Pages

Thursday, January 3, 2013

သင့်ကြောင့် ပြည်ထောင်စုကြီး မပြိုကွဲ ပါစေနှင့်

မြန်မာဆိုတာ အတိတ်ရှိတဲ့လူမျိုး၊ သမိုင်းရှိတဲ့လူမျိုး၊ အမျိုးဘာသာ သာသနာကို ချစ်ခင်လေးစား တတ်တဲ့ လူမျိုး၊ ကိုယ်ပိုင် ယဉ်ကျေးမှုရှိတဲ့လူမျိုး၊ ဒီလိုလူမျိုးစုတစ်ခုကို လူမျိုးစုကြီးတစ်ခုက လက်နက်အား ကိုးအနို င်ကျင့်ခံခဲ့ရတာ နောင်တစ်ကြိမ်ပြန်မဖြစ်စေဖို့ သင်ခန်းစာရယူတတ်ရပါမည်။

ကျွန်တော်တို့ တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီအားလုံး ၊ အဖွဲ့အစည်းအားလုံး ၊ ကိုယ့်ကိုကိုယ် စတု တ္ထမဏ္ဍိုင်လို့ ခံယူချင်တဲ့ မီဒီယာအားလုံး ဒီတစ်ချိန်မှာမှ မစည်းလုံးမညီညွတ်ကြသေးရင် ရှေးယခ င်က နှ စ်ေ ပါင်းတစ်ရာကျော်ခံခဲ့ရတာ မမှတ်သေးဘူးလားဖြစ်သွားပါဦးမည်။

ကျွန်တော်တို့ဘုရင်ကို ကြက်ကလေးငှက်ကလေးဖမ်းသလို ခေါ်သွားခဲ့ပေမယ့် ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့် အလံပြန်လွှင့်နိုင်ဖို့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ ပြန်ရခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးကာလ ထဲက သွေးစွန်းခဲ့၊ ခါးသီးခဲ့တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်ဖတ်မိတိုင်း မညီညွတ်ခဲ့ခြင်းရဲ့ ရလာဒ်ကို သင်ခန်းစာဖော်ထုတ်ကြရပါမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်အချင်းချင်းသွေးကွဲလာခဲ့ကြပြီး အခုချိန်ထိ ကျွန်တော်တို့မညီညွတ်သေးရင် လွတ်လပ်ရေးယူပေးခဲ့တဲ့ အာဇာနည်မျိုးချစ်သူရဲကောင်းမြော က်များစွာ၊ အညတရ သူရဲကောင်းများစွာ၊ ကျွန်တော်တို့ ဘိုး ဘေး ဘီ ဘင်တို့အပေါ် သစ္စာမဲ့ရာေ ရာက် လှပါသည်။

ဒါကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားအားလုံး ယခင်အမှားများစွာကို သင်ခန်းစာယူ၊ အမှန်များ စွာကို နမူနာယူပြီး ခေတ်ပြောင်း စနစ်ပြောင်းကာလကို ပညာဥာဏ်ရင့်သန်သော၊ ရဲရင့်သော၊ အမှားအမှန် ခွဲခြားသိမြင်တတ်သော၊ အလုပ်ကိုကြိုးစားလုပ်ဆောင်တတ်သော၊ ကိုယ်ကျိုးထက် အများအကျိုးကို ကြည့် တတ်သော၊ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနိုင်ငံကို အောင်မြင်စွာတည်ဆောက်နိုင်သော ကမ္ဘာက လေး စားရတဲ့ စံပြမျိုးဆက်သစ်နိုင်ငံသားများအဖြစ် ညီညီညာညာလက်တွဲဆောင်ရွက်ကြပါစို့ဟု လေးစားစွာတိုက် တွန်း အပ် ပါသည် ။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: