Pages

Thursday, January 3, 2013

မျက်ရည်နဲ့ ရေးတဲ့စာ

ကချင်အရေးနဲ့ပတ်သက်ပြီး မြန်မာမီဒီယာတွေရဲ့ရပ်တည်ချက်ဟာ မျှမျှတတမရှိဘူးဖြစ်နေ တယ် ၊စစ်တပ် ကပဲ သူ့ဟာသူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးတွေကို မတရားလုပ်နေသလိုလို ၊ လေကြောင်း ကေ နပဲ အနိုင်ကျင့်နေသလိုလို သဘောမျိုးပါတဲ့ အရေးအသားတွေ ၊  စစ်တပ်ကလေယာဉ်ပျက် ကျရင်ပဲ ၀မ်းသာသလိုလို အပြောအဆိုတွေ ၊ အရေးအသားတွေ တွေ့နေရပါတယ် ၊ ဒီကြားထဲ ကုလားမြအေးကပါ လူတွင်ကျယ်ဝင်လုပ်နေတာတွေလည်း တွေ့နေရပါတယ် ။
ကျဆုံးစစ်သည်တွေကလဲ အသက်တွေနဲ့ပါ၊ သူတို့မှာလဲ မိသားစု တွေရှိတယ်ဆိုတာ မမေ့ပါနဲ့ မြန်မာနိုင်ငံက စောက်သုံးမကျတဲ့ လေးချောင်းမြောက်ဒေါက်တိုင် ကကောင်တွေ
အရေးအသားတွေက ဘယ်လိုဖြစ်နေလဲဆိုရင် KIA က  တံတားလေး ၁၀၀ ကျော်လောက် နဲ့ ရထားနည်း နည်းပါးပါး ကို ဗုံးလေးနဲ့ ခွဲတာမိတာ စစ်တပ်က လေယာဉ်ကြီးနဲ့  ပစ်နေတယ်ဆိုတာ မျိုးဖြစ်နေတယ် ။မီဒီယာတွေဟာ အရင်  စစ်အစိုးရကိုမုန်းတီးတဲ့စိတ်အခြေခံနဲ့ စစ်တပ်ကခံရရင် ကောင်းတယ်ဆိုတာမျိုး လုပ်နေတာကိုသတိပြုမိတယ် ။ ဒီလိုလုပ်နေသ၍ စစ်တပ်နဲ့ လူထုဟာ ဘယ်တော့မှနီးစပ်တော့မှာ မဟုတ် ဘူး ဝေးသည်ထက်ဝေးလာမယ် ၊ ခင်ဗျားတို့ရေးတဲ့သတင်းတွေကို ဖတ်ပြီးစစ်ဗိုလ်စစ်သားတွေဟာ  အ သားဆတ်ဆတ်တုန်အောင် နာကြတယ် ၊ခံပြင်းကြတယ် ။

ဥပမာတစ်ခုပြောပြမယ် KIA ကနေ စစ်တပ်က ရိက္ခာပို့ယာဉ်တန်းကို ခြုံခိုတိုက်လိုက်တာ တစ်နေရာ တ ည်း မှာ အရာရှိ ၆ ဦးနဲ့ အခြားအဆင့်စစ်သည် ၄၂ ဦး ကျဆုံးသွားခဲ့တယ် ၊ အဲဒီတပ်နောက်တန်းမှာ ကျန် ခဲ့တဲ့ ကျန်ရစ်သူမိသားစုတွေ သူတို့နဲ့ ပတ်သက်နေတဲ့ မိဘဆွေမျိုးတွေ ရဲ့ ငိုကြွေးသံတွေဟာ ဘ၀ဂ် ညံ သွားခဲ့တယ် ၊ အဲဒီ ငိုကြွေးသံတွေဟာ စစ်သားစိတ် ရှိတဲ့သူတိုင်းရဲ့နားတွေထဲကို သံရည်ပူတွေေ လာင်း ထည့်သလို ခံစားလိုက်ရတယ် ၊ မောင်ရင်တို့ မီဒီယာတွေရဲ့ တစ်ဘက်ပိတ်နားတွေကတော့ ကြားနိုင်မှာ မဟုတ်သလို ငရမန်ကန်းတွေမို့ မြင်နိုင်ကြမယ် လည်းမဟုတ်ပါဘူး.....။ သူတို့ရဲ့ဖခင်ကြီး ဂွမ်းေ ရှာင် သ တင်း ကိုကျတော့ အိပ်သာထဲ သေပေါက်တာကအစ တင်တယ် ဘယ်ဂျာနယ်လဲ ဆိုတာ လည်းသိလောက် ကြမှာပါ......(V)

သူတို့တွေရဲ့နားရေးကို တစ်ယောက်စီမလုပ်နိုင်တော့လို့ ခမ်းမကြီးထဲမှာ ပေါင်းလုပ်လိုက်ရတဲ့ အဖြစ်ေ ရာက် သွားတယ် ၊ ရေစက်ချတဲ့အချိန်က ရဲမေတွေရဲ့အမျှဝေသံ ၊ သာဓုခေါ်သံတွေကြောင့်  တရားေ ဟာ စင်ပေါ်က ဆရာတော်ကိုယ်တိုင်  မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့အထိဖြစ်ခဲ့တယ်...

ဒီ့အတွက် ဘယ်သူမှမနာကြဘူး ၊ ဘယ်သူကမှအရေးတယူလုပ်ပြီး KIA ကိုမကန့်ကွက်ကြဘူး ၊ဘယ်သေ ကာင့် သားကမှ ဆူးလေဘုရားနားမှာ ဆန္ဒမဖေါ်ထုတ်ပေးကြဘူး ၊ဘယ်မျိုးဆက်က မှ ကြေငြာ ချက်မထု တ် ကြဘူး ၊ ဒီမျက်ရည်တွေအတွက် ဘယ်သူမှမခံစားပေးခဲ့ကြဘူး... ဒါပေမယ့် ကျဆုံးသွားတဲ့ စစ် သည်တွေရဲ့ သွေးတွေဟာ ကျန်ရစ်တဲ့ တပ်မတော်သားတွေရဲ့ နှလုံးသားတွေဆီကိုစီးဆင်းသွားတယ
တပ်မတော်သားတွေဆိုတဲ့အထဲမှာ ကာကွယ်ရေးဦးစီးချုပ်လဲ ပါမှာပဲ.....

တပ်မတော်သားတွေရဲ့ သစ္စာအဓိဌာန်ထဲမှာ ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့် သိရိုသေပါမည်ဆိုတာ ပါတယ် ခု KIA ကိုပြန်တိုက်တယ် ... ဒါ ကချင်တွေမို့လို့ တိုက်နေတာမဟုတ်ဘူး ၊ တိုင်းရင်းသားတွေမို့ တိုက်နေတာမဟုတ်ဘူး ဗမာဗမာချင်းဆိုရင်လဲ တိုက်မှာပဲ၊ဒါဟာ ကျဆုံးသွားကြတဲ့ စစ်သည်တွေရဲ့ သစ္စာကို စောင့်သိနေတာပါဘဲ...... ဆက်ပြီးတော့လဲ စောင့်သိနေဦးမှာပါပဲ.....

ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ..................
ဒေါက်တာဆိတ်ဖွား

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မျက်ရည်နဲ့ ရေးတဲ့စာ

Labels:

0 comments: