ဒဂုံ ၁ လူကူးတံတားအောက်က ဖြတ်တာ
ဓါတ်ပုံရိုက်တဲ့ ဂျာနယ်လစ်တွေကို ရေသန့်ဘူးနဲ့ ပေါက်တာ ၁၀ လုံးမကဘူး၊ ငါနဲ့
တုပ်တယ်၊ ခဲနဲ့ ထုမယ်ပြောတယ်။ ဆူးလေ အနော်ရထာထိပ်က တံတားမှာ ကွမ်ဒွမ်
ဗန်း နဲ့ရောင်းတဲ့ ကွမ်းယာသည်ကော၊ ကုလားမကော တက်နေတော့ အလယ်မှာ မရပ်ဖို့
ဘေးကပ်ဖို့ လောက် ပဲ ပြောတယ်။ ဆူးလေ ဗလီနဲ့ ဘုရားကို ကူးတဲ့ တံတားမှာ
တံတားပေါ်မတက်ပဲ တံတားအတက် လှေ ကားပေါ်က ရိုက်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုသမားကို
ပုဆိုးမ… မအေနှမ ပြောပီး “မအေပေးတွေ ငါပါးတက်ရိုက် လိုက် ရတဲ့။” ဘေးမှာ
ရပ်နေတဲ့ ကျုပ်က ကြည့်တော့ ကျုပ်ကို ပြန်ပြီး ခါးထောက်ကြည့်တယ်။
ငြိမ်းချမ်းေ ရးနေ့ အထိမ်းအမှတ် အပြာရောင် တီရှပ်နဲ့ အဲ့ဒီ လူကြီးလူကောင်းက
သူတို့ အချင်းချင်း ပြန်ထိန်းေ ခ်ါသွား ရ တဲ့အထိ ဒေါသတွေ ကြီးနေတယ်။
ယခင်တုန်းက ပုဆိုးဖြင့် ခွေးဆွဲဝက်ဆွဲ ခံခဲ့ရသည့် ထင်ကျော်၊ ယနေ့ စတိုင်သစ်
ဘုန်းကြီးကို လက်ချိတ်ပေးထားတဲ့
ကောင်တွေ ထဲမှာ နေ့ခင်းကြောင်တောင် သောက်ရည်ေ သာက်ပြီးေ သာက်နံ့တွေ
ထွက်နေတဲ့ ကောင်တွေ တပုံကြီး။ ဘုန်းကြီး အလံထောင် ဆန္ဒပြတာ ပေ ၂၀ လောက်က
တယ် လီနဲ့ ဓါတ်ပုံရိုက်တာ ရှေ့က ဝင်ကာလို့ ဖယ်ပေးဖို့ ပြောတာ ကျုပ်နဲ့
သောက်စကား များရတယ်။ လက် တွဲကာထားတဲ့ သူတို့ထဲက မိန်းမတယောက်ကတော့ပြောတယ်။
သူတို့က ဓါတ်ပုံထဲ ပါချင်တာတဲ့။ ဘုန်းကြီးအော်၊ စာတမ်းဖတ်တာနဲ့ အပြိုင်
လိုက်အော်၊ စာတမ်းလိုက်ဖတ်နေလို့ ဘုန်းကြီးနဲ့ ဝန်းရံသူလား ပါဝင်သူလား
မကွဲတဲ့ ကောင်တွေ လူရှေ့သူရှေ့မှာ စကားတွေများကြတယ်။
“စက်တင်ဘာ တုန်းက အဲ့ကောင်တွေ
ဘယ်ရောက်နေသလဲလို့” ပြောတဲ့ ကောင်ရှိသေးတယ်။ “စက်တင် ဘာ တုန်းက
ဘယ်လိုပုံတွေကြောင့် ကမ္ဘာက သိခဲ့တာလဲလို့ ပြန်မေးရအောင် ဒင်း
ဦးဏှောက်မှီတယ် မ ထင်လို့ မပြောခဲ့ဘူး မီဒီယာတွေ တအားများလွန်းတာလဲ
စိတ်အနှောင့်အယှက် ဖြစ်စရာဆိုတာ လက်ခံ တယ်။
မီဒီယာတွေ မလိုလားရင်
ဆန္ဒပြပွဲမတိုင်ခင် တရက်လောက်တည်းက သတင်းထောက်တွေ ဖုန်းမှန်သမျှ
လိုက်ဆက်သတင်းပေးမနေနဲ့။ လက်ပံတောင်းကိစ္စဖြစ်ပြီး ရန်ကုန်မှာ ဖြစ်သမျှ
ဆန္ဒပြပွဲတွေ အကုန်လုံး (အကုန်လုံး) နီးပါးမှာ မီဒီယာသမားတွေ မစုံသေးခင်
ဆန္ဒပြသူတွေ ထွက်လာတဲ့ ပွဲ တပွဲမှ ကျုပ်မတွေ့ဘူး။ ကိုယ့်သဘောကိုယ်ဆောင်
ဆန္ဒပြတာ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ မီဒီယာနဲ့ ပြဿနာ ဖြစ်စရာ မလိုဘူး။
ကင်မရာကိုင်ထားတဲ့သူကို ရင်ဘတ်ဆောင့်တွန်းတဲ့ သတ္တိ၊ နံပါတ်တုတ်မပါတဲ့
ရဲနဲ့တောင် ပြရဲသလား။
လူထူရင် ဆွဲမယ့်သူရှိရင်
လက်သည်မပေါ်နိုင်တဲ့အချိန်ရောက်ရင် ဆွမ်းကြီးသတ္တိပြချင်တဲ့ သောက်ကျင့်နဲ့
ဒီမိုကရေစီစကား ပြောချင်သေးတယ်။ ဆန္ဒပြသူအကုန်လုံး မဟုတ်ပေမယ့် ဆန္ဒပြတိုင်း
ဒီလိုလူမျိုးတွေ အမြဲပါနေတာ သတင်းသမားတွေအကုန်လုံး သိတယ်။ ငြိမ်းချမ်းစွာ
ဆန္ဒပြတယ် လို့ သုံးနှုန်းချင်ရင် ဒီလိုအမူအကျင့်တွေ မလုပ်နဲ့။
စောင်းမရေးဘူး။ သောက်ခွက်လေး
ဖုန်းပြီး မရေးဘူး။ ရုပ်တင်ပြီး နာမည်ရင်းနဲ့ တည့်တည့်ရေးတယ်။ ကျုပ် နာမည်
သတင်းလောကမှာ သိပ်စုံစမ်းဖို့ မခက်ဘူး။ နာလွန်းလို့ မခံနိုင်ရင်
ချောင်းရိုက်၊ ကြောက် တတ် လို့ ပါလို့ နားလည်ပေးမယ်။ သတ္တိရှိရင်
မျက်နှာချင်းဆိုင်ပြီးလုပ် သေအောင် မလုပ်နိုင်ရင်တော့ တသက်လုံး မတွေ့အောင်
ပုန်းလို့ရတဲ့ နေရာရှာ။ ဘောပဲ။
Lynn Bobo
Rashly Nay Win ထံမှကူးယူဖော်ပြသည် ...
OppositEyE
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။