ရခိုင်ပြည်နယ်
အတွင်း များမကြာမီက ရွှေးချယ် တင်မြှောက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး
ရွှေးချယ်မူနှင့် ပတ်သက်ပြီး ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေရာ
ရခိုင်ပြည်နယ် လွှတ်တော်မှ စုံစမ်း စစ်ဆေးရေး အဖွဲ့ (၃) ခုဖြင့် ကွင်းဆင်း
စစ်ဆေးနေသည်ဟု သိရသည်။
စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခု ဒီဇင်္ဘာလ ၁၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ
ကျင်းပခဲ့သော ရခိုင်ပြည်န ယ် လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးက
ဖွဲ့စည်းလိုက်ခြင်းဖြစ်ဟု ရသေ့တောင်မြို့န ယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်
ဦးလှမောင်သိန်းက ပြောသည်။
ချမှတ်ထားသော စည်း ကမ်း ဥပေဒများကို ချိုးဖေါက်ပြီး
ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွှေးချယ် တင်မြှော က်ခဲ့သည်ဟု ဆိုကာ
ရခိုင်ပြည်နယ် အစိုးရသို့ တိုင်ကြားစာ အများအပြား ရောက်ရှိနေသည်ဟု သိရသည်။
စိစစ်ရေးအဖွဲ့သည် ယခုအခါ ရခိုင်ပြည်နယ် မြို့နယ်တချို့ကို သွားရောက်ပြီး
စုံစမ်းစစ်ဆေးမှုများ စတင် ပြု လုပ် နေသည်ဟု ရသေ့တောင်မြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာ သို့ ပြော သည်။
“ လွှတ်တော်သို့ တိုင်ကြားစာနဲ့ ပတ်သက်လို့ စိစစ်ရေးအဖွဲ့က အခု နယ်တွေကို ဆင်းပြီး စစ်ဆေးေ န ပါတယ်။” လွှတ်တော်မှ ဖွဲ့စည်းပေးလိုက်သော စိစစ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ်
ဦးမောင်လုံးေ ဆာင်ရွက် မည် ဖြစ်ပြီး အဖွဲ့ခွဲ သုံးဖွဲ့ ဖွဲ့ကာ
ရခိုင်ပြည်နယ် မြို့နယ် တချို့တွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု သူ က
ပြော သည်။
“ လွှတ်တော် စိစစ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်လုံးပါ။ အဖွဲ့ငယ်သုံးဖွဲ့
ခွဲပြီး သွားနေပါတယ်။ အဖွဲ့ ဥက္ကဌ ဦးမောင်လုံး ဦးဆောင်တဲ့ အဖွဲ့က
ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်ကို သွားပါတယ်။ အဲဒီအ ဖွဲ့မှာ
တပ်မတော်က ကိုယ်စားလှယ် သုံဦး ပါဝင်ပါတယ်။ ဘူး သီးတောင်၊ ရသေ့တောင် နဲ့
မောင်တောကို ဦးထူးမင်း ဦးဆောင်တဲ့ အဖွဲ့က သွားရောက် စုံစမ်း စစ်ဆေး
နေပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ကျေးရွာ အများအပြားတွင် အုပ်ချုပ်ရေးမှူး ရွှေးချယ်ရေးနှင့်
ပတ်သက်ပြီး ပြဿ နာ ပေါ်ေ ပါ က်ေ နသဖြင့် အုပ်ချုပ်ရေးမှူးများကို အတည်
မပြုနိုင်သေးဘဲ ဖြစ်နေသည်ဟု သိရသည်။ ယခင် အုပ်ချု ပ်ေ ရးမှူး ဖြစ်သူက နောက် ရွှေးချယ်ခံရသူကို တာဝန်
မလွှဲပြောင်းလို၍ တိုင်ကြားထားသည့် အမူများ ရှိသ လို၊ ရွှေးချယ်
တင်မြှောက်ရာတွင် နံပတ် (၂) နေရာမှ ရသူက ပထမ ရသူကို မကျေနပ်၍
တိုင်ကြားထား သည့် အမူများလည်း ရှိကြောင်း သိရသည်။ အများစု တိုင်ကြားထားသည့်အမူများမှာ ဆယ်အိမ်ခေါင်း ရွှေး ချယ်ရာက အစ
ဥပဒေနှင့် မကိုက်ညီဘဲ မြို့နယ် အာဏာပိုင်များက မိမိသဘောနှင့် မိမိ
ရွှေးချယ်သည်ဟု စွပ်စွဲထားသော အမူ များပြားကြောင်း သိရသည်။
အဆိုပါ စိစစ်ရေး အဖွဲ့များသည် တခြားမြို့နယ်များဖြစ်သည့် မင်းပြား၊
မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်ေ အာင်၊ တောင်ကုတ်၊ သံတွဲနှင့်
ဂွမြို့နယ်များကိုလည်း သွားရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရ သည်။
ရခိုင်ပြည်နယ် လွှတ်တော်က ယခုကဲ့သို့ အဖွဲ့များဖွဲ့စည်းပြီး
ရခိုင်ပြည်နယ်အနှံ့ စုံစမ်းစစ်ဆေး မှုများ ပြု လု ပ်ခြင်းသည် ရခိုင်လူထုအတွက်
ကောင်းမွန်ပြီး အကျိုးရှိမည် ဖြစ်ကြောင်း ဦးလှမောင်သိန်း က ပြော သည်။
http://www.narinjara.com/burmese/?p=3949
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။