Pages

Wednesday, October 24, 2012

အောက်တိုဘာ(၂၇)တွင် ပုသိမ်မှ ဒီ ချုပ်အဖွဲ့ဝင်(၅၀၀)ကျော် နှုတ်ထွက်မည်

အောက်တိုဘာ ၂၄ ၊ ၂၀၁၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်မှ ဒီချုပ်ပါတီအဖွဲ့ဝင်(၅၀၀)၀န်း ကျင်မှာ ပါတီအတွင်း တရားမျှတမှု မရှိ သည်ဟု ယူဆ၍ လာမည့် အောက်တို ဘာ(၂၇)ရက်နေ့၌ ပါတီမှ နှုတ်ထွက် ကာလူမှုရေးလုပ်ငန်းများ ကိုသာ လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း အဆိုပါ ပါတီဝင် များ ထံက သိရှိရသည်။

“တရားမျှတမှုမရှိတာတွေ အမြဲကြုံနေရတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူရွေးချယ်တဲ့ အခါမှာ လည်း ဟိုး အရင် ကတည်းက အသက်ပေးပြီးလုပ်နေတဲ့  ပါတီဝင်တွေမပါဘဲ ဗဟိုဦးစီးနဲ့ နီးစပ်ရာ လူတွေကိုပဲ အောင်နိုင်ရေးအဖွဲ့ ၀င် အဖြစ် ခန့် တာတွေရှိတယ်။ အမှန်ဆိုရင် တရားမျှမျှ တတ ရွေးချယ် ရမယ်” ဟု ပုသိမ်မြို့နယ် ဒီချုပ်ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ဦးမြင့်စိုး ကပြောသည်။

အဆိုပါ ပြဿနာများနှင့်ပတ်သက်၍ အောက်တိုဘာ(၂၀)ရက်နေ့တွင် ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦး သည် ပုသိမ်မြို့သို့ သွားရောက် ဖြေရှင်းညှိနှိုင်းပေး ခဲ့သော်လည်း အဆင်ပြေမှုမရှိဘဲ ပါတီ ဆိုင်းဘုတ်ြ ဖုတ် ကာ ရုံးခန်း ကို ပိတ်ခိုင်းစေခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

“ပြဿနာက ညှိ့နှိုင်းလို့အဆင်မပြေခဲ့ဘူး ဘဘဦးတင်ဦးက ဆိုင်းဘုတ်ဖြုတ်ပြီး အလံကို တိုင်း ညီလာခံေ ကာ် မရှ င် ဥက္ကဌကို ပြန်အပ်ခိုင်းပြီး ရုံးခန်းပိတ်ခိုင်းတယ်။ အဲ့တော့ အဖွဲ့ဝင်တွေအကုန်လုံးကလဲ အဲ့ပါတီ က နှုတ် ထွက်ဖို့ ဆန္ဒရှိကြတယ်။ ကျွန်တော်လည်း နှုတ်ထွက်မှာပါ” ဟု မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးညွှန့်လှိုင် ကပြောသည်။

အန်အယ်လ်ဒီပါတီရုံးခန်းကို တိုင်းနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ထားသော်လည်း ပါတီအတွင်း မပြေလည်ြ ခင်း များ ၊ ပါတီဝင် များမှ နှုတ်ထွက်ခြင်းများသည် မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်တိုင်းတွင်ေ တာ့ ပြသာနာ နည်းပါးလျက် ရှိသည်ဟု ဒီချုပ် ပါတီနာ.ယ.က ဦးတင်ဦးက  ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီ လာ ခံ ကျင်းပရေး ကော်မရှင် များေ တွ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

 “အခု တိုင်းနဲ့ပြည်နယ်တွေ တော်တော်များများ ပါတီအတွင်း မပြေလည်တာေ တွ ပြသာနာတွေ အများြ ကီးေ တွ့ရတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း အတွင်းမှာေ တာ့ ဖြေရှင်းရခက် တဲ့ ပြသာနာ အဖြစ်နည်းတယ်။ “ ဟု ဦးတင် ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်  မြို့နယ်(၂၆)ခုရှိပြီး ပုသိမ်မြို့နယ်တွင် ရုံးခန်းကို ထပ်မံဖွင့်လှစ်ပြီးမှ သာ မြို့ နယ် ညီလာခံကို ဆက်လက် ကျင်းပနိုင်မည် ဖြစ်သည်ဟု ဒီချုပ်ပါတီ အ ဖွဲ့ဝင်များထံမှ သိရှိရသည်။

အန်အယ်လ်ဒီ ပါတီ၏ ဗဟို-တိုင်း-ခရိုင်-မြို့နယ်ညီလာခံကို လာမည့်ဒီဇင်ဘာလအတွင်းတွင် အပြီး ကျင်း ပနိုင် ရန် ဗဟိုဌာနရုံးမှ ကြိုးစားစီစဉ် လျက်ရှိကြောင်း ညီလာခံကျင်းပေ ရးကော်မရှင်ေ တွ့ဆုံပွဲ၌ နာ.ယ.က ဦးတင်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

မြစ်မခမီဒီယာ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အောက်တိုဘာ(၂၇)တွင် ပုသိမ်မှ ဒီ ချုပ်အဖွဲ့ဝင်(၅၀၀)ကျော် နှုတ်ထွက်မည်

Labels:

0 comments: