Pages

Thursday, October 25, 2012

အာဆီယံ အင်ဂျင်နီယာ အောင်မြင် ထူးချွန်ဆု ဆောက်လုပ်ရေး ဝန်ကြီးဌာန ရရှိ

နှစ်နှစ်ကျော် ကာလအတွင်း တံတား သုံးစင်းကို ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အား အာဆီယံ အင်ဂျင်နီယာ အသင်းချုပ်မှ ပထမဆုံး အကြိမ် အသိအမှတ်ပြု ဆုတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့် သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ ASEAN Engineering Outstanding Award ဟု အမည် ပေးထား သည့် အာဆီယံ အင်ဂျင်နီယာ အောင်မြင် ထူးချွန်ဆုကို ဒီဇင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ASEAN CAFEO တွင် ပေးအပ် ချီးမြှင့် သွားမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ် ခဲ့သော အရှည် ၇၄၀၂ ပေရှိ ညောင်တုန်း တံတား အရှည် ၁၁၄၃၁ ပေရှိ ပခုက္ကူ တံတားနှင့် အရှည် ၃၂၁၅ ပေရှိ စင်းခန်း တံတားတို့ ဆောက်လုပ်နိုင်မှု အတွက် ဖြစ်ပြီး အာဆီယံနိုင်ငံ များဆိုင်ရာ အင်ဂျင်နီယာ အသင်းချုပ်မှ ဝန်ကြီးဌာနကို ပထမဦးဆုံး ပေးအပ်သည့် ဆုတစ်ခုလည်း ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။ မော်တော်ကား လမ်းနှင့် မီးရထားလမ်း ယှဉ်တွဲပါ တံတားများ ဖြစ်ကြသည့် အဆိုပါ ဧရာဝတီမြစ်ကူး တံတား သုံးစင်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများ ကတည်းက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ထားခြင်း ဖြစ်သည်ဟု ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည့် အင်ဂျင်နီယာ မှူးဟောင်း ဒေါ်စီသန်းက ပြောသည်။ “အန်တီတို့ အရှည်ဆုံး တံတားတွေ ဆောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတံတားကြီး တွေက တည်ဆောက်ချိန် ၇ နှစ် ယူခဲ့ရတယ်။ အခု ဆုရတဲ့ တံတား တွေက ဒီလိုမဟုတ်ဘဲ အချိန်တိုအတွင်း စီမံခန့်ခွဲမှု အားကောင်းကောင်း နဲ့ ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ဆုရခဲ့တယ် လို့ ပြောလို့ရတယ်” ဟု ၄င်းက ဆက်လက် ပြောသည်။ မြန်မာ အင်ဂျင်နီယာများ ဖြင့်သာ ဆောက်လုပ်မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန က ဆုရ ရှိခဲ့သလို ၂၀၀၃ ခုနှစ်က အဖွဲ့လိုက် ဆုနှစ်ဆု ရရှိခဲ့ဖူးကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တံတားငယ် များစွာ တည်ဆောက်နိုင်မှုကြောင့် တိုးတက်မှုဆု နှင့် အမျိုးသမီး အင်ဂျင်နီယာများဖြင့် သီးသန့် တည်ဆောက်ခဲ့သော ရဲနွယ်တံတား သည်လည်း ဆုရရှိခဲ့သည်။

From : ရဲလင်းနိုင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အာဆီယံ အင်ဂျင်နီယာ အောင်မြင် ထူးချွန်ဆု ဆောက်လုပ်ရေး ဝန်ကြီးဌာန ရရှိ

Labels:

နှစ်နှစ်ကျော် ကာလအတွင်း တံတား သုံးစင်းကို ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အား အာဆီယံ အင်ဂျင်နီယာ အသင်းချုပ်မှ ပထမဆုံး အကြိမ် အသိအမှတ်ပြု ဆုတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့် သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ ASEAN Engineering Outstanding Award ဟု အမည် ပေးထား သည့် အာဆီယံ အင်ဂျင်နီယာ အောင်မြင် ထူးချွန်ဆုကို ဒီဇင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ASEAN CAFEO တွင် ပေးအပ် ချီးမြှင့် သွားမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ် ခဲ့သော အရှည် ၇၄၀၂ ပေရှိ ညောင်တုန်း တံတား အရှည် ၁၁၄၃၁ ပေရှိ ပခုက္ကူ တံတားနှင့် အရှည် ၃၂၁၅ ပေရှိ စင်းခန်း တံတားတို့ ဆောက်လုပ်နိုင်မှု အတွက် ဖြစ်ပြီး အာဆီယံနိုင်ငံ များဆိုင်ရာ အင်ဂျင်နီယာ အသင်းချုပ်မှ ဝန်ကြီးဌာနကို ပထမဦးဆုံး ပေးအပ်သည့် ဆုတစ်ခုလည်း ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။ မော်တော်ကား လမ်းနှင့် မီးရထားလမ်း ယှဉ်တွဲပါ တံတားများ ဖြစ်ကြသည့် အဆိုပါ ဧရာဝတီမြစ်ကူး တံတား သုံးစင်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများ ကတည်းက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ထားခြင်း ဖြစ်သည်ဟု ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည့် အင်ဂျင်နီယာ မှူးဟောင်း ဒေါ်စီသန်းက ပြောသည်။ “အန်တီတို့ အရှည်ဆုံး တံတားတွေ ဆောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတံတားကြီး တွေက တည်ဆောက်ချိန် ၇ နှစ် ယူခဲ့ရတယ်။ အခု ဆုရတဲ့ တံတား တွေက ဒီလိုမဟုတ်ဘဲ အချိန်တိုအတွင်း စီမံခန့်ခွဲမှု အားကောင်းကောင်း နဲ့ ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ဆုရခဲ့တယ် လို့ ပြောလို့ရတယ်” ဟု ၄င်းက ဆက်လက် ပြောသည်။ မြန်မာ အင်ဂျင်နီယာများ ဖြင့်သာ ဆောက်လုပ်မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန က ဆုရ ရှိခဲ့သလို ၂၀၀၃ ခုနှစ်က အဖွဲ့လိုက် ဆုနှစ်ဆု ရရှိခဲ့ဖူးကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တံတားငယ် များစွာ တည်ဆောက်နိုင်မှုကြောင့် တိုးတက်မှုဆု နှင့် အမျိုးသမီး အင်ဂျင်နီယာများဖြင့် သီးသန့် တည်ဆောက်ခဲ့သော ရဲနွယ်တံတား သည်လည်း ဆုရရှိခဲ့သည်။

From : ရဲလင်းနိုင်
0 comments: