Pages

Wednesday, January 2, 2013

မွန်ပြည်နယ် ရေးမြို့နယ် ဓမင်းဆိပ်ကြီးကျေးရွာသို့ ရေလမ်းမှ ရောက်ရှိလာသော ဘင်္ဂါလီ ၇၀ ဦးအား စစ်ဆေးမှု ပြုလုပ်

မွန်ပြည်နယ် တောင်ဘက်ရှိ ရေးမြို့နယ် ပင်လယ်ကမ်းခြေရှိ အစင်ကျေးရွာအုပ်စု ရေလုပ်သား များ နေ ထိုင်သော ဓမင်းဆိပ်ကြီးကျေးရွာ သို့ ဘင်္ဂါလီ  ၇၀ ဦး ရေလမ်းကြောင်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈း၃၀ နာရီအချိန်ခန့် တွင် ရောက်ရှိကာ သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သော စစ်ဆေး မှု ပြုလုပ်လျက်ရှိကြောင်း ဒေသခံများမှ သတင်းရရှိသည်။

“ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈း၃၀ နာရီလောက်မှာ ၁၀ ယောက်တစ်စုနဲ့ ကမ်းပေါ်တက်လာကြပြီး အနီး ဆုံး တဲကို ဘင်္ဂါလီတွေဝင်လာကြတော့ ကြောက်လန့်ပြီး လာပြောတာနဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့လိုက်ပြီး ဖမ်းပါတယ်၊ အဲဒီနောက် အစင်၊ ရေးမြို့နယ်က တာဝန်ရှိတဲ့သူတွေကို ဆက်သွယ်အကြောင်းကြားပါတယ်၊ ရဲ၊ လ၀ကတွေ ဆင်းလာပြီး၊ ပဏာမမေးမြန်းမှုတွေ လုပ်ပါတယ်၊ အဲဒီလူအားလုံးကို ရွာလယ်ဆွမ်းလောင်း ဓမ္မာ ရုံမှာ ထားပါတယ်” ဟု ဦးဝင်းဦး (အုပ်ချုပ်ရေးမှူး-ဓမင်းဆိပ်ကြီး) က ပြောပါ သည်။

ပဏာမစုံစမ်းမှုအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာမှ ဟာရှင်၊ အီစွတ်တို့၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် လူတစ်ဦး ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် မာဇီဆိုသူမောင်းနှင် သည့် စက်လှေဖြင့် လူ ၁၅၀ ဦး တင်ဆောင်၍ လွန်ခဲ့သော ၁၀ ရက်ခန့်က စတင်ထွက်ခွာခဲ့ကြောင်း၊ အစင်၊ ဓမင်းဆိပ်ကြီးကမ်းခြေသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် လူ ၇၀ ဦးအား ထိုင်းနိုင်ငံ ကမ်းခြေ ဟု ပြောဆိုချထားခဲ့သည်ဟု သိရှိရသည်။

အဆိုပါလူ ၇၀ ဦးတွင် ကျား ၆၈၊ မနှစ်ဦးပါဝင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည် (ကယ်ဆယ်ရေးစ ခန်း) မှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် (မြန်မာစကားပြောတတ်) သည်ဟု သိရပြီး၊ ယင်းတို့၏ တစ်ဦး ချင်းစီ၏ ကိုယ်ရေးမှတ်တမ်းများကို သက်ဆိုင်ရာက ဆက်လက်စိစစ်နေသည်ဟု သိရသည်။ ပင်လယ်ပြင် သို့ ပြန်လည်ထွက်ခွာသွားသော စက်လှေနှင့် ကျန် ၈၀ ဦးခန့်တို့အား တပ်မတော် (ရေ) မှ လိုက်လံစုံစမ်း ရှာဖွေ လျက်ရှိသည်ဟု သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရေးမြို့နယ် ခေါဇာမြို့ နယ်ခွဲ ၊ ကော့လှိုင်အုပ်စု၊ သဲခုံကျေးရွာသို့ ရေလမ်းမှ ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၈၄ ဦးကို အမတအက် ၆ (၂) အရ ၃၈ ဦး၊ လ၀ကအက် ၁၃ (၁) အရ ၄၃ ဦးတို့ဖြင့် သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း သိရှိရ သည်။

Eleven

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မွန်ပြည်နယ် ရေးမြို့နယ် ဓမင်းဆိပ်ကြီးကျေးရွာသို့ ရေလမ်းမှ ရောက်ရှိလာသော ဘင်္ဂါလီ ၇၀ ဦးအား စစ်ဆေးမှု ပြုလုပ်

Labels:

မွန်ပြည်နယ် တောင်ဘက်ရှိ ရေးမြို့နယ် ပင်လယ်ကမ်းခြေရှိ အစင်ကျေးရွာအုပ်စု ရေလုပ်သား များ နေ ထိုင်သော ဓမင်းဆိပ်ကြီးကျေးရွာ သို့ ဘင်္ဂါလီ  ၇၀ ဦး ရေလမ်းကြောင်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈း၃၀ နာရီအချိန်ခန့် တွင် ရောက်ရှိကာ သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သော စစ်ဆေး မှု ပြုလုပ်လျက်ရှိကြောင်း ဒေသခံများမှ သတင်းရရှိသည်။

“ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈း၃၀ နာရီလောက်မှာ ၁၀ ယောက်တစ်စုနဲ့ ကမ်းပေါ်တက်လာကြပြီး အနီး ဆုံး တဲကို ဘင်္ဂါလီတွေဝင်လာကြတော့ ကြောက်လန့်ပြီး လာပြောတာနဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့လိုက်ပြီး ဖမ်းပါတယ်၊ အဲဒီနောက် အစင်၊ ရေးမြို့နယ်က တာဝန်ရှိတဲ့သူတွေကို ဆက်သွယ်အကြောင်းကြားပါတယ်၊ ရဲ၊ လ၀ကတွေ ဆင်းလာပြီး၊ ပဏာမမေးမြန်းမှုတွေ လုပ်ပါတယ်၊ အဲဒီလူအားလုံးကို ရွာလယ်ဆွမ်းလောင်း ဓမ္မာ ရုံမှာ ထားပါတယ်” ဟု ဦးဝင်းဦး (အုပ်ချုပ်ရေးမှူး-ဓမင်းဆိပ်ကြီး) က ပြောပါ သည်။

ပဏာမစုံစမ်းမှုအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာမှ ဟာရှင်၊ အီစွတ်တို့၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် လူတစ်ဦး ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် မာဇီဆိုသူမောင်းနှင် သည့် စက်လှေဖြင့် လူ ၁၅၀ ဦး တင်ဆောင်၍ လွန်ခဲ့သော ၁၀ ရက်ခန့်က စတင်ထွက်ခွာခဲ့ကြောင်း၊ အစင်၊ ဓမင်းဆိပ်ကြီးကမ်းခြေသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် လူ ၇၀ ဦးအား ထိုင်းနိုင်ငံ ကမ်းခြေ ဟု ပြောဆိုချထားခဲ့သည်ဟု သိရှိရသည်။

အဆိုပါလူ ၇၀ ဦးတွင် ကျား ၆၈၊ မနှစ်ဦးပါဝင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည် (ကယ်ဆယ်ရေးစ ခန်း) မှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် (မြန်မာစကားပြောတတ်) သည်ဟု သိရပြီး၊ ယင်းတို့၏ တစ်ဦး ချင်းစီ၏ ကိုယ်ရေးမှတ်တမ်းများကို သက်ဆိုင်ရာက ဆက်လက်စိစစ်နေသည်ဟု သိရသည်။ ပင်လယ်ပြင် သို့ ပြန်လည်ထွက်ခွာသွားသော စက်လှေနှင့် ကျန် ၈၀ ဦးခန့်တို့အား တပ်မတော် (ရေ) မှ လိုက်လံစုံစမ်း ရှာဖွေ လျက်ရှိသည်ဟု သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရေးမြို့နယ် ခေါဇာမြို့ နယ်ခွဲ ၊ ကော့လှိုင်အုပ်စု၊ သဲခုံကျေးရွာသို့ ရေလမ်းမှ ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၈၄ ဦးကို အမတအက် ၆ (၂) အရ ၃၈ ဦး၊ လ၀ကအက် ၁၃ (၁) အရ ၄၃ ဦးတို့ဖြင့် သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း သိရှိရ သည်။

Eleven

0 comments: