Pages

Friday, October 26, 2012

ဟန်လင်းမြို့ဟောင်းနှင့်ရွှေဂူကြီးစေတီတော်

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝကျော်က စတင်ပေါ်ပေါက်ထွန်းကားစည်ပင်ခဲ့သော ပျူမြို့ပြနိုင်ငံတော် ဟန်လင်းရှေးဟောင်းဒေသ သို့ ရောက်ဖြစ်ခဲ့ပါသည်။ ဟန်လင်းသို့ ရွှေဘိုမြို့မှလည်းကောင်း၊ ရွှေဘို-မန္တလေးကားလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှလည်းကောင်း အတွင်းသို့ ၁ဝမိုင်ကျော်ခန့်ဝင်ကာသွားရပါသည်။ ယခုအချိန်တွင် ရွာကြီးတစ်ရွာအဖြစ် တည်ရှိနေသော ဟန်လင်းမြို့ဟောင်းသည် ခရစ်နှစ် နှစ်ရာ စုခန့်ကတည်းက ပျူလူမျိုးတို့ အခြေချနေထိုင်ခဲ့ကြပြီး ခရစ်နှစ် ၃ ရာစုနှင့် ၆ ရာစုအကြား ၌စည်ပင် ဖွံ့ဖြိုးခဲ့ကြာင်း သိရပါသည်။ဟန်လင်းကို ဟင်းလင်းဟု လည်းကောင်း၊ ဟန်လင်ဟုလည်းကောင်း သမိုင်းအထောက်အထား များတွင်တွေ့ရှိ ရကြောင်း၊ ပုဂံမတိုင်မီ ခရစ်နှစ်၈ ရာစု၊ ၉ ရာစုလောက် ကပင်ပြာပူ မိုးများရွာသွန်းကာ မီးလောင်၍ပျက်ခဲ့သောမြို့ဖြစ်ကြောင်း သမိုင်း ပညာရှင်များက ဆိုကြ ပါသည်။

ရှေးဟောင်းရုပ်ကြွင်းပြတိုက်များ၊ ပစ္စည်းများ၊ ရေပူတွင်း၊ ရေအေးတွင်း များ၊ဆားကွင်းများ သည် ဟန်လင်း၏ပြယုဂ်များအဖြစ်တည်ရှိနေပါသည်။ ဟန်လင်းရွှေဂူကြီးစေတီတော်သည် ဟန်လင်း မြို့တော်ဟောင်း ၏ အရှေ့မြောက် ဘက်ကုန်းတော်ပေါ်တွင်တည်ရှိ ပါသည်။ထို စေတီတော် ကို လွင်ချန်ဖြိုး နတ်မောက်ဟန်လင်းမြို့ဟောင်းနှင့်ရွှေဂူကြီးစေတီတော်နောက် ဆုံး ပျူမင်း ဆက် ဖြစ်သည့် နောင်တော်ပျူမင်းနှင့် ညီတော် ပြုံးမင်းတို့လက်ထက် ဟန်လင်းမြို့ကြီးကောင်းစားစဉ် အခါက ရတနာရွှေ မိုး၊ငွေမိုးများ ရွာသွန်းခဲ့ပြီး ယင်းရတနာများကို ဌာပနာ ၍ တည်ခဲ့သော စေတီတော် ဟုဆိုကြပါသည်။ နောက်ပိုင်းတွင် သီရိ ဓမ္မာသောကမင်းကြီးက ဗုဒ္ဓနှင့် ရဟန်းတော် ဓာတ်တော်များပါ ထပ်မံဌာပနာ၍ပြန်လည်ပြုပြင်ခဲ့ပါသည်။အင်းဝခေတ်နှင့် ကုန်းဘောင် ခေတ် များတွင်လည်း တစ်ကြိမ်စီ ပြန်လည် မွမ်းမံခဲ့ကြပါသည်။

ဟန်လင်းရွှေဂူစေတီတော်၏ ထူးခြားချက်မှာ နှစ် စဉ်တွင် တည်ရှိ သည်ဖြစ်၍ စေတီတော် ရင်ပြင်မှကြည့် လျှင် ဟန်လင်းမြို့ဟောင်းတစ်ခွင်လုံးကို အပေါ်စီးမှမြင်တွေ့နေရပါ သည်။ စေတီတော် ရင်ပြင် သို့ ရောက်အောင် စောင်းတန်းဖြင့်တက်ခဲ့ကြရပြီး စောင်းတန်း၏ဘယ်ဘက်၊ စေတီတော် ခြေရင်းတွင်ရှေးဟောင်းရုပ် ကြွင်းပြတိုက် ကိုလည်းဝင်ရောက် လေ့လာနိုင် ပါသည်။

ဟန်လင်း ရွှေဂူကြီး စေတီတော်သည်ဟန်လင်းမြို့ဟောင်း၏ ကျက်သရေဆောင်ဖြစ် သလို ဝက်လက် မြို့နယ်အတွင်းရှိ ရွှေဂူကြီးစေတီ လေးဆူတွင်အပါအဝင်ဖြစ်သည်။ ရွှေအဂူကြီးကဆုန် လပြည့် ၊ ဝါဆိုလပြည့် နှင့်  သီတင်းကျွတ် လပြည့်နေ့များတွင်တစ်နှစ်လျှင် သုံးကြိမ်တိုင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခြင်းပင်ဖြစ်ပါသည်။

ဟန်လင်းရွှေဂူကြီးစေတီတော်နှင့် ပတ်သက် ၍ သမိုင်းကြောင်းမှတ်တမ်းမှတ်ရာများကို အသေးစိတ်မတွေ့ရှိ၊ မလေ့ လာနိုင်ခဲ့သော်လည်းစေတီတော်အား ဖူးမြော်ရသည်မှာအလွန် ပင် ကြည်နူးသာယာဖွယ်ကောင်းလှပါသည်။ ကုန်းမို့မို့အထက် စေတီလေး ဆူမှာ ဟန်လင်း  ရွှေဂူကြီး  စေတီတော်  ၊ သစ်ဆိမ့်ရွာငါးမျက်နှာရွှေဂူကြီးစေတီတော်၊ ဆင်းကွတ်ရွာရွှေဂူ ကြီးစေတီတော်၊ ပင်းဇင်းရွာရွှေဂူကြီးစေတီတော်တို့ဖြစ်ပါသည်။ ဟန်လင်း ရွှေဂူကြီး စေတီတော် အားလာရောက်ဖူးမြော်ကြည်ညိုရင်း ပျူမြို့ တော် ဟောင်း ဟန်လင်းဒေသသို့တစ်ခါတစ်ခေါက် ကြွမြန်း ခဲ့ကြပါဦးဟု ဒေသခံများကိုယ်စား ဖိတ်ခေါ်လိုက်ရပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: