Pages

Saturday, November 17, 2012

“““ ဘီလူးခေါင်း ပိုင်ရှင်များ ”””

ဒီမနက် Facebook ကို ဖွင့်လိုက်တော့ စိတ်ဆင်းရဲစ ရာ တော်တော်ကောင်း တဲ့ မြင်ကွင်း ကို တွေ့လိုက်ရ တယ်။

ပါဖောမန့် ဆိုတာ အနုပညာနဲ့ ဆက်နွယ်နေတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် ကျွန်မတန်ဖိုးထားပါတယ်။ တင်ပြ သူရဲ့ အနုပညာဓာတ်ခံအား ပေါ်မှာမူတည်ပြီး ပါဖောမန့်တစ်ခုဟာ ထင်ရှားခဲ့မယ်။ မထင်မရှားရှိခဲ့ မယ်။ ဘယ်သို့ပင် ဆိုစေကာမူ ဖန်တီးတဲ့သူတွေကို ကျွန်မ လေးစားပါတယ်။ တစ်ခါတရံ ကိုယ် နားလည် သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေပေါ့။

ကိုထိန်လင်းနဲ့ ဦးသူရကို ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ကျွန်မ သိခဲ့ပါတယ်။ သူတိုူ့ဘယ်လိုခေါင်း စဉ်အော က် မှာ ရပ်တည်နေနေ အနုပညာသမား ပန်းချီထိန်လင်း၊ အနုပညာရှင် ဖြတ်ထိုးဉာဏ် အလွန်ကောင်းတဲ့ လူရွှင်တော် အဖြစ်အနေနဲ့သာ ကျွန်မ လက်ခံခဲ့တယ်။ သူ့ရဲ့ နိုင်ငံရေးအပေါ်မှာ ထင်မြင်သုံးသပ်မှုတွေကို ကျွန်မ မည်သို့မျှ ထင်မြင်ချက် မပေးခဲ့ပါဘူး။ နိုင်ငံသားတိုင်းဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော အားဖြင့် ဖြစ်စေ နိုင်ငံ့အရေးကို ပါဝင်ပတ်သက်နေကြတာပါပဲ။ အမြင်မတူတာ၊ အမြင်တူတာ ကို ကျွန်မတို့ အနေနဲ့ ငြင်းခုန်နေစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးတဲ့ မည်သည့်နိုင်ငံသားမဆိုပေါ့။

ဒီတစ်ခါ ကိုထိန်လင်းနဲ့ ဦးသူရရဲ့ ပါဖောမန့်စ် ကတော့ တော်တော်ကလေးကို အရုပ်ဆိုး အကျည်းတန်လှ ပါ တယ်။ အနုပညာသည် ဆိုတာ သူတစ်ပါးထက် စိတ်နှလုံး သိမ်မွေ့နူးညံ့တယ်လို့ ကျွန်မကတော့ မြင်ပါ တယ်။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ လူလားမြောက်ခဲ့တဲ့ သူတွေဖြစ်ပြီး ဘာဖြစ်လို့ ဒီလို ဘာသာ သာသနာ ကို စော်ကားတဲ့ သရုပ်ပြမှုမျိုးကို လုပ်ဆောင်ဖို့ စိတ်ကူးရခဲ့သလဲဆိုတာ ကျွန်မ မစဉ်းစားတတ်ပါဘူး။ ရပ် တည်မှုအတွက်လား။ ဗုဒ္ဓဘာသာနဲ့မြန်မာနိုင်ငံကို မနှစ်လိုသူတွေရဲ့ လက်ခုပ်သံကို လိုချင်လို့လား သို့ တည်း မဟုတ် ရဟန်သံဃာတွေကို စော်ကားလိုစိတ် ကြီးနေတာလား။ လားပေါင်းများစွာသော မေး ခွန်းတွေ ဟာ သူ့တို့ရဲ့ ပါဖောမန့်စ်ကို မြင်မိတဲ့အခါမှာ ပေါ်ပေါက်လာပါတယ်။

စစ်အစိုးရကို ဦးတည်တယ်ဆိုရင် တိုက်ရိုက်ဦးတည်ပါ။ တကယ်လည်း ရဲရင့်တယ်ဆို အခုအချိန်မှာ တည့် တည့် ရင်ဆိုင်ပါ။ သင်္ကန်းခြုံထားတဲ့ ဘီလူးတစ်ကောင်ရဲ့ ပြကွက်ဟာ စစ်တပ်အုပ်ချုပ်မှုကို တိုက်ရိုက် မရည် ရွယ်ဘူးလို့ထင်ပါတယ်။ သိက္ခာတော်တွေကို ထိန်းနေတဲ့ ရဟန်းသံဃာတွေ ကျွန်မတို့ မြန်မာနိုင် ငံ မှာ အများကြီးပါ။ ဝါးလုံရှည်မှာ မစင်သုတ်ပြီး ရမ်းတဲ့ သရုပ်ပြမှုမျိုးဟာ အနုပညာတစ်ခု မဟုတ်ပါဘူး။ ဘာ သာနဲ့ သာသနာကို စော်ကားမှုသာ ဖြစ်ပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ ဒါပေ မယ့် စော်ကားခွင့်မရှိဘူး။

ခရစ်ယန်ဘာသာမှသည် ဗုဒ္ဓဘာသာ၊ အစ်စလမ်ဘာသာမှသည် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာမှသည် အစ်စ လမ်ဘာသာ၊ ဗုဒ္ဓဘာသာမှသည် ခရစ်ယန်ဘာသာ ကို မိမိယုံကြည်ရာအလိုက် ပြောင်းသွားကြတဲ့ သူတွေ အများကြီးပါ။ ရဟန်းသံဃာ ဖြစ်လာသူတွေပါတယ်၊ သင်းအုပ်ဆရာဖြစ်သွားတဲ့သူတွေပါတယ်။ ဒီပုဂ္ဂို လ်တွေ ဟာ မိမိတို့ ကိုးကွယ်ခဲ့ဖူးတဲ့ ဘာသာတစ်ရပ်ကို စော်ကားတဲ့ အပြုအမူ တွေ မလုပ်ခဲ့ကြပါဘူး။

အနောက်နိုင်ငံကြီး တစ်နိုင်ငံမှာ နေထိုင်ခွင့် ရနေပေမယ့် ကိုထိန်လင်းနဲ့ ဦးသူရဟာ မြန်မာ လူမျိုးတွေ သာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမိဘတွေကနေ မွေးဖွားလာပြီး မြန်မာ့မြေပေါ်မှာနှစ်ပေါင်းများစွာ နေခဲ့ပြီးမှ လက်ရှိပတ်ဝန်းကျင်ရဲ့ လက်ခုပ်သံအတွက် မိခင်နိုင်ငံနဲ့ ဘာသာကို မစင်နဲ့လှမ်းပစ်တာကတော့ မြန်မာ လူမျိုးတွေ အနေနဲ့ သိက္ခာ ကျလွန်းပါတယ်။ မြန်မာလူမျိုးဟာ မြန်မာလူမျိုးပါပဲ။ ကိုယ့်လူမျိုးရဲ့သိက္ခာ၊ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှု/ နိမ့်ကျမှု ဟာ မြန်မာလူမျိုးတွေရဲ့ လက်ထဲမှာပဲ ရှိပါ တယ်။ ပညာတတ်တွေ ဖြစ်သည့်အလျောက် နိုင်ငံ၊ ဘာသာတရားနဲ့ အုပ်ချုပ်မှုကို ခွဲခြားနိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။

ဦးသူရနဲ့ ကိုထိန်လင်းတို့ရဲ့ ယခင့် ယခင်က ဖန်တီးခဲ့တဲ့ အနုပညာတွေကို လေးစားပေမယ့် ဒီဘီလူးခေါင်း ကို ဖန်တီးမှုအတွက်ကတော့ ကျွန်မတို့အနေနဲ့ ဘယ်လိုမှ နှစ်သက်ပြီး သြဘာမပေးနိုင်ပါဘူး။ အတတ်ကြူး လို့ ဘီလူးဖြစ်တယ် ဆိုတဲ့ စကးကို ဒီဘီလူးခေါင်းကို မြင်တော့မှ ပြန်သတိရမိတယ်။ ကိုယ်ဖန်တီးတဲ့ ဘီ လူးခေါင်း ဟာ ရည်ရွယ်သူအတွက် သေချာဖြစ်ပါရဲ့လား။ ကိုယ့်အတွက်ကိုယ် ဖြစ်နေနိုင်တယ် ဆိုတာကို လည်း ပညာတတ် ဦးနှောက်ကြီးသော သူများပီပီ ဆင်ခြင်သုံးသပ်နိုင်ပါစေ။

ပျိုးယုဝသုန်

12:20:26 PM

16-11-2012

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဘီလူးခေါင်း ပိုင်ရှင်များ ”””

Labels:

0 comments: