Pages

Sunday, January 13, 2013

လိုင်ဇာမြို့ဆိုသည်မှာ

လိုင်ဇာမြို့ဟု ပြောလိုက်သည်နှင့် တရုတ်-မြန်မာ နယ်စပ်၊ ကချင်ပြည်နယ်ရှိ ကေအိုင်အို အုပ်ချုပ်သော မြို့လေး တစ်မြို့အဖြစ် အားလုံးသိကြပေမည်။ မှန်ပါသည်။ ထိုမြို့လေးသည်ကား ဗမာစာ မသုံး၊ တရုတ် စာနှင့် ကချင် ဘာသာစကား ကိုသာ အသုံးချ၍ လက်နက်ကိုင် ကေအိုင်အေတို့ စိတ်တိုင်းကျ ချယ် လှယ် အုပ်ချုပ် သည့် မြို့ တစ်မြို့ပင် ဖြစ်သည်။
 
ထိုမြို့လေးသည်ကား ၁၉၉၄ ခုနှစ် မတိုင်မီက ရွာလေး တစ်ရွာမျှသာဖြစ်ပြီး ၁၉၉၄ အပစ်အခတ် ရပ် စဲပြီးနောက် ကေအိုင်အေတို့ အနေဖြင့် ၄င်းတို့အခြေချသည့် ပါဂျောင် (Pajau) မှ ပြောင်းရွှေ့ လာခဲ့ပြီးေ နာက် တွင်တော့ အရေးပါသည့် မြို့တစ်မြို့ဖြစ် လာခဲ့သည်။ အပစ်အခတ် ရပ်စဲထားသည့် ကာလ အတွင်း ထိုမြို့လေးသို့ မြစ်ကြီး နားမှ ကားဖြင့် အချိန်မရွေး သွားလာနိုင်ပြီး ၀ိုင်းမော် အထွက်နှင့် လဂျားယန်တို့တွင် စစ်ဆေးေ ရး ဂိတ်များ၊ ဗန်းမော်လမ်းပေါ်နှင့် လိုင်ဇာအ၀င်အ၀တွင် စစ်ဆေးရေး ဂိတ်များကို ဖြတ်သန်း သွား ရမည် ဖြစ်သည်။

ကေအိုင်အိုတို့ အနေဖြင့် ၁၉၆၀ မှ ၁၉၉၄ ထိ ပါဂျောင်တွင် ဌာနချုပ် တစ်ခု ထားရှိပြီး ကချင်ပြည်နယ် ထွက် ရွှေများ၊ သစ်များ၊ ကျောက်စိမ်းများနှင့် မူးယစ်ဆေး ၀ါးများကို တရုတ်နှင့် အရောင်းအ၀ယ် ပြုလုပ်ပြီး စီးပွား ရှာခဲ့ ကြသည်။ ထိုနေရာများအား မြန်မာ့တပ်မတော်မှ ၀င်ရောက် ထိန်းချုပ်ခဲ့ပြီးနောက် ၁၉၉၄ ဖေဖော် ၀ါရီ ၂၄ တွင် အပစ်ရ ပ်ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်တော့ ကေအိုင်အိုတို့၏ ဌာနချုပ် စခန်း များ အားလုံး ပါဂျောင် မှ လိုင်ဇာသို့ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေ အား လျှပ်စစ် စက်ရုံ တိုက်ပွဲမှ အစပြု၍ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ကာ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး နောက် ဒုက္ခသည်များအား လိုင်ဇာ အနီး ပတ်လည်တွင် ကေအိုင်အေတို့ နေရာချထား ခဲ့သည်။
 
လိုင်ဇာမြို့ အနီးတွင် တည်ဆောက်ထားသော စစ်လေ့ကျင့်ရေးကျောင်းများနှင့် ကေအိုင်အေ အရာရှိ သင် တန်း ကျောင်းများ ရှိသည်။ လိုင်ဇာမြို့အ၀င် ဂိတ်မှစ၍ ကေအိုင်အေတို့ စည်းကမ်း သတ်မှတ် ထားသည့် နေရာ များ သို့ မသွား ရ၊ ဓာတ်ပုံ မရိုက်ရ ဆိုသော စကားများအား ဒေသခံ တစ်ယောက်ယောက်မှ ရှင်းပြ သည် ကို ကြားရမည် ဖြစ်သည်။
 
ဆိုင်ကယ်များ၊ ကားများပေါ်တွင် လက်နက်ကိုင်ဆောင်ထားသည့် ကေအိုင်အေ စစ်သားများ၊ လက်နက်မဲ့ ကေအိုင်အေ ယူနီဖောင်းဖြင့် သွားလာနေကြသူများကို မြင်ရသည်မှာ လက်နက်ကိုင်ပြီး ထိန်းချုပ်သည့် ကမ္ဘာ သစ် တစ်ခုကို ရောက်သွားသကဲ့သို့ ဖြစ်နေပေမည်။ ကင်မရာ တကားကားဖြင့် ဓာတ်ပုံရိုက်ပါက ကေအိုင်အေ ယူနီဖောင်းဝတ် တစ်ဥိးရောက်လာပြီး ခေါ်ဆောင်သွားခြင်းကို ခံရမည် ဖြစ်သည်။

တစ်ချို့နေရာများတွင် မပီသသော မြန်မာစာလုံးများဖြင့် ရေးထားသည့် ဆိုင်တစ်ချို့ကို မြင်တွေ့ရမည် ဖြစ်သော် လည်း အများအားဖြင့် ဗမာစကား မပြော၊ ဗမာစာ မသုံးကြ။ ဗမာရုပ် ထွက်နေပါက သင့်နောက် သို့ တစ် ယောက်ယောက်က လိုက်နေမည် ဖြစ်သည်။
 
၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ အတွင်း ကချင်ပြည်နယ် မြို့နယ် ၉ ခုမှ ရွာပေါင်း ၆၈ ရွာခန့်သည့် ပါဝင် ခဲ့ခြင်း မရှိ။ လိုင်ဇာနှင့် မိုင်ဂျားယန် ( Maijayang)မြို့ ၂ မြို့မှ လူပေါင်း ၁ သိန်းကျော်ခန့် သည်လည်း ဆန္ဒမဲ ပေးခွင့် မရ ခဲ့ကြ။ လက်နက် ကိုင် ထိန်းချုပ် ထားသည့် ဒေသဖြစ်သည့် အတွက် ကေအိုင်အိုမှ အလို အလျောက် အာဏာရ ရှိပြီး ဖြစ်သည်။ ထိုမြို့ ၂ မြို့မှ လူများနှင့် ထိုမြို့သို့ လာရောက်သည့် နိုင်ငံခြားသား များ အတွက် ကေအိုင်အိုမှ  နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးထားသည်။

ထို စိစစ်ရေးကတ်များတွင် ကိုင်ဆောင်သူ၏ နာမည်၊ မွေးသကရာဇ်၊ မိဘအမည်၊ ကိုယ်ရေးအကျဉ်း၊ ၀င်ငွေ၊ DNA တို့ပါဝင်ပြီး ကေအိုင်အို ဖွင့်လှစ်သည့် ဘဏ်များတွင် ဘဏ်အကောင့် ပြုလုပ်နိုင်သည်။ လိုင်ဇာတွင် နေသောသူအားလုံး အဆိုပါကတ်များ ရရှိကြပြီး ဒေသခံနှင့် နိုင်ငံခြားသားဟူ၍ ကတ် ၂ မျိုးရှိသည်။

All data about the holder is recorded on the card, including income and DNA. The holders can open bank accounts when the KIO-run bank is opened,” said a KIO officer.

The holder’s name, birth date, parent’s name and biographical information are on the card. The total cost for each card is Chinese Yuan 30, equivalent to 3,000 Burmese kyat.

၂၀၁၀ အဆုံးပိုင်းတွင် ထိုကတ်များဖြင့် ယူနယ်နယ် တောင်ပိုင်း၊ ကူမင်းအထိ သွားလာနိုင်ပြီး ပြည်တွင်း တွင် တော့ ထိုကတ်များသည် တရားမ၀င်ဟု ဆိုသည်။ 
 
အချိန်ကြာလာသည်နှင့်အမျှ လိုင်ဇာသည် ကချင်ပြည်နယ်နှင့် တရုတ်တို့အကြား အရေးပါသော ဒေသ တစ်ခု ဖြစ် လာပြီး ကေအိုင်အေခေါင်းဆောင်များ ပိုင်ဆိုင်သော ဟိုတယ်၊ လောင်းကစားရုံများမှာ ၂ နိုင်ငံ လုံးတွင် ရှိ သည်။

ယနေ့အချိန်တွင်တော့ တိုက်ပွဲများ အကြား မြစ်ကြီးနားမှ လိုင်ဇာသို့ သွားလာရေး အဆင် မပြေတော့။ မြန်မာ များ အနေဖြင့်လည်း ထိုဒေသ သို့ သွားပါက စစ်တပ် သူသျှိုဆိုကာ ဖမ်းဆီး ခံရမည်သာ ဖြစ်သည်။
 
 လက်နက်များကို ဓာတုပစ္စည်းများဖြင့် လိုင်ဇာတွင် ပြင်ဆင်ကြသည်
 
အဆုံး ဆိုရလျှင် ထိုမြို့လေးသည်ကား ဒီမိုကရေစီ စနစ်ထွန်းကားဖို့ ကြိုးစားနေသော မြန်မာနိုင်ငံတွင် လက် နက် ကိုင်တို့ အုပ်ချုပ်သည့် နေရာတစ်ခု၊ ထိုဒေသမှ ပြည်နယ်အရင်းအမြစ်များကို လက်နက်ဝယ် ယူဖို့ ကြိုး စားရင်း အစိုးရကို တိုက်ခိုက်နေသော နေရာတစ်ခု၊ ကချင်တစ်ပြည်နယ်လုံးကို မိုင်းထောင်၊ဗုံးခွဲမည့် သူများ အား စုစည်းထားသည့် နေရာတစ်ခုပင် ဖြစ်သည်။

ရင်နာနာနဲ့ လှမ်းကြည့်နေရတဲ့ လိုင်ဇာ လို့ ခေါ်တဲ့မြို့..
============================
ဒီနေရာကို တိုက်ရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေတယ်လို့ ဆိုတဲ့မြို့..

နိုင်ငံခြားသားတွေ အပါအ၀င် လူဦးရေ ၅ သောင်းကို ကေအိုင်အိုဆိုတဲ့ ကချင်ကို ကိုယ်စားပြုတယ် ဆိုသော လက်နက်ကိုင် ၅၀၀၀ အုပ်ချုပ်တဲ့မြို့…

ကေအိုင်အို ဘဏ်မှာ အကောင့်တစ်ခု လုပ်လို့ရတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ သီးသန့်ထုတ်ပေး ထား တဲ့မြို့.

ကချင်လူမျိုးနဲ့ နိုင်ငံခြားသားကို ကတ် ၂ မျိုးထုတ်ပေးပြီး စိတ်တိုင်းကျ ကေအိုင်အိုက အုပ်ချုပ်တဲ့မြို့..

မြန် မာငွေ မသုံးဘဲ တရုတ်ငွေကို သုံးစွဲတဲ့မြို့...

ကေအိုင်အိုက ပေးတဲ့ စိစစ်ရေးကတ်ရှိရင် တရုတ်နိုင်ငံ၊ ယူနန် နယ်က ကူမင်းအထိ သွားလာနိုင်တဲ့မြို့..

ဗမာ စာ မသုံး၊ ဗမာကို မုန်းတီးဖို့ စိတ်ဓာတ်တွေ သွတ်အသွင်း ခံထားရတဲ့မြို့..

ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တပ်မတော်သား အသက်တွေပေးပြီး ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းစေဖို့ အလှကြည့်နေရတဲ့ မြို့..

နိုင်ငံတော် အလံမသုံး...နိုင်ငံတော်အလံကို မုန်းပြီး ခြေနဲ့ နင်းချေတတ်တဲ့မြို့...

ကျဆုံးခံခဲ့တဲ့ တပ်မတော်သားတွေရဲ့ ၀ိဥာဉ်တွေ ရင်နာနာနဲ့ လှမ်းကြည့်နေရတဲ့ လိုင်ဇာ လို့ ခေါ်တဲ့မြို့..

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: