အောက်တိုဘာ ၂၃ ၊ ၂၀၁၂
ဗဟိုကော်မတီအစည်းအဝေးသို့တက်ရောက်ကြမည့် ကော်မတီဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ကရင်အမျိုးသား အစည်း အရုံး KNU ၏ ဗဟိုကော်မတီဝင် များက လာမည့် ကြာသပတေး နေ့တွင် အထူးအရေး ပေါ်အစည်းအဝေး ကျင်းပပြီး မကြာသေး မီကထုတ်ပယ် လိုက်သည့် ထိပ်တန်း ခေါင်းဆောင် တို့ကို မူလတာဝန်များ ပြန်လည် ခန့်အပ်ရေး အပါအ၀င် အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ကို ဆွေးနွေးညှိနှိုင်း ကြမည်ဟု သိရသည်။
ယမန်နေ့ ကစတင်ပြီး KNU ဘားအံခရိုင်၊ လေးဝါးတပ် စခန်းတွင် ၂ ရက်ကြာပြုလုပ်ခဲ့သည့် ပြည်လည်ရင်ကြား စေ့ရေး ဆွေးနွေးပွဲတွင် ပြဿနာများကို ညှိနှိုင်းခဲ့ကြပြီး သဘော တူညီချက်တချို့ ရရှိခဲ့သည်ဟု ဆိုသည်။
အဖွဲ့၏ကြီး ၅ ကြီးနှင့် ထုတ်ပယ်ခံများ ကိုထောက်ခံသည့် ဗဟိုအဆင့်ခေါင်းဆောင် အချို့တို့ကြား ထိုသို့ သဘောတူညီချက် ရရှိခဲ့ကြခြင်း ဖြစ်သည်။
ကြီး ၅ ကြီးတွင် KNU ဒုဥက္ကဌ ပဒိုဒေးဗစ် သကဘော၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး များဖြစ်သည့် ပဒိုလှငွေ၊ ပဒိုဒေါ့လေးမူတို့ ပါရှိပြီး၊ တဘက်မှ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း၊ ဘိတ်/ထားဝယ် ဥက္ကဌ ပဒိုကွယ်ထူးဝင်းနှင့် ပဒိုရောဂျာခင်၊ ပဒိုလေးလော်ဆော၊ ပဒိုထူးထူးလေး တို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ကြားနေ သဘာပတိအဖြစ် KNU ဗဟိုတရား သူကြီးချုပ် ပဒိုမန်းရင်စိန်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များ အဖြစ် တပ်မဟာ ၅ မှူးဗိုလ်မှူးချုပ် ဘောကျော်ဟဲ၊ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီနှင့် ဘာသာရေး ဆရာတဦးက ဆောင်ရွက်ခဲ့ကြသည်။
သဘော တူညီချက်များ အရ ဗဟိုအမြဲတမ်းကော်မတီ အထူးအစည်းအဝေး အပြီး ၁၄ ကြိမ်မြောက် ညီလာခံ သက်တမ်း၏ နောက်ဆုံး ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခြင်း၊ ထို့နောက် ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပခြင်း စသည်တို့ ပေါ်ပေါက် လာမည် ဖြစ်သည်။ လာမည့်နှစ် များတွင် တာဝန်ယူမည့် KNU ခေါင်းဆောင်သစ် တို့ကို ညီလာခံတွင် ရွေးချယ်သွားမည်ဖြစ်သည်။
လက်ရှိ KNU ဥက္ကဋ္ဌမှာ ဗိုလ်ချူပ်ကြီး တာမလာဘော ဖြစ်သည်။
KNU တွင် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံဗဟိုကော်မတီဝင် ၁၅ ဦး ရှိပြီး ၎င်းတို့အားလုံး ကြာသပတေးနေ့ အထူးအရေးပေါ်အစည်းအဝေး အပါအ၀င်၊ ဗဟိုကော်မတီ အစည်းအဝေး နှင့် ၁၅ ကြိမ်မြောက်ညီလာခံကို တက်ရောက်ကြမည်ဖြစ်သည်။
ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊
ဗဟိုတရားရေးဌာနတာဝန်ခံပဒိုဒေးဗစ်ထော၊ ဗဟိုလူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို
အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ် ဖောက်ဖျက်မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့် မထောက်ခံသူများ ပေါ်ပေါက်လာပြီး သဘောထား တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုလ ၈ ရက်နေ့မှ စတင် ကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက် ညီလာခံတို့ကို ရက်ရွှေ့လိုက်ရခြင်း ဖြစ်သည်။
ထုတ်ပယ်ခံရသူများ အနက် ပဒိုဒေးဗစ်ထော မှာယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနား ကို ယခုလ ၁၇ ရက်နေ့က KNU စစ်ရုံးတည်ရှိရာ လှိုင်းဘွဲမြို့နယ်ရှိ သေဘေထာ့ တပ်စခန်းတွင် ကျင်းပကာ ဂူသွင်းမြုပ်နှံခဲ့သည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။