Revolution) က အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်။ ဇီဝနည်းပ ညာ တော်လှန်ရေး (Biotechnology Revolution) က စတင်နေပါပြီ။ နာနိုနည်းပညာ တော်လှန်ရေး (Nanotechnology Revolution) က အရှိန်စယူနေပါပြီ။ အခုလက်ရှိအချိန်မှာ တက္ကသိုလ် သုတေသနဌာန အများစုမှာ Nanotechnology သုတေသီများကို ဦးစားပေး ခန့်အပ်လာ နေကြပါတယ်။ ပီအိတ်ခ်ျဒီစကော လားရှစ်များပေးပြီး လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု ကို လုပ်လာကြပါတယ်။

ဝေဟင်ချစ်သူ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: