Pages

Thursday, October 25, 2012

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူမြို့နယ် များ တွင်ဖြစ်ပွား လျက်ရှိသော ပဋိပက္ခများ နှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြားထား

ရခိုင်ပြည်နယ် မင်းပြား၊ကျောက်ဖြူ၊ မြောက်ဦးမြို့နယ်များတွင် အောက် တိုဘာလ ၂၁ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှ အောက်တိုဘာလ ၂၄ ရက်နေ့
ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
                  
ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် အောက်တိုဘာလ ၂၂ရက်နေ့တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင် ရွက်ခဲ့ကြောင်းသို့ရာတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများအဓိကဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ ၀င်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန်သမ္မတမှညွှန် ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။     
                       
ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက မြောက်ဦးမြို့တွင် မြောက်ဦးနှင့် မင်းပြားမှ သံဃာတော်များအပါအ၀င် အင်အားလေးသောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက်ခိုက်ရန်စီစဉ်ခဲ့သည်မှာ မှန်ကြောင်း သို့ရာတွင် ပြည်နယ် အစိုးရတာဝန်ရှိသူများ၊တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဆရာတော် သံဃာတော်များ၊ရခိုင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်များ နှင့် မြို့မိမြို့ဖများ၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိပြီးဖြစ်ကြောင်းလည်း ဦးဇော်ဌေး(မှူး ဇော်)က ၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။    
                      
အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင်လည်း ဘင်္ဂါလီ အမျိုးသမီးများက ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များသို့ မီးကွင်းများဖြင့် စတင်ပစ်ခက်ရာမှ ပဋိပက္ခစတင်ဖြစ်ပွား ခဲ့ပြီး အပြန်အလှန်မီးရှို့မှုများဖြစ်ပွားခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိမ်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုလည်း ဖော်ပြထားပြီး အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသူ ၁၀ဦး ခန့်ရှိကြောင်း ဘင်္ဂါလီအချို့သည် လှေများဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။    
                      
အောက်တိုဘာလ ၂၁ရက်နေ့  ည ၁၀နာရီ ၃၀မိနစ်အချိန်မှ စတင်ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ စတင်ခဲ့ရာမှ မင်းပြားမြို့ နယ် နှင့်  မြောက်ဦး မြို့နယ် များ တွင် ပဋိပက္ခများဖြစ်ပွား ခဲ့ကြပြီး အောက်တိုဘာ  ၂၂၊ ၂၃၊ ၂၄ရက်နေ့များ အထိ ဆူပူအကြမ်းဖက် မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဉ် များကြောင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Eleven Media Group မှ ကူုးယူဖော်ပြသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူမြို့နယ် များ တွင်ဖြစ်ပွား လျက်ရှိသော ပဋိပက္ခများ နှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြားထား

Labels:

ရခိုင်ပြည်နယ် မင်းပြား၊ကျောက်ဖြူ၊ မြောက်ဦးမြို့နယ်များတွင် အောက် တိုဘာလ ၂၁ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှ အောက်တိုဘာလ ၂၄ ရက်နေ့
ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
                  
ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် အောက်တိုဘာလ ၂၂ရက်နေ့တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင် ရွက်ခဲ့ကြောင်းသို့ရာတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများအဓိကဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ ၀င်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန်သမ္မတမှညွှန် ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။     
                       
ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက မြောက်ဦးမြို့တွင် မြောက်ဦးနှင့် မင်းပြားမှ သံဃာတော်များအပါအ၀င် အင်အားလေးသောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက်ခိုက်ရန်စီစဉ်ခဲ့သည်မှာ မှန်ကြောင်း သို့ရာတွင် ပြည်နယ် အစိုးရတာဝန်ရှိသူများ၊တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဆရာတော် သံဃာတော်များ၊ရခိုင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်များ နှင့် မြို့မိမြို့ဖများ၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိပြီးဖြစ်ကြောင်းလည်း ဦးဇော်ဌေး(မှူး ဇော်)က ၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။    
                      
အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင်လည်း ဘင်္ဂါလီ အမျိုးသမီးများက ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များသို့ မီးကွင်းများဖြင့် စတင်ပစ်ခက်ရာမှ ပဋိပက္ခစတင်ဖြစ်ပွား ခဲ့ပြီး အပြန်အလှန်မီးရှို့မှုများဖြစ်ပွားခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိမ်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုလည်း ဖော်ပြထားပြီး အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသူ ၁၀ဦး ခန့်ရှိကြောင်း ဘင်္ဂါလီအချို့သည် လှေများဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။    
                      
အောက်တိုဘာလ ၂၁ရက်နေ့  ည ၁၀နာရီ ၃၀မိနစ်အချိန်မှ စတင်ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ စတင်ခဲ့ရာမှ မင်းပြားမြို့ နယ် နှင့်  မြောက်ဦး မြို့နယ် များ တွင် ပဋိပက္ခများဖြစ်ပွား ခဲ့ကြပြီး အောက်တိုဘာ  ၂၂၊ ၂၃၊ ၂၄ရက်နေ့များ အထိ ဆူပူအကြမ်းဖက် မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဉ် များကြောင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Eleven Media Group မှ ကူုးယူဖော်ပြသည်။
0 comments: