Pages

Wednesday, January 16, 2013

ပြည်သူ့ လွှတ်တော် ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော် သမ္မတဖြစ်ရေး ကြိုးစား နေပြီလော (သို့မဟုတ်) Parliamentary Coup ?

ကျွန်တော်ကတော့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေ အနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်း အလဲတွေမြင် ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့ မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
 
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယ အဆင့် ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ်ဘ၀မှာ သဘောေ ကာင်း တယ်လို့တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော် တိုး တက်ရေး မှာ ဘာတွေစွမ်း စွမ်းတမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါကတော့ သူကိုယ် တိုင်က လူအထင်ကြီးမခံချင်လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလို ကျွန်တော် အကြားအမြင် နည်းပါး တာ လည်း ဖြစ်နိုင်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ နာမည်အကြီး ဆုံးကိစ္စကတော့ မြောက် ကိုရီး ယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံ စာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရ သလဲဆို တာေ တာ့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမခံ ခဲ့ရ ဘူး ဆို တာ သေချာပါတယ်။
ဗိုလ်ချုပ်ကြီး ဘ၀ကနေပြီးတော့ ၂၀၁၁ ခုနှစ် အစိုးရသစ် ကာလမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ တာဝန် ထမ်း ဆောင်တဲ့ အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင် အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ေ ရး ပါတီကမဟုတ်တဲ့ အမတ်တွေကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစား တဲ့ အသံတွေကြားရပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော် တစ်ကြိမ် ထက် တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်ေ တွးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမ ဆိုင် အားတက်မိပါတယ်။ စိတ်သဘော ထားဖြောင့် မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးေ ရးေ ကာင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာ ကအသိ အမှတ်ပြုတဲ့ လူထုခေါင်းေ ဆာ င် ဒေါ် အော င်ဆန်း စု ကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တိုအတွင်း တိုးတက်လာ မှာ မြေ ကြီး လက်ခတ် မ လွဲ ဆိုပြီးတော့ပေါ့။
          
ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာ ပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အ တည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်း မပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ် များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စကိုပြည် သူ့လွှတ်တော် ကိုယ်စား လှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက် လို့ရတဲ့ ကိစ္စကို အဲဒီမှာတော့မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုး သား အကျိုးစီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။  ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ အပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေး ကမြောက်ပေး တဲ့လူတွေ ရှိလို့ နားေ ယာင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။
ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယ အကြိမ် တိုက်ကွက်ကို မြင်ရတဲ့ အခါမှာတော့ ဥက္ကဌရဲ့ လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိ အပေါ် ကျွန်တော်ရဲ့ သံသယက ပိုမိုကြီးထွား လာခဲ့ပါတယ်။ ၀န်ထမ်းအား လုံးမျှော်လင့်တောင့် တနေ တဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ် ထုတ်ပြတာ လို့ပြော လို့ရ မယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေ လိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။
http://sonenaykya.blogspot.com/2012/02/blog-post_844.html
သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင် တန်း မှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီ တစ်ချက် မစွမ်းဘူး။ တပ်ထဲမှာ လူစွာ လုပ် ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေး သမားယောင်ယောင်၊ ဘာေ ယာင် ယောင် လုပ်တော့မယ်ပေါ့။ သူရ ဦးရွှေမန်းရဲ့ အကြံကလည်း အကြီးသား။ သားကြီးကို အဖေ အရှိန်နဲ့ စီးပွား ရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်း မျိုး ဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။
တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန် လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ ဆို အောက်တန်းစာရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက် တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင် အဖွဲ့ဝင်ပေးပြီး တဲ့ အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စ ည်း ပုံ အခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့် အကွက်ေ ကာင်း ရတော့ တာပဲ။
အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို ခဏချွေးသိပ် ထားတော့ ဘာ လဲပေါ့၊ ကျွန်တော် မျက်စိလည် သွားသေးတယ်၊ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးမှာ ဒေါ်စု ကို ကော်မတီ ဥက္ကဌ ပေးတော့မှပဲ ရှင်းတော့တယ်။ ဒါဆိုရင် ကော်မတီ များပြည်ထောင် စုဖြစ်ရေး တိုက်ပွဲ မှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း သူတို့ အကျိုးအတွက် လုပ်ပေးေ နတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းမျာြး ဖစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။ လွှတ်တော်ကော်မတီတွေကို ပြည်ထောင် စုအဆင့် သတ်မှတ်ရေးကို ဒီ လူကြီးေ တွကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်ေ တာ် ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူ သုံးခြင်း သာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။
နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ် စားပြု ပြည်သူ့ လွှတ်တော် အမတ်ဒေါ်ဒွဲဘူ ရဲ့ပြောစကား ကိုပြချင်ပါတယ်။ “ဘာပဲပြောပြော ပြည်ေ ထာင် စု လွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စု လွှတ်တော် ဆိုတာ ပါပြီး မှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလို အေ တွး အခေါ် မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင် စုပါတီဆိုပြီးပါ တီထောင်လိုက်ရင် ချက်ချင်း ပြည်ေ ထာင် စု အဆင့်ဖြစ်သွားမလားမသိဘူး။
နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့် ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့ အဖွဲ့ဝင်အားလုံး ထွက်ရမယ် ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊  ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ် လို့ အာ ဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့ သူတို့လုပ်ငန်းဆောင် တာ တွေကို ပြည်ထောင်စု အဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့ တတိယအကြိမ် လွှတ်တော် တုန်း က လယ်ဆည် ၀န်ကြီးကို လွှတ်တော် အခွင့်အရေးေ က်ာမတီက ခေါ်ယူကြား နာခဲ့ပြီးတဲ့နောက် ပြည်ထောင် စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ေ က်ာမတီေ တွ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ် မှတ် သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့ အခွင့်အာဏာ ရှိဖို့က လိုရ င်းပဲ မဟုတ် လား။
ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ေ ဖာ် ကြေညာပြီး မှတ်တမ်းတင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ ပယ်ချ ရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော် ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်း စဉ်းစား သင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါေ တွကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော် တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက် ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီ ဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ် အရေး မကြီးလှဘူး လို့ ယူဆပါတယ်။ တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္က ဌကြီး ရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့် ကျင် ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချ က်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး အတွက် လုပ်ပေး တယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစု ကို ထောက်ခံတဲ့သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုး နဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက် တယ်။
သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-
(၁)     ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။
(၂)     လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။
(၃)     ကိုယ်စားလှယ်တွေကို အပေါစား စည်းရုံးရေးနဲ့ စည်းရုံးပြီးတော့ အခြေခံ ဥပဒေခုံရုံး ဆိုတာ ပြည်သူ့ လွှတ် တော် အလိုကျ ဆုံးဖြတ်ပေးရမယ် ဆိုတဲ့ပုံစံလုပ်တယ်။
ဒီလို လုပ်ရခြင်းရဲ့ နောက်ကွယ် ကအကြောင်း တရားက ဘာလဲ။ နောက်ထပ် ဘာဆက်လုပ်ဦးမှာလဲ။ အဖြေ က ရှင်းနေ တာပဲလို့ မြင်တယ်။ နောက် အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ် ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့ လွှတ်ေ တာ် က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီ သမ္မတ တာဝန် ထမ်းဆောင်ေ နတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတေ ရွးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသ မ္မတဖြစ်လာမယ်။
ဘာလို့ဒီ လိုလုပ်မှာလဲ လို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင် ငံတော်ရဲ့ နံပါတ်(၁) နေရာ ကိုမှန်း ထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေ ရတဲ့သူတယောက်ရဲ့ အာဏာ မက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။
သူရ ဦးရွှေမန်း သမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက် ကွက်တွေေ အာင်မြင် ပြီး သမ္မဖြစ် သွားတဲ့ အခါမှာ မင်းသားခေါင်းဆောင်း ကျွတ်သွားမှာ ကိုပဲ စိတ်ပူပါတယ်။ နဂိုက တည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်း စားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော် အကြီးအကဲ ဖြစ်သွားမယ် ဆိုရင် ဘာတွေဖြစ် လာမ လဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှ နားထောင် မဲ့သူ ကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊( တစ်နာရီလောက် မတ်တပ်ရပ် ရလို့ မကျေ မနပ်ဖြစ်နေတဲ့ သူကို ကျွန်ေ တာ့် စကားနားေ ထာင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာေ ပးတာ မျိုး ဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆို တာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေး တိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာ ရလိုမှုမှာ အသိမဲ့ အသုံးချ မခံကြရပါစေနဲ့လို့ ကျွန်တော် ဥာဏ်မီသမျှ တင်ပြလိုက်ရပါတယ်။
 
by အင်တာနေရှင်နယ် အမတ်မင်း on Sunday, August 19, 2012 at 5:14pm ·
 
လွတ်လပ်စွာသဘောထား ကွဲလွဲနိုင်ပါတယ်။ အချို့အချက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာများတွင် အငြင်းပွားစရာ များ ဖြစ်ပေမယ့် လေ့လာသင့်စရာ တစ်ခုမို့ ဖော်ပြပေးလိုက်ပါတယ်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: