Pages

Monday, October 29, 2012

ကချင် အဖွဲ့ ငြိမ်းချမ်းရေး ယူမှာလား

လူတိုင်းစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်ပါတယ်။ သဘာဝ အားဖြင့်တော့ ကချင်အဖွဲ့ဟာ ခေါင်းဆောင်ပိုင်း ဂျိန်းဖောလူမျိုးကြီး ၀ါဒ ကိုင်စွဲမှု၊ အပြန်အလှန်စွပ်စွဲမှု၊ အချင်းချင်း သတ်ဖြတ်မှု တွေနဲ့ ရှုပ်ထွေးနေပါတယ်။ သမိုင်းကြောင်း အရ KIO ရယ်လို့ဖွဲ့စည်းတာ ၁၉၆၁ ခုနှစ် နှစ်ဆန်းပိုင်းမှာဖြစ်ပါတယ်။ ဖွဲ့စည်းပြီးမကြာမီ
၁၉၇၅ ခုနှစ်မှာပဲ အဖွဲ့အစည်းရဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်ပြီး ထိုင်းကိုထွက်ပြေးသွားတဲ့ KIO ခေါင်းဆောင် ဇော်ဆိုင်း၊ ဒုတိယခေါင်းဆောင် ဇော်တူးနဲ့ ပုံရွှေဇော်ဆိုင်း တို့ကို လက်အောက်မှာ ရှိတဲ့ တပ်ရင်း(၁၁)တပ်ရင်းမှူး ဆိုင်းတူ တို့က ထိုင်းနိုင်ငံအတွင်းထိ လိုက်ပြီးသတ်ဖြတ်ခဲ့ပါတယ်။

၁၉၆၈ မှာ စခုန်တိန့်ယိန်းက ဗကပစစ်ဒေသ(၁၀၁) အနေနဲ့ KIAကခွဲထွက်ခဲ့ပါတယ်။ KIA ခေါင်းဆောင် ပိုင်း ဟာ ဂျိန်းဖောလူမျိုးကြီးဝါဒကိုသာကိုင်စွဲပြီး ကျန်မျိုးနွယ်တွေကိုနှိပ်ကွပ်တဲ့အတွက် ခွဲထွက်ခဲ့တာဖြစ် ပါတယ်။ စခုန်တိန့်ယိန်းခွဲထွက်ခဲ့ပြီး သယံဇာတပေါတဲ့ ခေါင်လန်ဖူးနယ်မြေကို KIA ကလိုချင်လာ တဲ့ အတွက် ၁၉၇၀ မှာ စခုန်တိန့်ယိန်းအဖွဲ့နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ၁၀-၁၂-၂၀၀၄ ရက်နေ့မှာ စခုန်တိန့် ယိန်း စီးလာတဲ့ ကားကို ၀ါရှောင်ဆည်နဲ့ မလှမ်းမကမ်း ဂေါ် ဆက်ယန်ရွာနားက တံတား အလွန် မှာ  KIA  က မိုင်းခွဲပြီး လုပ်ကြံခဲ့တာတွေ၊ စခုန်တိန့်ယိန်း သွားလာ တတ်တဲ့နေရာတွေ မှာ ချောင်းပစ်ခဲ့ တာတွေ ရှိခဲ့ ဖူး တယ်။

၂၀၀၄ ခုနှစ်မှာ အဲဒီအချိန်က KIO ဥက္ကဋ္ဌ လမုန်တူးဂျိုင်နဲ့ စစ်ဦးစီးချုပ် အင်ဘန်လတို့က လဆန်အောင်ဝါ ကို အာဏာသိမ်းရန် ကြံစည်တယ်ဆိုတဲ့သတင်းအရ ထိန်းသိမ်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် လဆန်အောင်ဝါ က ကြိုတင် သတင်းရပြီး ခွဲထွက်တိမ်းရှောင်ခဲ့ပါတယ်။ KIA ဟာ အဖွဲ့အစည်းအတွင်းမှာ ဒီလိုရှုပ်ထွေး မှုတွေ ရှိနေခဲ့တာ အမှန်ပါ။

ဒီကြားထဲ ဆက်ကြေးကောက်ပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ခေါင်းဆောင်တွေက ကိုယ်ပိုင် စီး ပွားရေးတွေ လုပ်နေခဲ့ပါတယ်။ KIO စဖွဲ့ကတည်းက ကချင်ပြည်နယ်အတွက် ဘာတစ်ခုမှလုပ် မပေးခဲ့ပေ မယ့် ဇောင်းဟရားတို့၊ အင်ဘန်လတို့၊ ဂမ်ရှောင်တို့၊ ဂွမ်မော်တို့ ပိုင်ဆိုင်တဲ့ ဇိမ်ခန်းတွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေက တရုတ်နိုင်ငံမှာ အများကြီးပါ။ အခုမြန်မာအစိုးရနဲ့ တရုတ်အစိုးရ တို့အဆင်ပြေနေတော့ သူတို့ဆီကငွေတွေကို ယွမ်နဲ့ လဲလှယ်ခွင့်တွေ ကန့်သတ်ခံရတဲ့ အခါ ငွေဖြူမဟုတ် တဲ့ ငွေတွေဟာ လိုင်ဇာမှာ သုံးလို့မရဘဲ ဒီအတိုင်းပိတ်မိနေပြီး လက်အောက်အတွက် ရိက္ခာတွေမပေးနိုင် ဘူး လို့ ခေါင်းဆောင်တွေ က အကြောင်းပြနေ ပါတယ်။ တကယ်တော့ လက်အောက်က ကိုယ့်ဟာကိုယ် ရှာစားနေ ရ တာပါ။ ရှာစားနေရတော့ စာရင်းပြစရာမလိုဘူး။ တောင်းချင်တိုင်း တောင်းနိုင် တာပေါ့ ။ ပြဿနာ က လူထုပဲခံရတာပါ။

ကချင်နဲ့ ဗမာ ဘာမှမဆိုင်ဘူးလို့ KIO က အမြဲပြောတယ်။ ဟုတ်မှာပါ။ KIO အချင်းချင်းတောင် သတ်ဖြတ် လုပ်ကြံတာတွေ လုပ်နေတာပဲ၊ ဗမာကို သတ်ဖို့ကတော့ ဘယ်ဝန်လေးမလဲ၊ ဗမာစစ်တပ်ကိုဆို ပိုဆိုး တာပေါ့။ လုပ်မှာဘဲ၊ အချင်းချင်းတောင် သတ်နေတာ။ ဒါဆို ငြိမ်းချမ်းရေးယူပါ့မလား၊ ရှင်းနေတာပဲ၊ ဒါကြောင့် နိုင်ငံရေးအရပဲ  ဆွေးနွေးမယ်လို့ ပြောနေတာပေါ့။ ဆက်တိုက်မယ်ဆိုတဲ့သဘောပေါ့ဗျာ။
KIO ကို အကြမ်းဖက်လို့ သတ်မှတ်ထားတာပဲ၊ အမေရိကန်မှာဆို အကြမ်းဖက်အဖွဲ့အစည်း ကို ဆွေးနွေး စရာ အကြောင်းမရှိဘူး လို့ အိုဘားမားအစိုးရက ပြောထားတယ်။ ဘာဆွေးနွေးစရာလိုလဲ တိုက်သာ တိုက်ပစ်လိုက်တော့၊ မတိုက်လဲ ပြည်သူတွေခံနေရတာပါပဲ၊ တိုက်လည်း ခံရမှာပဲ၊ တိုက်လို့ KIO ကုန်သွားရင် နောင်ကောင်းမှာပဲ၊ သူ့ဟာသူသတ်လို့ သေမယ်ဆိုတာက ကြာအုံးမှာ၊ ငြိမ်းချမ်းရေး လဲမလုပ် မဲ့ အတူတူ တိုက်ပါတော့လို့  စစ်တပ်ကို ပြောချင်တယ်။

ကျုပ်တို့ ကချင်ပြည်နယ် အတွက် တံတားတစ်စင်း ဆောက်မပေးဘူးတဲ့ KIA ဟာ စစ်တပ်နဲ့ တိုက် ပွဲဖြစ်တော့ တံတားတွေ တစ်စင်းပြီးတစ်စင်း ဖျက်ဆီးပစ်ခဲ့ပါ ပကောလား၊ တံတားတွေတင်မက မီးရထား လမ်း၊ ကားလမ်းတွေလည်း အပိုင်းပိုင်းဖြစ်၊ ကချင်တွေ ကျီးလန့်စာစားဖြစ်ကြ၊ စီးပွားပျက်ကြ၊ သားတစ်ကွဲ မယားတစ်ကွဲ ဖြစ်ကြ၊ ပူဆွေးသောကရောက်ကြ၊ သေကြ၊ ကြေကြ၊ သူတို့ကတော့ ဟိုဘက်နိုင်ငံက ဟိုတယ်ထဲမှာ ဇိမ်ကျနေ.... ကောင်းပါပေ့ဗျာ။

ဒါကြောင့် ကချင်အဖွဲ့ ငြိမ်းချမ်းရေး ယူ မှာလားလို့မေးယင် ဒီအတိုင်းတော့ ယူမှာ မဟုတ်ဘူး၊ ကျုပ်တို့ ကချင် တစ်မျိုးသားလုံး က KIA ကို ဆန့်ကျင်မှသာ ငြိမ်းချမ်းရေး ယူမှာဖြစ်တယ်။ ဒါကြောင့် စစ်တပ်ကလဲ KIAကို တိုက်၊ ကျုပ်တို့ ကချင်မျိုးနွယ် ၆ ခုလုံး ပူးပေါင်းပြီးတော့လဲ KIA ကိုဆန့်ကျင်ချေမှုန်း .... ဒါဆို အမိုက်ကောင်တွေ နိဂုံး ချုပ်မယ် .....။

လဖိုင်နော်အောင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: