Pages

Thursday, December 20, 2012

“““ ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တရုတ် သို့သွားရောက်စဉ်က အထူး တပ်ဖွဲ့ဝင်များ ခင်ကျင်း ပြသထားသော လက်နက်ငယ် များအကြောင်း ”””

၂၀၁၂ ၊နိုဝင်ဘာလ (၁၄)ရက်နေ့က ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ် ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တို့  ချန်ဒူး(Chengdu )စစ်ဒေသကြီး လက်အောက်ခံ၊ အထူး စစ် ဆင်ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ရောက်ခဲ့တာကို မြဝတီ ဖေ့ဘုတ်မှာ ပံုေ တြတင္ထား တာ ေ တြ ႔ၾကရမွာပါ ။ ကျွန်တော်လည်း အဲဒီပုံတွေကိုပဲ ကြည့်ပြီး သူတို့ ဘာတွေ ခင်း ကျင်းပြလိုက်သလဲ ဆိုတာ ပဲ ရေးရမှာပဲ ။ 

တရုတ်တို့ထုံးစံအတိုင်း QBZ တွေကိုပဲထုတ်ပြတာပေါ့နော် ။ သိတဲ့အတိုင်း Bullpup ဒီဇိုင်း QBZ တွေဟာ သိပ်ကောင်းတဲ့ လက်နက်ငယ်မျိုးဆက်တစ်ခု ။ Bullpup အကောင်းဆုံး ၁၀ မျိုးဝင်မျိုးစိတ် တစ်ခုဖြစ် ပါ တယ် ။QBZ 95 အတွက် 5.8×42mm DBP87 နဲ့ QBZ 97 အတွက် 5.56x45mm NATO ကျည်သုံး ချေ မှူန်းရေး ရိုင်ဖယ်ပေါ့ဗျာ ။နော်ရင်ကို( Norinco) လို့ ခေါ်ကြတဲ့ China North Industries Corporation ကပဲ ထုတ်ခဲ့တဲ့ ကောင်လေးပေါ့ ။

QBZ 95 ရယ် QBZ 95Bရယ်ဆိုတာ ရှိတယ် ။ QBZ 95B ကတော့ ကာဘိုင်အမျိုးအစားပဲ ။ 95 နဲ့ ဘာကွာသလဲ မေးရင် မြန်မာလက်နက်ငယ်မှာ အမ်အေ ၁ နဲ့ အမ်အေ ၃ ကွာသလိုပါပဲ ။ အလျားတိုတာပဲ ရှိပါတယ် ။QBZ 95 ကတော့ 5.8×42mm DBP87 ကျည်သုံးတယ် ။QBZ 95 ကတော့ ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်) လေးပြီး သေနတ်တစ်ခုလုံး အရှည် ၂၉.၃ လက်မ(၇၄၅ မီလီမီတာ ) အရှည်နဲ့ ပြောင်းအလျား ၁၈.၂ လက်မ(၄၆၃ မီလီမီတာ) အလျား ရှိပါတယ် ။ယမ်းငွေ့အားသုံးမောင်းပြန်ရိုင်ဖယ်စနစ်ပဲဖြစ်ပါတယ် ။ပြောင်းထွက်ရှိန် ၉၃၀ မီတာ/စက္ကန့် ( တစက္ကန့်ကို ၃၀၅၀ ပေ )ဖြစ်ပါတယ် ။တမိနစ်ကို ကျည် ၆၅၀ ဆက်တိုက်ပစ်ခတ်နိုင်ပါတယ် ။

QBZ 95B ကတော့  ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်)လေးပြီး သေနတ်တစ်ခုလုံးအလျားက ၂ ပေ အတိ(၆၀၉ မီလီမီတာ ) နဲ့ ပြောင်းအလျား  ၁၄.၅ လက်မ (၃၆၉ မီလီမီတာ ) အရှည်ရှိ ပြီး ပြောင်းထွက်ရှိန် ၇၉၀ မီတာ/စက္ကန့်(တစက္ကန့် ပေ ၂၅၈၁ ) ဖြင့် တမိနစ်ကို ကျည်၈၀၀ ဆက်တိုက် ပစ်ခတ်နိုင်ပါတယ် ။

QBZ 95 နဲ့ QBZ 97 တို့၏ သိသာသော ခြားနားခြင်းများ

အဲဒီမှာ တစ်ခုရှိပါတယ် QBZ 97 ဆိုတာ ပါပဲ ။ 95 တွေနဲ့ ဘာကွာလဲ ဆိုတာတော့ သိပ်မကွာပါဘူးခင်ဗျ ။ဒါပေမယ့် သူက ပိုပြီး standard gun ဖြစ်လာပုံရပါတယ် ။ဘာလို့လည်းဆိုတော့ QBZ 97 ကတော့ 5.56x45mm NATO ကျည် သုံးလာပြီး ကျည်တောင့် ၃၀ ဆံ ကျည်အိမ်ကိုတော့ STANAG ကျည်အိမ် သုံးထားပါတယ် ။သူ့ရဲ့ အရည်အသွေးတွေကတော့ ၇.၄ ပေါင်(၃.၃၅ ကီလိုဂရမ်) ဖြစ်ပြီး သေနတ်တစ်ခုလုံး အလျားကတော့ ၂၉.၈ လက်မ(၇၅၈ မီလီမီတာ) ရှိပါတယ် ။ပြောင်းအလျား ၁၉ .၃ လက်မ( ၄၉၀ မီလီမီတာ) ဖြစ်ပါတယ် ။တတောင့်ချင်းပစ် အတွဲလိုက်ပစ်အပြင် အတွဲတို ၃ ချက်ပစ် စနစ်လည်း ထည့်သွင်းထားပါတယ် ။

QBB 95 light support weapon

နောက်တစ်ခုကတော့ QBB 95 ချေမှူန်းရေး စက်သေနတ် ဖြစ်ပါတယ် ။QBZ 95 ကို မူတည်ပြီး ထုတ်ခဲ့ တာ ပဲဖြစ်ပါတယ် ။ပြောင်းအလျားပိုရှည်တဲ့ စက်သေနတ်ဖြစ်ပါတယ် ။နော်ရင်ကို ကပဲ ထုတ်ခဲ့တာဖြ စ်ပြီး သေနတ်တစ်ခုလုံးအလျား ၃၃.၁ လက်မ(၈၄၀ မီလီမီတာ) ဖြစ်ပြီး ပြောင်းအလျားကတော့၂၃.၆ လ က်မ(၆၀၀ မီလီမီတာ) ရှိပါတယ်။အလေးချိန်ကတော့ ၃.၉၅ ကီလိုဂရမ် လေးပါတယ်  ။၅.၈x၄၂ မမ DBP87 ကျည် အသုံးပြုပါတယ် ။ကျည်အိမ်ကိုတော့ ၃၀ ဆံကျည်အိမ်အပြင် အတောင့် ၈၀ ဆံ ကျည်ေ ဘာ က် အ ဝိုင်းနဲ့လည်း တွဲသုံးပါတယ် ။ထိရောက်မှူအကွာအဝေး မီတာ ၆၀၀ နဲ့ ၈၀၀ ဖြ စ်ပြီး ပြော င်းထွက်ရှိန် ၉၇၀ မီတာ/စက္ကန့်( တစက္ကန့် ၃၁၈၁ ပေ) ဖြစ်ပါတယ် ။မောင်းပြန်နည်းပညာကတော့ QBZ 95 လိုပဲဖြစ်ပါတယ် ။

QBZ အကြောင်းကွန့်နေရင် စာရှည်သွားမှာမို့ လေ့လာရေး သွားတုန်းက ခင်းပြလိုက်တဲ့ ပုံတွေ ထဲကေ ကာင်လေးတွေကိုပဲ ရေးလိုက်ပါတော့မယ် ။ တရုတ်မှာအသုံးများတာကတော့ ၅.၈ x ၄၂ မမ သုံး QBZ 95 တွေနဲ့ 95 B တွေ ဖြစ်ပါတယ် ။
 
နောက်တစ်ခုကတော့ ခင်ကျင်းပြသတဲ့ အထဲကမှ ပုံစံ ၀၅ (၅.၈ မမ ကျည်သုံး စက်သေနတ်ကလေး )  ဖြစ်ပါတယ်QCW ပုံစံ ၀၅ (၅.၈ မမ စက်သေနတ်ကလေး)

ဒီQCWType05 တွေကတော့ယခင်ပုံစံ၈၅စက်ကလေး(ကျွန်တော်တို့ဆီက နေဝင်းစတင်းလို့ခေါ်တဲ့ကောင်ေ
တွနဲ့ ခပ်ဆင်ဆင်)နေရာမှာ အစားထိုးလာတဲ့ ကောင်ဖြစ်ပါတယ် ။ဒီကောင်ကတော့ QBZ 95 နဲ့ အတွင်း ပိုင်း ဖွဲ့စည်းမှူ အတူတူပါပဲ ။ ထူးခြားတာကတော့ အလူမီနီယံ ပြောင်း ပဲဖြစ်တယ် ။QBZ တွေ နဲ့သူ့မျိုးဆက် အားလုံးရဲ့ ကိုယ်ထည်ဟာ Polymer ပဲဖြစ်ပါတယ် ။ဂျာမာန် ရဲ့ HK MP5 ကို အတုယူပြီး ထုတ်လုပ်ထားခဲ့ တာဖြစ်ပါတယ် ။ Jianshe Industries Group ကထုတ်လုပ်ခဲ့ပြီး 5.8x21 (DAP92-5.8) ကျည် အသုံးပြု ပစ်ခတ်ပါတယ် ။ကျည် ၅၀ ဆံ ၂ တောင့်ပြိုင်ထည့် ၂ တန်းဖြစ်တဲ့ (four-row) ကျည်အိမ် တပ်ဆင် အ သုံးပြု ပါတယ် ။ ၂.၂ ကီလိုဂရမ် အလေးချိန်ရှိပြီး မီလီမီတာ ၅၀၀ အတိ ရှိကာ  ပြောင်းထွက်ရှိန် ၁၅၀ မီတာ/စက္ကန့် ထိရောက်မှူ မီတာ ၁၅၀- ၂၀၀ ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ် ။

QCWType05
 
လေးမြောင်း(4-row)ကျည်အိမ်အတွင်းပိုင်း

ဒီ QCW ပုံစံ ၀၅ တွေက အမှတ်မဲ့ကြည့်ရင် JS 9 မမ စက်သေနတ်ကလေးနဲ့ ဆင်ပါတယ် ။ဒီတော့ JS 9မမ စက်သေနတ်ကလေး အကြောင်းလည်း လမ်းကြုံလို့ပြောပါအုံးမယ် ။

JS ၉ မမ စက်ကလေး

 JS ၉ မမ စက်ကလေးအကြောင်းပြောပါ့မယ်။သူကလည်း ပုံစံ ၀၅ နဲ့ထူးမခြားနားပဲဖြစ်ပါတယ်။ JS လို့ေ ခ်ါရတာကတော့ ကျန်းရှယ် စက်မှူဇုန်(Jianshe Industries Group )က ထုတ်လို့ပါပဲခင်ဗျ ။၉ မမ ကျည် အသုံးပြုပစ်ခတ်ရပြီး ကျည် ၂၀ (သို့မဟုတ်) ၃၀ ဆံကျည်အိမ်တို့တပ်ဆင် ပစ်ခတ်လို့ ရပါတယ် ။တတော င့်ချင်းရော အတွဲလိုက်ရော ပစ်ခတ်လို့ရပြီး ၉x၁၉ ကျည်ဖြစ်တဲ့ DAP 92-9 ကျည် အဓိကအသုံးပြု ပစ်ခတ် နိုင်ပြီး ၉ မီလီမီတာ ကျည်များဖြစ်တဲ့ လူဂါ(Luger) ၊ ပါရာ(PARA) တို့ရဲ့ ကျည်များနဲ့လည်း အသုံးပြုနိုင် ပါေ သးတယ် ။ သာမာန် အလေးချိန်ကတော့၂ ကီလိုဂရမ်သာ အလေးချိန် ရှိပါတယ် ဆိုင်လင်ဆာ သို့မဟုတ် Suppressor တပ်ဆင်တဲ့အချိန်မှာတောင် ၂.၄ ကီလိုသာ လေးပါတယ် ။သေနတ်တစ်လက်လုံး အရှည်ဟာ ၄၅၀ မီလီမီတာ သာ ရှိပြီး ပြောင်းထွက်ရှိန်၃၂၁ မီတာ/စက္ကန့် ရှိပါတယ် ။ စမ်းသပ်ချက်များ နှင့် တိုက်ပွဲ အတွေ့အကြုံများအရဆိုလျှင် မီတာ ၅၀ အတွင်းမှာ ၅၀ မီလီမီတာ အထူ သစ်သားနဲ့ စတီးဟဲလ်မတ်ကိုေ တာင် ဖောက်နိုင်တယ်လို့ ဆိုပါတယ် ။ထိရောက်မှူ အကွာအဝေးကတော့ မီတာ ၁၀၀- ၁၅၀ ဖြစ်ပါတယ် ။

QSZ 92 (9 မမ)
 
နောက်တစ်ခုကတော့ QSZ 92 ပစ္စတို ပဲဖြစ်ပါတယ်

ဒီကောင်ကလည်း အပေါ်က ပုံစံ ၀၅ နဲ့ ဂျေအက်စက် လိုမျိုးပဲ ၉ မီလီမီတာနဲ့ ၅.၈ မီလီမီတာ ဆိုပြီး နှစ် မျိုးလာတယ် ။ ၀.၇၆ ကီလိုဂရမ် သာလေးပြီး  ၁၉၀ မီလီမီတာ အရှည်ဖြစ်ပါတယ် ။ပြောင်းထွက်ရှိန်တွေ ကတော့  ၃၅၀ မီတာ/စက္ကန့်ဖြစ်ပါတယ် ။ ၉x ၁၉ မီလီမီတာ ကျည်နဲ့ဆိုလျှင် ၁၅ တောင့်ဆံ ကျည်အိမ် အသုံးပြုပြီး ၅.၈ မီလီမီတာ DAP 92 ဆိုလျှင် ကျည် ၂၀ ဆံကျည်အိမ် အသုံးပြုပါတယ်။ပြောင်းလည်ပင်း မှာတော့ဓါတ်မီးငယ်၊ လေဆာရောင်စဉ်တန်းအိမ်တို့တပ်ဆင်ဖို့ မြောင်းရှိပါတယ် ။မောင်းခလုတ်ကို ၂ ဆင့်ဆွဲအသုံးပြုနိုင်ပါတယ် ။

QSZ 92(၅.၈ မမ)
 
QSZ 92(5.8 မမ) အားဆိုင်လင်ဇာတပ်ဆင်ထားစဉ်
 
QSZ 92(9 မမ)ထက်စာရင် QSZ 92(၅.၈ မမ) ဟာ ဒေါင့်ချိုးတွေမှာ အနည်းငယ် လုံးတာကို မသိမသာေ တွ့ရပါတယ် ။ဒီကောင်တွေကို နော်ရင်ကိုကထုတ်လုပ်ပြီး ၁၉၉၄ မှာ တရုတ်တပ်မတော်နဲ့ရဲတပ်ဖွဲ့တွေမှာ တပြိုင်တည်း တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ် ။

တရုတ်ရဲတပ်ဖွဲ့ဝင်များအား QSZ 92 များနှင့် တွေ့ရစဉ်
 
မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်...

http://mmarmysnipernote.blogspot.com/2012/11/blog-post_28.html#more

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: