Pages

Thursday, January 17, 2013

လိုင်ဇာ ရှင်းတမ်း အပိုင်း - ၃

ဦးပိုင် ဦးပိုင်နဲ့ ထိကပါး ရိကပါး ပြောနေကြတဲ့ မီဒီယာတွေ၊ စာရေးဆရာတွေ၊ ဒီမိုသမားတွေ သိဖို့ ကောင်း တာက ခင်ဗျားတို့ ပြောနေတဲ့ ဦးပိုင်က ခရိုနီ တစ်ယောက်လောက်နဲ့တောင် ယှဉ်လို့ မရပါ ဘူး။ ဘယ်လို စိုက်ပျိုး မွေးမြူလို့ မရတဲ့ တပ်တွေမှာ သက်သာချောင်ချိရေးကို ဘယ်လို လုပ်ပေးနေရ တယ် ဆိုတာ သိပါသလား။ ကာကွယ်ရေးဘတ်ဂျက် ဆိုရင် ဖြတ်လိုက် မယ်ဟေ့ တောက် လိုက် မယ်ဟေ့ ဆိုပြီး    ကြွေးကြော်- တစ်ကယ်တမ်း တပ်မတော် မခိုင်မာရင် ဘာဖြစ်လာမလဲ ဘယ်သောက်ရူးကမှ တစ်ခွန်း မပြော ခဲ့ ဘူး။ ဦးပိုင်မှာ အလွဲသုံးစား လုပ်တာတွေ ရှိပါလိမ့်မယ်။ လူကလူ အဖွဲ့အစည်း ကအဖွဲ့ အစည်း ခွဲခြားပြီး မြင်ဖို့ လိုပါတယ်။

ဂျာနယ်တွေ ဦးပိုင်ကို ဟုတ်တာရော မဟုတ်တာရော ၀ိုင်းဆော်ကြ။ ခုချိန်ထိ မြန်မာတစ်နိုင်ငံလုံးကို လက်ဝါးကြီး အုပ်ထားတဲ့ ခရိုနီတွေကို ဘယ်မီဒီယာက ပြင်းပြင်းထန်ထန် ဆော်ဘူး သလဲ။ ပြန်ကြည့် ရင် မြန်မာပြည် က မီဒီယာတွေ ခရိုနီနဲ့ လွတ်ကင်းတာ ဘယ်သူ ရှိပါသလဲ။ ခရိုနီတွေက မီဒီယာတွေကို လက်ဝါးကြီးအုပ်ထားမှတော့ ဒီမီဒီယာ ရပ်တည်ချက် ဘယ်လို မှန်နိုင်မလဲ။

အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်တောင် ခရိုနီတွေကို အကာအကွယ်ပေးလို့ ခရိုနီတွေက NLD ကို ငွေပုံပေးပြီး လေလံပစ် ၀ယ်လို့ ဘယ်မီဒီယာက မကောင်းကြောင်း မပြောတဲ့အပြင် အမှန်တရားကို ဘယ်သူ ထောက်ပြခဲ့ပါသလဲ။ ခရိုနီနဲ့ နိုင်ငံရေးသမား သားမက် ယောက္ခမ ဆက်ဆံရေးပုံစံမျိုး နိုင်ငံတကာ မှာလည်း ရှိနေတာပါ ဆိုပြီး မသိချင်ယောင် ဆောင်နေပါသလား။ မသိချင်ယောင်ဆောင် လို့ရော ကောင်း ပါသလား။

ဒီခရိုနီတွေလက်ထဲမှာ ဘာတွေကိုင်ထားတယ် ဆိုတာ မမြင်ကြဘူးလား။ ဒီခရိုနီတွေက ငွေနဲ့ ပေါက်လိုက် တာ နဲ့ လေ သံတွေပြောင်း၊ ဖက်လှဲတကင်းနေ၊ အကာအကွယ်တွေပေး။ ဒီမိုကရေစီဆိုတာ မလိုတမျိုး လိုတမျိုး လား။ ပြည်သူ့ အတွက် ဆိုတာ ခုတမျိုး တော်ကြာ တမျိုးလား။ KIA အရေးကိစ္စမှာ ခရိုနီတွေ ပွဲစားတွေ ဘယ်လို ရှုပ်ရှက်ခတ်ပြီး ပါနေတယ်ဆိုတာ ကိုရော စဉ်းစားမိပါသလား။
ဒီနေ့ စစ်တပ်နဲ့ အရင်အစိုးရလက်ထက်တွေက စစ်တပ် အတူတူပဲ ဆိုပြီး ၀ါးလုံးရှည်နဲ့ ယမ်းကြ။ မှန်ပါ တယ်။ စစ်တပ်က စစ်တပ်ပါ။ ဒါပေမယ့် စစ်သည်နဲ့ စစ်တပ် မတူပါဘူး။ အင်စတီကျူးရှင်းနဲ့ လူ ခွဲခြားမြင် ဖို့ လိုပါလိမ့်မယ်။ စစ်သည်တွေထဲမှာလည်း မ တစ်ထောင်သားတွေ ရှိနေတာမို့ ကောင်းတဲ့သူ ဆိုးတဲ့သူ အမျိုးမျိုး ရှိမှာပဲ။ ပြောရရင် နေပြည်တော်က စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊   ကေတီဗွီတွေ   မှာ လွှတ်တော် အမတ်တွေ အများစု ရှိနေကြတာပါ။ စစ်သည်တွေ အများစု ရှိနေကြတာ မဟုတ် ဘူး။ လွှတ်တော် အမတ်တွေထဲမှာလည်း တော်တဲ့သူ ကောင်းတဲ့သူရှိသလို စာရိတ္တပျက် အရည် အသွေး မမီတဲ့သူတွေ ရှိနေတာလည်း အမှန်တရားပဲ။

စစ်တပ်ကို ပရောက်ဖက်ရှင်နယ်အာမီ ဖြစ်ဖို့ စစ်တပ်ရဲ့ အင်စတီကျူးရှင်းတွေ ဘယ်လိုပြင်သင့်တယ် ဆိုတာ မျိုး၊ အမိန့် ညွှန်ကြားချက်နဲ့ လည်ပတ်နေရတဲ့ စစ်တပ်ကို ဘယ်လို ပြုပြင်ပြောင်းလဲသင့်တယ် ဆိုတာမျိုး ဘယ်နိုင်ငံရေးသမား ပါးစပ်က ထွက်ဘူးသလဲ။ စစ်တပ်ဟာ သူ့အင်စတီကျူးရှင်းတွေအတိုင်းပဲ လည်ပတ်နေတာပါ။ စစ်သည်နဲ့ စစ်တပ် ခွဲခြားမြင်ဖို့ အဓိကကျတဲ့ အရင်းကို မြင်အောင် ကြည့်ဖို့  လိုပါ တယ်။ စစ်တပ်ရဲ့ အင်စတီးကျူးရှင်းတွေ ပြင်ဖို့ ဘယ်ပါတီကများ စဉ်းစားခဲ့ဘူးပါသလဲ။

လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေ ထိုင်နေတော့ နေရာတိုင်း ကန့်လန့်တိုက်၊ မလောက်လေး မလောက်စား သဘောမျိုး ဆက်ဆံ။ အဲဒီ စစ်ဗိုလ်တွေနောက်မှာ စစ်သည်တွေအကုန်လုံး ရှိနေတယ် ဆိုတာကို စဉ်းစား မိပါ သလား။ စစ်သည်တွေရဲ့ သက်သာချောင်ချိရေး၊ တိုက်ပွဲကျ လင်သေ မုဆိုးမ မိသား စုတွေ၊ ခြေပြတ် လက်ပြတ် စစ်သည်ဟောင်းတွေ ဒါတွေကို ထောက်ပံ့ကူညီဖို့ တစ်ကြိမ်တစ်ခါ စဉ်းစား ဘူးပါသ လား။ ဒါတွေကို အစဉ်အဆက် ထောက်ပံ့နိုင်ဖို့  ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းဖို့ တွေးဘူးကြ ပါသလား။ စစ်သည်တွေက ခင်ဗျားတို့ နိုင်ငံရေးပါတီတွေ ပြောပြောနေကြတဲ့ ပြည်သူတွေ မဟုတ်ဘူး လား။ စစ် သည်တွေဟာ ပြည်သူတွေထဲမှာ မပါဘူးလား။

နိုင်ငံတကာ စစ်တပ်တွေ နိုင်ငံတကာ စံနှုန်းတွေ ပေတံမျိုးစုံ တိုင်းတိုင်းပြီး ပြောနေကြတာလည်း ခဏခဏ။ ခင်ဗျားတို့ ပြောတဲ့ နိုင်ငံတကာစံနှုန်းတွေအတိုင်း စစ်သည်တွေ ခံစားနေရလို့လား။ အမေရိကန်က တပ်ကြပ်ကြီးတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လစာ၊ ခံစားခွင့် မျိုး မြန်မာ့တပ်မတော်က တပ်ကြပ်ကြီးတစ်ယောက် ရနေပြီလား။ အမေရိကန် မှာ စစ်တပ်ကို အရပ်သားသမ္မတက ဦးဆောင်နိုင်တဲ့ အနေအထားရောက်အောင် စစ်ဗိုလ်တွေပဲ သမ္မတ အဆက်ဆက်လုပ်ပြီး ပြောင်းလဲလာခဲ့တာပါ။ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး ကို ဘယ်နိုင်ငံရေးသမားက လေ့လာပြီး ခိုင်ခိုင်မာမာ ထောက်ပြတာမျိုး ရှိဘူးပါသလား။

အချုပ်အခြာအာဏာဆိုတာ ဘာလဲ နားလည် ကြပါသလား။ တရုတ်က ဟိုလိုပြောလိုက် ယိုးဒယားက ဟိုလိုပြောလိုက် ဘင်္ဂလားဒေ့ရှ်က ဒီလို ပြောလိုက် ဒီကြားထဲမှာ တပ်မတော် မကောင်းရင်း အကုန်လုံး ပဲ့ပါသွားတာကြာပြီ။ ယိုးဒယား-မြန်မာ နယ်စပ် ဘယ်လို ပိုင်ခြားသတ်မှတ်ထားပါသလဲ တွေ့ ဘူးပါသလား။ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်အငြင်းပွားမှုမှာ ဘင်္ဂလားရေတပ်သင်္ဘောတွေ ဘယ်လိုအနေအထားမျိုး ဆိုတာကို သိကြပါသလား။ နိုင်ငံဘဏ္ဍာ နို်င်ငံ့ဘဏ္ဍာနဲ့ စစ်တပ်ဘတ်ဂျက်ကို ပေါက်ကရ လျှောက်ပြော။ ဟိုနိုင်ငံက ပါးရိုက်လိုက် ဒီနိုင်ငံက ပါးရိုက်လိုက်နဲ့ ငြိမ်ခံနေရတဲ့ ဘ၀မျိုး မကြာခင် ရောက်လာလိမ့်မယ်။

KIA နဲ့ ကချင်လူမျိုး ခွဲခြားပြီး မြင်ကြပါ။ KIA က KIA ကချင်က ကချင်ပါ။ ရှင်းရှင်းပြောရရင် အကြမ်းဖက် သမားတွေပါ၊ ဆက်ကြေးကောက်၊ လုယက်၊ ဗုံးခွဲ၊ ပြည်သူတွေကိုသတ်၊ ဘာသာတရားနဲ့ ဖြားယောင်း လုပ်နေ တဲ့ အဖွဲ့ အစည်းတစ်ခုပါ။ ဒီ KIA အသိတရား မရလို့ မြန်မာနိုင်ငံ မြောက်ပိုင်း သယံဇာတတွေ ဘယ်လောက် ကုန်နေပြီလဲ။ ယူနန်-ပီကင်းနဲ့ လက်ဝါးချင်း ရိုက် မှောင်ခိုလမ်းကြောင်းကနေ ဒီနိုင်ငံမှာ ရှိသမျှ အရင်းအမြစ်တွေ ထုတ်ယူနေတာ နိုင်ငံရေးသမားတွေ မသိချင်ယောင် ဆောင်နေတာလား။ ဘိန်းကျွေး ခြေထောက်ကို ထူးခတ် အသေခံခိုင်းပြီး စစ်တိုက်ခိုင်းတာ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်လို့ လူမျိုးရေး၊ နိုင်ငံရေးလို့ ပြောချင်တာလား။ 
လိုင်ဇာကို မတိုက်ဘူး ပြောထားပြီးသား။ ဒါကိုပဲ မိန်းမလိုမိန်းမရ အပေါက်မျိုး နဲ့ သေပါပြီ ဗျ အောင် မယ်လေးဗျနဲ့ အော် ပြ ငိုပြနေလိုက်တာ ဘင်္ဂလီတွေတောင် ထိုင်ငိုသွားရမယ့် ပုံစံမျိုး။ အရှက်မရှိ ABSDF ဆိုတဲ့ ကျောင်းသားအဖေများတပ်ဖွဲ့က သံဃာတွေကို ၀ိုင်းကူဖို့ ဆော်သြတာလည်း တွေ့ရပါရဲ့။ စတားလုံးဇာတ်လမ်းမှာ ၀င်သရုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကို Rambo လို စိတ်မျိုးပေါက် တစ်ကယ်တမ်း တိုက်ပွဲဖြစ်လာတော့ ချောင်မှာကုပ်ပြီး သတင်းမှားတွေ လျှောက်ပြော။ ကိုယ့်ကိုယ်ကို ကျောင်းသားတဲ့ ကိုယ့်ရုပ်လည်း ကိုယ်ပြန်ကြည့် ကျောင်းသားအဖေမက ကျောင်းသားအဘိုး အရွယ်ကြီးတွေ။ အရှက်မရှိ KIA ဆီမှာ လက်ဝါဒဖြန့်တောင်း အရိုးအရင်းလေးတွေ ကပ်စား။ ဒါမျိုးကို ထောက်ခံတဲ့ နိုင်ငံရေး သမားတွေ က တစ်မျိုး။

ပြည်တွင်းစစ် ဘာကြောင့်ဖြစ်သလဲ။ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ ။ နိုင်ငံရေးသမားတွေ ပလက်ဖောင် မင်းသားတွေ အာဏာတွေလု အချင်းချင်း ချခဲ့ကြလို့ ဖြစ်ခဲ့တာပဲ။ တစ်ပါတီအချင်းချင်း ပြန်ချ အဖွဲ့တွေ ကွဲ။ ရှမ်းစော် ဘွားတွေကလည်း ရှေးပဒေသရာဇ်ခေတ်ကပုံစံမျိုး ဟော်နန်းစည်းစိမ်တွေ မစွန့်နိုင်။ ဒါကြောင့် ပြည်တွင်းစစ်ဆိုတာ သက်ဆိုး ရှည်ခဲ့တာ။ ကြီးကြီးကျယ် ကျယ်တွေ လျှောက်ပြော မနေ နဲ့ ။ ဝေ့လည်ကြောင်ပတ်တွေ တွေးမနေနဲ့ ။ ဒီလောက်ရှင်းနေတဲ့ အဖြေ ရှိပြီးသားပဲ။

လိုင်ဇာကို မတိုက်ဘူး။ KIA ကို ဘာဖြစ်လို့ တိုက်သလဲ။ KIA က အပစ် မရပ်လို့၊ အပစ်မရပ်ဘဲ တိုက်ပွဲဖြစ်နေ ချင်လို့။ တစ်ကယ်ငြိမ်းချမ်းချင်သလား။ နှစ်ဖက်လုံး ဘယ်နေ့ ဘယ်ရက်က စလို့ အပစ်ရပ် ဖို့  ပြော။ မိုင်းမခွဲနဲ့ တံတားတွေ မချိုးနဲ့။ ပြီးမှ စားပွဲဝိုင်းထိုင် သူလိုချင်တာပြော ကိုယ်လိုချင်တာပြော။ ရှင်းနေ တာပဲ။ သေနတ်တစ်ချက် ဖောက်ရင် ဖောက်တဲ့ဘက်ကို တစ်နိုင်ငံလုံး ၀ိုင်းပြီး ပြော။ ဒီလောက်ရှင်းနေတဲ့ဟာ ဘာတွေ လျှောက်ပလီစိခြောက်ချက် လုပ်နေသလဲ။ KIA က စစ်တိုက်ချင်နေတာ။ စစ်ဖြစ်ချင်လို့ အပစ်မရပ်တာ။ အပစ်မရပ်တဲ့အတွက် တပ်ကပြန်ပြီး ဆော်နေတာ။ ဒါကိုပဲ ဟိုလျှောက်ပြော ဒီလျှောက်ပြော။

ဟိုတုန်းကဟာတွေ ရှေးကျောက်ခေတ်ကဟာတွေ အစဖော်မနေကြနဲ့ တော့။ အဲဒီတုန်းက လူတွေလည်း မရှိကြတော့ဘူး။ လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်တွေပဲ လုပ်ကြရမှာ။ တစ်ကယ် ငြိမ်းချမ်းချင်သလား။ တစ်ကယ်ဆွေးနွေးကြ။ ငယ်ငယ်တုန်းက သူငယ်တန်းမှာ မောင်ဖြူက သွားကျိုးအောင် ထိုးခဲ့တာတွေ ဘာဖြစ် လို့ ပြန်ပြောနေကြသလဲ။ အဲဒီ မောင်ဖြူနေရာမှ မောင်နီသာမက အခု မောင်မည်း အထိ   ရောက်နေပြီ။    မပြီးနိုင်မစီးနိုင် အတိတ်ကကို ထွက်မလာသေးဘူး။ KIA ရာဇင်ဝင်ထဲမှာ နေချင်တယ် ဆိုရင်လ ည်း     ရာဇ၀င်ထဲမှာပဲနေ။ စစ်သွေးကြွ ခေါင်းဆောင်ကြီး လုပ်ပြီး မဟုတ်တာတွေ ခံစား စံစားနေချင်တယ်   ဆိုရင် အခုအတိုင်းပဲ နေ။ ကိုယ့်အပိုင်စား နယ်ထဲမှာ ကချင် အမျိုးသမီးတွေကို စိတ်ကြိုက် လုပ်ချင်လုပ်။ ကျွံတော့ မကျွံစေနဲ့ ။ လာတော့ မစနဲ့။ ဗုံး မခွဲနဲ့ - မိုင်းမထောင်နဲ့ ။ ဒါဆိုရင် ရာဇ၀င် ထဲက KIA လုပ်နေလို့ ရမယ်။

ငြိမ်းချမ်းရေး လိုချင်ရင် ရိုး၇ိုးသားသားပဲ စဉ်းစား။ ဘာမှ ဝေ့လည်ကြောင်ပတ် ပြောမနေနဲ့ ။ ရိုး၇ိုးနဲ့ ရှင်းရှင်းပဲ ကောင်းတယ်။ (၁) နှစ်ဖက်လုံး အပစ်ရပ်ကြ (၂) နှစ်ဖက်လုံး ဆွေးနွေးကြ (မရမချင်း မကြေလည်မချင်း ဆွေးနွေးကြ) (၃) သဘောတူညီချက် ရရင် ခိုင်ခိုင်မာမာ ဖြစ်အောင် ဥပဒေအဖြစ် အသက်သွင်းကြ။ အဖြေက ရှင်းရှင်းလေးပါ။

From:ပလေတိုဒီမို

Myanmar Daily Star Group 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: