Pages

Wednesday, December 5, 2012

“““ အီရတ် စစ်ပွဲ၊ မြန်မာ ပါးစပ် စစ်ပွဲ ”””

အခုရက်ပိုင်းအတွင်း ကျွန်တော့်မှာဖြင့် ကိုယ့်အလုပ်နဲ့ကိုယ် ယားတဲ့နေရာကိုတောင် ထုံးတို့ထားရတယ်။ အဲဒီတော့ သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။ သတင်းတွေ မဖတ်ဖြစ်တဲ့အတွက် ပြောစရာသိပ် မရှိ ဘူး။ ပြောစရာသိပ်မရှိတဲ့အတွက် သိပ်မရေးဖြစ်ဘူး။ သိပ်မရေးဖြစ်တဲ့အတွက် သိပ်အဆဲမခံရဘူး။ သိပ်အ ဆဲမခံရတဲ့အတွက် နေရထိုင်ရတာ သိပ်အဆင်မပြေဘူး။ :D
 
အချိန်အားလေးရတုန်း သတင်းလေး ၀င်ဖတ်မိပါတယ်။ မြင်ရဖတ်ရသမျှက သရုပ်ဆောင် ဇော်ဝင်းနိုင်ကြီး "အဲဒီအခန်းဖြတ်" ဇာတ်လမ်းတိုထဲမှာ ကြိမ်းသလိုမျိုး ကြိမ်းရမယ်ဆိုရင်တော့ "..... ငါလုပ်လိုက်ရင်တော့ ကျန်မှာကို မဟုတ်တော့ဘူး" ဆိုသလိုပါပဲဗျာ။ ကျွန်တော်ကိုဉာဏ်လည်း ကိုယ့်ထမင်းကိုယ်စားပြီး အလ ကားနေရင်း ငပွကြီးတစ်ပိုင်း ဖြစ်နေပါရောလားဗျ။ တတ်နိုင်ဘူးဗျို့။ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတာလည်း ရှိရဲ့မဟုတ်လား။ အဲဒီတော့ ရေးစရာရှိက ရေးအပ်လှ၏ပေါ့ဗျာ။ သည်းခံပြီး ဖတ်ရှုဝေဖန်ပေးကြပါဦး။
အီရတ်ကို အမေရိကန်က စစ်ဝင်တိုက်တာဟာ ဘာကြောင့်လဲဆိုတာကို ကျွန်တော်ကိုဉာဏ်က မိကျောင်းမင်း ရေခင်းမပြလိုပါဘူး။ ဒါပေမယ့် အချို့အချို့သော မျက်စိပိတ် နားပိတ်တွေအတွက် နည်းနည်းတော့ ခြေဆင်းလေး ပြောပြပါရစေ။ အီရတ်ကို စစ်တိုက်ရခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ အမျိုးမျိုးဖြစ်နိုင်ပေမယ့် တကယ်တိုက်တဲ့အချိန်မှာ အမေရိကန်တွေ အကြောင်းပြချက် ပေးခဲ့တာက "အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဇီဝလက်နက်တွေရှိတယ်" ဆိုတာပါပဲ။ အဲဒီအတိုင်း အတိအကျကို အကြောင်းပြချက်ပေးပြီး ၀င်တိုက်ခဲ့တာပါဗျာ။ ဒါပေမယ့် စာဖတ်သူများ သိတဲ့အတိုင်းပဲ အီရတ်ကို သိမ်းပိုက်ခဲ့တာပဲရှိတယ်၊ အီရတ်ဟာ စစ်မြေပြင်၊ သုဿာန်တစပြင်၊ သွေးပင်လယ် ဖြစ်သွားခဲ့ရတာပဲ ရှိပါတယ်။ ဘာဇီဝလက်နက်မျှ တွေ့ရှိခဲ့ခြင်း မရှိပါဘူးဗျာ။
စိတ်ဝင်စားဖို့ကောင်းတာက အဲဒီလို လက်နက်တွေရှိပါတယ်လို့ သတင်းတွေ အတိအကျ ရခဲ့ပါတယ် လို့ ပြော ခဲ့တာက အမေရိကန်နိုင်ငံ ဖြစ်နေတာပါပဲ။ ကမ္ဘာပေါ်မှာ ယခုအချိန်အထိ အင်အားအကြီးမားဆုံး စူပါ့စူပါပါဝါ နိုင်ငံကြီးရဲ့ ဒေါ်လာသန်းပေါင်း မရေမတွက်နိုင်အောင် အသုံးပြုထားတဲ့ ထောက်လှမ်းရေး ကွန် ရက်က ပေးတဲ့သတင်းဟာ မှားယွင်းခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ဒါဟာ ဖျောက်ဖျက်လို့ မရတော့တဲ့ သမိုင်းအမည်းစက်တစ်ခုပါ။ ထားပါတော့... ပြောလိုရင်းက အမေရိကန်က အီရတ်ကို ၀င်တိုက်တဲ့ အကြောင်း မဟုတ်ပါဘူး။
သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။ အခြားသတင်းမှာလည်း နောက်ပုံစံတစ်မျိုး ဖတ်လိုက်ရတယ်။ ထုံးစံအ တိုင်းပေါ့။ အခုလောလောဆယ် ဟစ်အဖြစ်ဆုံးသတင်းဖြစ်တဲ့ လက်ပံတောင်းကိစ္စပါဗျာ။ သတင်းပေါင်းစုံ ထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက လက်ပံတောင်းကိစ္စမှာ ရဲတပ်ဖွဲ့က အသုံးပြုခဲ့တာဟာ ဘာဖြစ် တယ်၊ ညာဖြစ်တယ် ဆိုတာပါပဲ။ ပြောသမျှလူတွေ အားလုံးဟာ မုံရွာကိုသွားပြီး စစ်ဆေးခဲ့တာလည်း မရှိ ဘူး၊ ဒဏ်ရာရသူတွေကို သွားတွေ့တာ၊ သွားကြည့်တာ၊ ခံစားနေရတာကို မေးမြန်းတာ၊ ဆေး ကုသပေးနေ တဲ့ ဆရာဝန်တွေဆီက မှတ်ချက်မေးတာ၊ စသဖြင့် စသဖြင့် ဘာမျှ လုပ်ကိုင်တာ မရှိပါဘဲလျက် သူတို့ကျွမ်း ကျင် တဲ့ ပညာရပ်တွေနဲ့ ဆင်ခြင်ပြီး အဖြေထုတ်ထည့်လိုက်တာများ အံ့သြဖို့တောင် ကောင်းလိုက်တာဗျာ။ အခုလို အချိန်မျိုးမှာ ကိုယ့်စကားတစ်ခွန်းဟာ ဘယ်လောက်တာသွားတတ်သလဲဆိုတာ စဉ်းစားကြစေ ချင် ပါတယ်။ နောက်တစ်ချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားပြီးသား ဖြစ်တဲ့အတွက် အစီရင် ခံ စာ မထွက်ခင် အခုလိုတွေ ပြောနေတာဟာ ကော်မရှင်ကို စော်ကားနေတယ်လို့ မြင်ပါတယ်။ တကယ်လို့ ကိုယ့်ပညာအရ ပြောချင်တယ်ဆိုရင်လည်း ဒါမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းတဲ့သဘော၊ မှန်းဆတဲ့သေ ဘာ ပြော သင့်ပါတယ်။ အခုတော့ အတိအကျကို ဘာဗုံးအမျိုးအစားဖြစ်တယ်၊ ဘယ်လိုအကျိုးသက်ေ ရာ က် မှုရှိတယ်၊ ဘယ်လိုအန္တရာယ်များတယ် စသဖြင့် အတိအကျကို လုပ်ချလိုက်တော့... ကျွန်တော်သော အန်တီစုဆိုရင်တော့ ရောက်တဲ့နေရာမှာ ထိုင်ငိုမိမှာပါပဲဗျာ။
ဓာတုဗေဒပညာရှင်လိုလို ဘာလိုလိုနဲ့ ကောက်ချက်တွေ တစ်ခုပြီးတစ်ခု ထုတ်နေတဲ့ ပြောနေတဲ့ လူတွေကို ကျွန်တော်ကိုဉာဏ် တစ်ခုလောက် မေးချင်ပါတယ်။
"ခင်ဗျားတို့ဟာ အီရတ်ကို အမေရိကန် စစ်တိုက်ဖို့အတွက် သတင်းမှားတွေပေးခဲ့တဲ့ လူတွေထဲမှာများ ပါခဲ့ သလား။ အခုရော ဘယ်သူတွေ ၀င်ပါစေချင်လို့၊ ဘာဖြစ်စေချင်လို့ မသေချာသေးတဲ့ သတင်းတွေ ကို ပြောနေ ရသလဲ"
မုံရွာမှာဖြစ်တဲ့ဟာကို ရန်ကုန်ကနေ အဖြေထုတ်တာကတော့ မိုက်မဲလွန်းရာကျတယ်လို့ ကျွန်တော်ကို ဉာဏ် ထင်တာပါပဲဗျာ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်တဲ့အထိ ကျွန်တော်တို့ စောင့်ကြရအောင်ပါ။ တကယ်လို့များ အဲဒီအစီရင်ခံစာမှာ ရဲတပ်ဖွဲ့ဟာ ရည် ရွယ်ချက်ရှိရှိနဲ့ မလျော်မကန် ပြုလုပ်ခဲ့တယ်၊ မသင့်မလျော် ကြံစည်ခဲ့တယ်ဆိုရင် ကျွန်တော်ကိုဉာဏ် ဒီနေ ရာကနေ အသေအချာကို ဝေဖန်ပါဦးမယ်ခင်ဗျာ။ အခုလက်ရှိတော့ တရားသူကြီးရဲ့ အမိန့်မချမှတ်မချင်း တရားခံအဖြစ် မသတ်မှတ်စေရ ဆိုတဲ့အတိုင်း ရဲတပ်ဖွဲ့ဟာ သူ့ရဲ့ ရဲလုပ်ငန်းကို သူ့အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့တယ်လို့ပဲ ကျွန်တော်မှတ်ယူထားပါကြောင်းခင်ဗျား။ 
 
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက်  ၄ နာရီ ၂၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: