Pages

Wednesday, January 16, 2013

ဗိုလ်ချုပ်ဂွမ်မော် မှ မြစ်ကြီးနားမြို့ တွင် မိုင်းဖောက်ခွဲ ရန်အမိန့်ပေး

Photo: ။

ဇန်န၀ါရီလ၁၄ရက် မနက်ပိုင်း မှ လိုင်ဇာမြို့ ရပ်ကွက်(၄) တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲ ခဲ့သည့်အတွက် အရပ်သား ၃ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတပ်က ပစ်ခတ်သဖြင့် လူနေရပ်ကွက် အတွင်းကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကေအိုင်အေက ဆိုပါသည်။ အစိုးရတပ် နီးစပ်သူများ ပြောဆိုချက်အရ အစိုးရတပ်မှ ယမန်နေ့က လက်နက်ကြီးပစ်ခတ်ခြင်း လေယာဉ်ဖြင့် ပစ်ခတ်ခြင်း လုံးဝ မရှိကြောင်းသိရှိရသည်။

အစိုးရဘက်မှ ပစ်ခတ်မှုကြောင့် ကေအိုင်အေ၏ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှ လက်စားချေသည့် အနေနဲ့ မြစ်ကြီးနားမြို့တွင် မိုင်းခွဲမှုများပြုလုပ်ရန်အတွက် အထူးဖောက်ခွဲရေးအဖွဲ့များ အား စေလွှတ် ထားကြောင်း လိုင်ဇာသတင်းရပ်ကွက်မှသိရှိရသည်။

ဗိုလ်ချုပ်ဂွမ်မောင် မှ လိုင်ဇာတွင် နေထိုင်သော အရပ်သားများ သည် ပြည်သူလူထုများဖြစ် သကဲ့ သို့ မြစ်ကြီး နားမြို့ပေါ်တွင်နေထိုင်သော အရပ်သားများသည် လည်း ပြည်သူများဖြစ်ကြောင်း၊ မိမိတို့ နယ်မြေ အတွင်း ရှိ ပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးဒဏ်ရာရသဖြင့် မိမိတို့အနေဖြင့် လည်း မြစ်ကြီး နားမြို့ပေါ် ရှိ ပြည်သူများကိုလည်း ငဲ့ညှာထောက်ထားစရာမလိုတော့ကြောင်း စသည်ဖြင့် ပြောကြား သွားပါ သည်။ 

အစိုးရတပ်နဲ့ကေအိုင်အေတို့၏ တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူတွေကြားမှ ဒုက္ခရောက်နေကြရပါသည်။ ဂွမ်မော် အမိန့်ထုတ်ပြီး ည၈နာရီအချိန်ခန့်၌ နဘားဘက်တွင် ရထားလမ်းတံ တားမိုင်းခွဲခံရ ပါ သည်။ ကေအိုင်အေမိုင်ဖောက်ခွဲဖျက် ဆီးမှုများမှာ တိုက်ပွဲတွေစသည့်ကာလ ၂၀၁၁ ဇွန်မှစပြီး အကြိမ် ၂၀၀ ကျော် နေပြီးဖြစ်ကြောင်း ကြားသိရသည်။ ဂွမ်မော်၏အမိန့်ကြောင့် မြစ်ကြီးနားမြို့နှင့် ကချင်ပြည်နယ် က မြို့ များမှ ပြည်သူများ စိုးရိမ်ပူပန်နေကြောင်းသိရှိရသည်။

From:ကချင်နေ့စဉ်သတင်း
Myanmar Daily Star Group 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: