Pages

Wednesday, January 2, 2013

လုပ်သင့်သည်များ ကို မလုပ်ခဲ့သည့် KIO အဖွဲ့၏ နေ၀င်ချိန်

စတင်ဖွဲ့စည်းကတည်းကိုက ကချင်လူမျိုးကောင်းစားရေး ဆိုသည့် ရည်ရွယ်ချက်မရှိဘဲ ဘဏ်ဓားပြ များဖြင့် ဖွဲ့စည်းခဲ့သော ကေအိုင်အေသည် ပြည်တွင်း ဗကပတို့၏ သောင်းကျန်းမှုများ နိဂုံးချုပ်သည့် အခါ ကချင် လူမျိုးကို ကိုယ်စားပြုသည့်အသွင်ဖြင့် ရပ်တည်ခဲ့ကြသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တည်ငြိမ်အေး ချမ်းစေရန် ရည်ရွယ်၍ သောင်းကျန်းသူများအား အပစ်အခတ်ရပ်စဲပြီး လက်တွဲ ဆောင်ရွက်စေသည့် မူဝါဒများ ချမှတ်ချိန်တွင် ကေအိုင်အိုတို့ လိုင်ဇာဌာနချုပ်မှ နေ၍ ကိုယ်ကျိုးရှာခဲ့ ကြလေသည်။

ကချင်လူမျိုး ကောင်းစားရေးဟု ဆိုသော်လည်း ကေအိုင်အိုတို့သည် ဆက်ကြေးကောက်နိုင်သော နေ ရာများ မှ လွဲ၍ မည်သည့်နေရာမှ မရောက်။ မြစ်ကြီးနား၊ဗန်းမော် မည်သည့်မြို့တွင်မှ ဖွံ့ဖြိုးတိုး တက် ရေး များ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အချိန်တွင် ရရှိလာသော ငွေကြေးများဖြင့် ကာစီနို လောင်းကစား ၀ိုင်းများ၊ တစ်ဖက်နိုင်ငံမှ ပျော်ပါးနိုင်သည့် နေရာများတွင်သာ အချိန်ကုန်ခဲ့ကြသည်။ရရှိလာသော ဆက်ကြေးငွေ များ၊ ဒုစရိုက်လုပ်ငန်းများမှ ရရှိလာသော ငွေများဖြင့် ကချင်ပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများအား လက်ဖက်၊လိမ္မော် စိုက်ခင်းများဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိ။ တိုက်ပွဲအတွက် ခေတ်မီလက်နက်များ ၀ယ်ယူ၊ လိုင်ဇာဌာနချုပ်တွင် နည်းပညာမြင့် ပစ္စည်းများ တပ်ဆင်ချိန်တွင် ကချင်ပြည်နယ်အတွင်းမှေ ကျာင်း သားများအတွက် ခေတ်မီ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးအတွက် ဆေး ရုံများ ပံ့ပိုးပေးခြင်းများအား ဆောင်ရွက်ခြင်းမရှိ။ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်များ ကြိကြိတက် ချမ်းသာနေချိန်တွင် ကေအိုင်အေ၏ သြဇာ သက်ရောက်သည့် ဒေသများရှိ ကချင်ပြည်သူများမှာ ဆင်းရဲ တွင်း နက်သထက် နက်လာကြသည်။ ကျောက်စိမ်းကြောများ အထက်တွင် နေထိုင်ရသော်လည်း အကျိုး အမြတ်အားလုံးမှာ ကေအိုင်အို တို့ အတွက် ဖြစ်ခဲ့ရသည်။

တပ်မတော်မှ မြို့ရွာများအား တာဝန်ယူစောင့်ရှောက်ချိန်တွင် ကေအိုင်အို တို့ နယ်စပ်မှ တစ်ဆင့်မူး ယစ်ဆေးဝါး ၊လက်နက် နှင့် ပြည်တွင်း သယံဇာတများကို ပြည်ပသို့ ခိုးထုတ်၍ ကိုယ်ကျိုးရှာခဲ့ကြ သည်။ ကချင်မြေမှ ရသော ငွေကြေးများဖြင့် ကချင်ပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးများ ဖျက်ဆီး ကာ ကချင်လူထုကို စစ်ထဲ ဆွဲသွင်း အဓမ္မ လူသစ်စုဆောင်းခဲ့ကြသည်။ယခုတော့ ထိုသို့ထပ်မံပြုလုပ်ရန် အတွက် အခွင့်မရှိတော့။ တံတားများဖျက်ဆီး၊ အသစ်ပြန်ဆောက်၊ လူငယ်လူရွယ်များ စစ်ထဲသွင်းသည့် လုပ်ရပ်များ၊ ကချင်ပြည်နယ် အတွက် ကောင်းကွက်တစ်ခုမှမရှိသည့်  ကေအိုင် အို ခေါင်းဆောင် များအ တွက် နောက်ဆုံးနေ၀င်ချိန်များကတော့ တစ်ဖက်နိုင်ငံတွင် သာ ဖြစ်ပေတော့မည်။

 www.MyanmarExpress.net
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: