အောက်တိုဘာ ၂၄ ၊ ၂၀၁၂
ဖွဲ့စည်းပုံ အခြေခံတွင် ပါဝင်သော သမ္မတလောင်း အရည်အချင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က “အဲဒီဥပဒေတို့ အမေတို့ သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီ ဥပဒေ ကို မျှတအောင်လုပ်ရမယ်”ဟု ယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် သတင်းထောက်များ ၏မေးမြန်းမှုများကို ဖြေကြားခဲ့ရာ တွင် ထည့်သွင်း ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရေး အတွက် NLD ပါတီ အနေဖြင့် မည်သည့် အချိန်အတွင် အဆိုတင် သွင်း မည်နည်း ဟု မေးမြန်းရာတွင် “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုပြင်ဆင်ဖို့ဆိုတာ ကတော့ ကိုယ့်မှာ ဘယ်လောက်အထိ အောင်မြင်နိုင် မလဲဆိုတဲ့ အခြေအနေ ကိုကြည့်ပြီး လုပ်ရ မှာဖြစ်ပါတယ်။ ဘယ်ကစ မလဲ ဆိုတာလည်း ဆုံးဖြတ်ရမယ်”ဟု Eleven Media Group၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြား ခဲ့သည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။