Pages

Thursday, January 17, 2013

ဂမ်ရှောင်၏ စိတ်ကူးယဉ် အိမ်မက်များ ပြိုကွဲပျက်စီးခြင်း

KIA သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ပါ။ လွတ်လပ်ရေးရပြီးနောက် အစိုးရအဆက်ဆက်က နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် အပစ်အခတ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်တိုင်း KIA က နယ်မြေ တိုးချဲ့၊ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အင်အားတောင့်တင်းလာတာနဲ့ လက်နက်ကိုင် လမ်းကြောင်း ကို ပြန်သွား နေတာ ယနေ့အထိပါဘဲ၊ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့တာကတည်း ပန်ဆောင်၊ နန်းယွန် ဒေသ၊ ပါဂျို၊ နားဖော့ဒေသတွေမှာ ဗျူဟာအမှားတွေကြောင့် အင်အားချိနဲ့ သွားလို့ မတတ်သာဘဲ အပစ်ရပ်ခဲ့ တာပါ။ သူတို့အသက်ဆက်နိုင်တဲ့လမ်းကို ရွေးခဲ့တာပါ။ ၁၉၉၄ ကနေ၂၀၁၁ အထိ (၁၇)နှစ်တာ ကာလ မှာလည်း ဒေသဖြိုးရေး၊ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာေ ရး ၊ လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် ဘာမှ မလုပ်ခဲ့ဘဲ KIA ခေါင်းဆောင်တွေရဲ့ လက်ဆင့်ကမ်း အိမ်မက် အဟောင်း အဆွေးကြီး ဖြစ်တဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ရေးကို အသက်သွင်း ဖို့ ကြိုးစားနေ ခဲ့ကြတာ ဂမ်ရှောင် လက်ထက်အထိပဲ။

နိုင်ငံတော်တစ်ခုရဲ့ အစိုးရအသွင်သဏ္ဍာန်မျိုးနဲ့ KIO ကို ဖွဲ့စည်းထားပြီး အကောက်အခွန်၊ လူဝင်မှု ကြီး ကြပ်ေ ရး၊ အခွန်ဦးစီးဌာန၊ သစ်တော၊ ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးစတဲ့ ဌာနဆိုင်ရာ တွေကို နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ဖူးတဲ့ မျက်ကန်းမျိုးချစ်တွေနဲ့ အခြေခံဖွဲ့စည်းလုပ်ဆောင်နေပြီး စိတ်ကူးယဉ်ဝမ်ပေါင် နိုင်ငံတော်ကြီး တည်ဆောက်နေတာ အမြင်မတော်ပါဘူး။ လူငယ်တွေ၊ အမျိုးသမီးငယ်တွေကိုလည်း အကြောင်းပြေ ကာင်းတဲ့ သင်တန်းအမျိုးမျိုးဖွင့်ပြီး ကျဉ်းမြောင်းတဲ့လူမျိုးရေး စိတ်ဓာတ်တွေ ရိုက်သွင်း နေတဲ့တာ လက်တွေ့ပါဘဲ။ ကချင်လူမျိုးအလွှာစုံက လူတွေစုစည်းပြီး EEDY လို အဖွဲ့တွေဖွဲ့စည်းပြီး လူငယ်များ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကြောင်းပြပေမယ့် တကယ်ကအဖျက်လုပ်ငန်းတွေ လေ့ကျင့်ပေး ခဲ့ တာဘဲ၊ ငြိမ်းချမ်းစဉ် ကာလတစ်လျှောက်လုံးမှာ ဆက်ကြေးကောက်ခံငွေကြေးစုဆောင်းခြင်း၊ လူသစ်စု အင်အား တည်ဆောက်ခြင်း၊ လက်နက် ခဲယမ်း ထုတ်လုပ်စုဆောင်းခြင်း၊ စစ်သင်တန်း၊ မိုင်းထောင်ေ ဖာက် ခွဲအဖျက် လုပ်ငန်းတွေ လေ့ကျင့်ပေးပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေး အစွဲနဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ဖို့ အစဉ်တစိုက် ကြိုးစား နေခဲ့တာပဲ၊ တကယ်တော့ ကချင်ပြည်နယ်ဆိုတာ ပြည်ထောင်စုကြီး ထဲက ပြည်ေ ထာင်စုလေးပါ။

ကချင် ပြည်နယ် အတွင်းမှာ လူဦးရေ (၁၆)သိန်းလောက်ရှိပြီး ရှမ်း၊ ဗမာ၊ ရခိုင်စတဲ့ တိုင်းရင်းသား တွေက (၁၀) သိန်း ၆၁ ရာခိုင်နှုန်းရှိပြီး ကချင်မျိုးနွယ်စုက လူဦးရေ ၆ သိန်း ၃၉ ရာခိုင်နှုန်း လောက်ဘဲရှီတယ်၊ အဲ့ ဒီထဲမှာ ဂျိမ်းဖောကချင်က ၃ သိန်း လောက်ပဲရှိတယ်။ အဲ့ဒီလူနည်းစုက အများဆန္ဒကို မျက်ကွယ်ပြုပြီး ၀မ်ပေါင် နိုင်ငံတော်ထူထောင်မယ်ဆိုတာ သဘာဝမကျပါဘူး။ ဒီမိုကရေစီနည်းလမ်းလည်းမကျလို့ လက်မခံ နိုင်ပါဘူး။ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကံကြမ္မာကို အစွန်းရောက်လက်နက်ကိုင် ဂျိမ်းဖောကချင် ကပဲ ဦးဆောင်ဖန်တီး နေတဲ့ မျက်ကန်းမျိုးချစ်ဝါဒကို လက်မခံနိုင်ပါဘူး။ အဲ့ဒါကို ဆန့်ကျင်ပြီး ၀မ်ပေါင် နိုင် ငံတော် ထူထောင်ဖို့ လက်နက်ကိုင်လမ်းစဉ်မစွန့်လွှတ်ဘဲ မိုက်တွင်းနက်နေရင်တော့ တပ်မတော်က မူလ တာဝန်ဖြစ်တဲ့ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်တာကို ဆက်လုပ်သွားမှာပါ။ တပ်မတော် က ပွိုင့်၀၇၇၁ နဲ့ လဂျားယန် ဒေသကို သိမ်းပိုက် ထိန်းချုပ်ထားတာကြောင့် KIA တပ်ဖွဲ့အတွင်း ကွပ်ကဲမှု ပျက်၊ အထက်အောက် ယုံကြည်မှု ပျက်ပြား၊ ငယ်သားတွေ လက်နက်ချ၊ ထွက်ပြေးနေတာကြောင့် ဂမ်ရှောင်ရဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ရေး အိမ်မက်တွေ ဆက်မက်နိုင်ဦး မလားလို့ မေးလိုက်ချင် ပါတယ်။

ကချင်ပြည်နယ်သားတစ်ဦး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: