ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး
ရွာနေ ဒေါ်လှရီ ၅၃ နှစ် (ဘ)ဦးလှတင်၏ သမီးဖြစ်သူ ကြူကြူမော် ၃၅ နှစ် (ဘ)
ဦးစိန်ထွန်းရီနှင့် သူငယ်ချင်း မူမူစံ ၃၅ နှစ်(ဘ) ဦးစံငြိမ် တို့နှစ်ဦးသည်
နိုဝင် ဘာအတွင်းက ရန်ကုန်မြို့မှ ပြန်လာရာ လွန်ခဲ့သော ရှစ်နှစ်ခန့်က
မြင်းကကုန်း ကျေးရွာမှ ထွက်ခွာသွားခဲ့သူ ခင်ဖြိုး ၂၂ နှစ်
(ဘ)ဦးမြကြိုင်နှင့် တူးတူးမာ ၃၂ နှစ် (ဘ) ဦးကြည်ဝင်း တရုတ်ပြည်
ပူစီမြို့နယ် နေသူတို့နှစ်ဦး လိုက်ပါလာကြပြီး ဒေါ်လှရီ နေအိမ်၌
တည်းခိုခဲ့ကြသည်။
ထိုစဉ် ၄င်းတို့နှစ်ဦးမှ
ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦးကိုမူဆယ်တွင် အလုပ်
လုပ်ကိုင်ရန်ပြောဆို စည်းရုံး ၍ ခေါ် ဆောင်သဖြင့် ကြူကြူမော်နှင့် မူမူစံ
နှစ်ဦးလည်း ခင်ဖြိုးနှင့်တူးတူးမာတို့ နှင့်အတူရန်ကုန်မြို့သို့
လိုက်ပါသွားခဲ့ ကြသည်။
တစ်လခန့် အကြာဒီဇင်ဘာ ၂ ရက်တွင်
မြင်းက ကုန်းကျေးရွာနေ ဒေါ်လှရီ၏ နေအိမ်သို့ တူးတူးမာ ထပ် မံ ရောက်ရှိ လာပြီး
ကြူကြူမော်ထံမှ မိခင်ဒေါ်လှရီအတွက် ငွေကျပ်နှစ်သိန်း ခြောက်သောင်းထည့် ပေး
လိုက်ကြောင်း၊ မူမူစံ၏ မိခင်ထံသို့လည်း မူမူစံထံမှ ပေးလိုက်သော ငွေကျပ်
သုံးသိန်းလာ ရောက်ပေး ပို့ သည်ဟုဆို၏။
ဒေါ်လှရီ ၏ သမီးကြူကြူမော်နှင့်
မူမူစံတို့ အား တွေ့ဆုံ ဆက် သွယ်ပြောဆိုလိုပါ
လျှင်ရန်ကုန်မြို့သို့ လိုက် ပါ၍ အင်တာ နက်မှတစ်ဆင့် ဆက်သွယ်နိုင်ပါကြောင်း
ပြောပြ၏။ ထို့ကြောင့်လည်း ဒေါ်လှရီက တူးတူးမာ ဆိုစကားကို ယုံကြည်
လက်ခံပြီးသမီးကြူကြူမော်နှင့် အင်တာနက်မှတွေ့ဆုံနိုင်ရန် ဒီဇင်ဘာ ၄ ရက် ည ၇
နာရီက ဒေါ်လှရီသည် တူးတူးမာနှင့် အတူ ရန်ကုန်သင်္ဘောကို စောင့်ဆိုင်းနေ ကြ၏။
ထိုစဉ် မြင်းကကုန်း ရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များက လူကုန်ကူးနေသူ တူးတူးမာရောက် ရှိနေကြောင်း သတင်းအရ
ဒေါ်လှရီနှင့် တူးတူးမာတို့အား ရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ တူးတူးမာ၏
ဝန်ခံချက် အရ ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦး ကိုတရုတ်ပြည် ပူစီမြို့နယ်
ခေါနန်း ကျေးရွာ တရုတ်အမျိုး သားများ ထံသို့ ပို့ဆောင်ပေးပြီး တစ်ဦးလျှင်
တရုတ် ယွမ်ငွေ ၃၃ဝဝဝ ဖြင့် ရောင်းစားခဲ့ ကြောင်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် ဒီဇင်ဘာ ၅ ရက် ည ၈
နာရီ မိနစ်၂ဝ တွင် ဒေါ်လှရီ၏ တိုင်တန်းချက်အရ မြင်းကကုန်းရဲစခန်းမှ (ပ)
၎ဝ/၂ဝ၁၂ လူကုန်ကူးတား ဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်လှစ် ပြီး
လူကုန်ကူးမှု ကျူးလွန်သူ တူးတူး မာအား ဖမ်းဆီးအရေးယူ ထားရှိကြောင်း သိရသည်။
ကျန်ရှိနေသည့် ခင်ဖြိုး ကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။