Pages

Wednesday, January 16, 2013

ကေအိုင်အေ အဖွဲ့က မိုင်းထောင်၊ ဖမ်းဆီး၊ ပစ်ခတ်ခြင်းများ လုပ်ဆောင် လျက်ရှိ

ဖားကန့်မြို့နယ် အမှိုက်ပုံ ကျေးရွာ မော်ဝမ်း ရပ်ကွက်နေ ဦးဇော်ဌေးသည် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက လုံး ခင်း ကျေးရွာ အုပ်စု မော်စီစာ ကျေးရွာ ဘက်မှ မော်တော် ဆိုင်ကယ် စီးနင်း လာပြီး အမှိုက်ပုံ ကျေးရွာ အဝင်၌ ဆိုင်ကယ် ခေတ္တ ရပ်နားစဉ် မိုင်းတစ်လုံး နင်းမိခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မျက်နှာ စုတ်ပြဲ၊ ရင်ဝမိုင်းစ ထိမှန်၊ ယာလက်ဖျံ ရိုးနှင့် ဝဲလက်ကောက် ဝတ်ကျိုးပဲ့၊ ယာခြေ သလုံးကျိုးပဲ့ စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ သဖြင့် ဖားကန့် ပြည် သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဝိုင်းမော်မြို့နယ် မန်ဒေါင် ကျေးရွာ အုပ်စု ချောင်းဆုံအနီး ပတ်ဝန်းကျင်၌ ရွှေတူးဖော် နေသည့် လုပ်သား ၂ဝ ခန့်အား KIA တပ်ရင်း (၃ဝ)မှ အင်အား ၄ဝ ခန့်က ဒွန် ဘန်ချောင်း တစ်ဖက် ကမ်း ဘမ်ဘင်ကျေးရွာ အနီးရှိ ၄င်းတို့ စခန်း၌ ခေါ်ဆောင် ထိန်းသိမ်း ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီက ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနောက်ဘက် မေခမြစ် အတွင်း လူသေ အလောင်း ခုနစ်လောင်း ဆယ်ယူ ရရှိ ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်က ရှငေါ် ကျေးရွာမှ ရွာသား ၃ဝ အား KIA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားစဉ် မြစ်အတွင်း ဖြတ် ကူး ထွက်ပြေးသဖြင့် ရေနစ် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း ကချင်ပြည်နယ် အစိုးရ ထံမှ သိရှိ ရသည်။
မြ၀တီ
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကေအိုင်အေ အဖွဲ့က မိုင်းထောင်၊ ဖမ်းဆီး၊ ပစ်ခတ်ခြင်းများ လုပ်ဆောင် လျက်ရှိ

Labels:
ဖားကန့်မြို့နယ် အမှိုက်ပုံ ကျေးရွာ မော်ဝမ်း ရပ်ကွက်နေ ဦးဇော်ဌေးသည် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက လုံး ခင်း ကျေးရွာ အုပ်စု မော်စီစာ ကျေးရွာ ဘက်မှ မော်တော် ဆိုင်ကယ် စီးနင်း လာပြီး အမှိုက်ပုံ ကျေးရွာ အဝင်၌ ဆိုင်ကယ် ခေတ္တ ရပ်နားစဉ် မိုင်းတစ်လုံး နင်းမိခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မျက်နှာ စုတ်ပြဲ၊ ရင်ဝမိုင်းစ ထိမှန်၊ ယာလက်ဖျံ ရိုးနှင့် ဝဲလက်ကောက် ဝတ်ကျိုးပဲ့၊ ယာခြေ သလုံးကျိုးပဲ့ စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ သဖြင့် ဖားကန့် ပြည် သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဝိုင်းမော်မြို့နယ် မန်ဒေါင် ကျေးရွာ အုပ်စု ချောင်းဆုံအနီး ပတ်ဝန်းကျင်၌ ရွှေတူးဖော် နေသည့် လုပ်သား ၂ဝ ခန့်အား KIA တပ်ရင်း (၃ဝ)မှ အင်အား ၄ဝ ခန့်က ဒွန် ဘန်ချောင်း တစ်ဖက် ကမ်း ဘမ်ဘင်ကျေးရွာ အနီးရှိ ၄င်းတို့ စခန်း၌ ခေါ်ဆောင် ထိန်းသိမ်း ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီက ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနောက်ဘက် မေခမြစ် အတွင်း လူသေ အလောင်း ခုနစ်လောင်း ဆယ်ယူ ရရှိ ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်က ရှငေါ် ကျေးရွာမှ ရွာသား ၃ဝ အား KIA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားစဉ် မြစ်အတွင်း ဖြတ် ကူး ထွက်ပြေးသဖြင့် ရေနစ် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း ကချင်ပြည်နယ် အစိုးရ ထံမှ သိရှိ ရသည်။
မြ၀တီ
 
0 comments: