WORLD TOP TEN TANKS များအနက် နံပါတ်(၂)နေရာကတင့်ကတော့ T-72 ပဲဖြစ်ပါတယ်။ T-72 နဲ့သူ့ရဲ့မျိုးကွဲတွေအကြောင်းတင်ဆက်ပါရစေ .....
အထွေထွေအချက်အလက်များ
တိုက်ယာဉ်အဖွဲ့သား - ၃ဦး (တိုက်ယာဉ်မှူး၊ ယာဉ်မောင်း၊ အမြောက်ပစ်)
အင်ဂျင် - 780 hp diesel (Multi-fuel)V-shape
အမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ) - ၈၀ ကီလိုမီတာ
အဓိကလက်နက် - ၁၂၅မမ ပြောင်းချောအမြောက်(တင့်ဖျက်ပဲ့ထိန်းဒုံးပစ်ခတ်နိုင်)(အလိုလျောက်ကျည်ထိုးစနစ်)
ယှဉ်တွဲစက်သေနတ် -၇.၆၂မမ
လေယာဉ်ပစ် - ၁၂.၇မမ NKT
မီးခိုးဗုံးပစ် -၈၁မမ ၁၂လက်
ခဲယမ်း- ၁၂၅မမ တင့်ဖျက်ခွင်းကျည်၊ ၁၂၅မမ ဖောက်ကျည်၊ ၁၂၅မမ ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်
9M119 laser guided anti-tank missle
မြန်မာ့တပ်မတော် တင့်ကားတပ်ဖွဲ့များတွင် အသုံးပြုသည့် တီ-၇၂ အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား
သမိုင်းကြောင်း
၁၉၅၀ ပြည့်လွန်နှစ်များတွင်ဆိုဗီယက် တပ်မတော်သည် တီ-၃၄ တင့်များ
အစားထိုးရန် တင့်အသစ်(၁)စီး ထုတ်လုပ်နိုင်ရန်ကြိုးပမ်းခဲ့ရာ ၁၉၅၄
ခုနှစ်အတွင်း ခါကော့ တင့်စက်ရုံ (ယခု ယူကရိန်းနိုင်ငံအတွင်း) မှ တီ-၅၄
တင့်များစတင်ထုတ်လုပ်ခဲ့သည် ။ တီ-၅၄ တင့်များအားဆက်လက်တိုးတက်မွန်းမံခဲ့ရာ
၁၉၅၅ တွင် တီ -၅၅ တင့်များထုတ်လုပ်ခဲ့သည်။ တီ-၅၅တင့်သည်အောင်မြင်မှု
များစွာရရှိခဲ့ပီး အစီးရေ- ၂၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပီး နိုင်ငံအများအပြားတွင်
ယနေ့တိုင်သုံးစွဲနေဆဲဖြစ်သည်။ စစ်ပွဲအများအပြားတွင် လည်း
ပါ ၀င်အ သုံးပြုခဲ့ပါသည်။
ဗင်နီဇွဲလားတပ်မတော်သုံး တီ-၇၂အက်စ်တင့်ကား
၁၉၆၄ တွင် တီ-၅၅ တင့်ကိုထုတ်လုပ်ခဲ့သောမိုရိုဇော့
ဒီဇိုင်းဗျူရိုသည် လုံးဝတော်လှန်ဆန်းသစ်တော့တင့်
တီထွင်နိုင်ရေးကြိုးပမ်းလာခဲ့ရာ ၁၉၆၄ ခုနှစ်တွင်နေတိုးတင့်
များယှဉ်ပြိုင်နိုင်ကာ ပိုမိုပေါ့ပါးပြီး ဈေးနှုန်း သက်သာပီး
လုံးဝဆန်းသစ်သောပုံစံဖြစ်သည့် တီ-၆၄ တင့်များထုတ်လုပ်ခဲ့သည်။ ထိုအချိန်တွင်
ခါကော့ အုပ်စုမှခွဲထွက်သွားသော ယူရယ်ဗဂွန် အုပ်စုသည် တီ-၆၄ တင့် နှင့်
ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် အတွက် ၁၉၇၀ တွင် T-72 ရှေ့ပြေးပုံစံဖြစ်သော
Obiket 172M ကိုထုတ်လုပ်ခဲ့သည်။ ၁၉၇၃ တွင် Obiket 172M အား တီ-၇၂
အဖြစ်သတ်မှတ်ခဲ့ပီး ဆိုဗီဟက်ကာကွယ်ရေး ၀န်ကြီးဌာနမှ
တပ်မတော်စံပြုတင့်အဖြစ် သံတ် မှတ်ခဲ့ပီး
ယူရယ်တောင်တန်းဒေသမှတီထွင်ခဲ့သောကြောင့် T-72 URAL
ဟုသတ်မှတ်ကာယနေ့အထိ သုံး စွဲနေဆဲဖြစ်ပါသည်။
အီရတ်တပ်မတော်သုံး lion of Babylon ပင်မတိုက်ပွဲဝင်တင့်ကား
တီ-၇၂ မျိုးကွဲ ၁၂မျိုးအား
နိုင်ငံ ပေါင်း(၅)နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခဲ့ပီး
အစီးရေ (၁၂၀၀၀)ကျော် ထုတ် လုပ်ခဲ့သည်။ ရုရှားတပ်မတော်သည်
အကောင်းဆုံးမျိုးဆက်ဖြစ်သော T-72 B တင့်အား ယနေ့ တိုင် သုံးစွဲလျက်ရှိသည် ။
အများဆုံး အသုံးပြုခဲ့သောနိုင်ငံများမှ IRAQ နှင့် INDIA ဖြစ်သည် IRAQ
နိုင်ငံ သည် ၄င်း နိုင်ငံအတွင်းတွင်တပ်ဆင် ကာ T-72 Asad Babil ဟုလည်းကောင်း
INDIA နိုင်ငံသည် T-72M1 Ajaya ဟုလည်းကောင်းအမည်ပေး ကာ
အမြောက်အများထုတ်လုပ်သုံးစွဲခဲ့သည်။ တီ-၇၂တင့် ၏ အကောင်းဆုံးမျိုးဆက်မှာ
T-72 B နှင့် T-72S ဖြစ်သည်။
T-72B အားရုရှားတပ်မတော်တွင် အသုံးပြုရန်သီးခြားထုတ်လုပ်ထားခြင်းဖြစ်ပီး T-72S မှာယူက ရိန်းနိုင်ငံ မှ နောက်ဆုံးထုတ်လုပ်ခဲ့ပီး ပြည်ပသို့တင်ပို့ရောင်းချသော အမျိုးအစားဖြစ်ပါသည်။
T-72B အားရုရှားတပ်မတော်တွင် အသုံးပြုရန်သီးခြားထုတ်လုပ်ထားခြင်းဖြစ်ပီး T-72S မှာယူက ရိန်းနိုင်ငံ မှ နောက်ဆုံးထုတ်လုပ်ခဲ့ပီး ပြည်ပသို့တင်ပို့ရောင်းချသော အမျိုးအစားဖြစ်ပါသည်။
အိန္ဒိတပ်မတော်၏ တီ-၇၂ တင့်များ
သုံးသပ်ချက်
တီ-၇၂ တင့်များသည် တင့်ကားသမိုင်းတွင်အရေးပါသော
အပိုင်းမှပါဝင်နေသည်မှာငြင်းမ ရသော သမိုင်း ပင်ဖြစ်သည်။ WORLD TOP TEN TANKS
၁၀မျိုး အနက် တိုက်ပွဲပေါင်း စစ်ပွဲပေါင်းများစွာကို
ရင်ဆိုင် တိုက်ခိုက်ခဲ့ရသောတင့်အမျိုးအစားဖြစ်ပီး စစ်ပွဲအတွေ့အကြုံများအား
အခြေခံကာ အဆင့်ဆင့်တိုး တက်ပြောင်း လဲလာခဲ့သော VETERAN တင့်
အမျိုးအစားဖြစ်ပါသည်။
အီရတ်တင့်နှင့်အမေရိကန်တင့်
နည်းပညာပိုင်းအနေအဖြင့်အနည်းငယ်ရှုပ်ထွေးမှုရှိသော်လည်း နေတိုးအုပ်စုတင့်များနှင့် ရင်ဘောင်တန်းနိုင်သောတင့်များပင်ဖြစ်ပါသည်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲတွင် နေတိုး အမ်-၁ တင့်များ၏ချေမှုန်းခံရမှုကြောင့် တီ-၇၂ အစီးရေ(၈၀၀)ခန့်ပျက်စီးခဲ့သော်လည်း ထိုသို့ပျက်စီးမှုမှာ လေကြောင်းတိုက်ခိုက်မှုနှင့် အီရတ်စစ်သည်များ၏ အတွေ့အကြုံ၊ အရည်အချင်းနည်းပါးခြင်း နှင့် အီရတ် တပ်မတော်မှအသုံးပြုသော တီ-၇၂ တင့်များမှာ ရှေ့ဦး မျိုးဆက် ဖြစ်သော တီ-၇၂ အမ် တင့်များဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
အီရတ်တပ်မတော်၏ တင့်ပျက်တစင်း
အမေရိကန်
တင့်တပ်သားများကိုယ်တိုင်ကပင် အီရတ်တင့်စစ်သည်များနှင့် တင့်ခြင်းလဲကာ
တိုက်လျင်ပင် သူတို့သာနိုင်မည်ဟု ပြောကြားခဲ့သည်။
အဓိကအချက်မှာတင့်အဖွဲ့သားများ၏ အရည်အချင်းကွာခြား ချက် က
ကြီးမားသောအဆုံးအဖြတ်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ
အတွေ့အကြုံအားအခြေခံမှုနှင့်
လက် ရှိနောက်ဆုံးမျိုးဆက်တင့်များတွင်အသုံးပြုထားသည့်
နည်းပညာပိုင်းဆိုင်ရာအရ တီ-၇၂တင့်များသည် WORLD TOP TEN TANKS
စာရင်းမှမည်သည့်အကြောင်းနှင့်မှပစ်ပယ်မရသောတင့် များဖြစ်ပါသည်။
ပါဝင်ခဲ့သောစစ်ပွဲများ
၁၉၈၂-၈၈ အီရန်-အီရတ်စစ်ပွဲ( အီရတ် တီ-၇၂အမ်)
၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ(အီရတ် တီ-၇၂ အမ်)
၁၉၈၂ အာဖဂန်စစ်ပွဲ( ဆိုဗီယက် )
၂၀၀၃ အီရတ်လွတ်မြောက်ရေးစစ်ပွဲ (အီရတ်)
၂၀၀၈ ဂျော်ဂျီယာစစ်ပွဲ( ရုရှား၊ ဂျော်ဂျီယာ နှစ်နိုင်ငံလုံးမှအသုံးပြုခဲ့)
အခြား ပြည်တွင်းစစ်များစွာတွင်လည်းပါဝင်ခဲ့ပါသည်။
Myanmar Defence Weapons
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။