ကျဆုံးစစ်သည်တွေမှာလဲ အသက်တွေ၊ မိသားစုတွေနဲ့ ဆိုတာမမေ့ပါနဲ့
လူပေါင်း
၁၈၀ ရှေ့တန်းထွက်တဲ့ တပ်ရင်း။ လူပေါင်း ၆၀ လောက် သေသွားတဲ့အခါမှာ
ကျန်ခဲ့တဲ့ တပ်ရင်း တစ်ခုက ၀မ်းနည်းရတဲ့ အဖြစ်ကို တွေးကြည့်။ ကျွန်တော်တို့
သတင်းကြားတာက သေဆုံးတဲ့ လူ ၆၀။ ဒါပေမယ့် သူတို့အတွက် ကျတဲ့ မျက်ရည်တွေက
မိုးတွင်းမဟုတ်ဘဲ တပ်ရင်းမှာ မိုးရွာသလောက် များပြားခဲ့မှာပါ။ ဒါ
ငိုကြွေးသံတွေကို သူတို့ ဓာတ်ပုံ မရိုက်ခဲ့ဘူး။ ဗီဒီယို မရိုက်ခဲ့ဘူး။ အင်တာနက် ပေါ် တင်ဖို့ လုံးဝ(လုံးဝ) စိတ်ကူး မရှိခဲ့ပါဘူး။ ဒါကြောင့် ခင်ဗျားတို့ မခံစားခဲ့ကြရတာလား။
ရိက္ခာဆန် အညံ့စားပြီး တိုင်းပြည်အတွက် အသက်ပေးသွားရလို့လည်း သူတို့
ဝမ်းနည်းကြေကွဲ မနေခဲ့ဘူး။ တပ်မတော်နေ့မှာ စစ်သီချင်းသံကြားရင် သူတို့
ပျော်ရွှင်ခဲ့ကြတယ်။ ရိက္ခာမပို့နိုင်လို့ တောထဲမှာ ဖြစ်သ လို စားရတယ်။
ကျောပိုးအိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်နဲ့ ကိုယ့်ကိုကိုယ် နွေးထွေးအောင်
လုပ်ပြီး တိုင်းပြည်အတွက် တောတောင်ကြားမှာ အပင်ပန်းခံပြီး ရက်၊လ၊ နှစ်တွေ
နေနေရလည်း သူတို့ ပျော်ေ ပျာ်ပါပဲ။ ဒါကို ခင်ဗျားတို့ တပ်မတော်သား
မလုပ်ဖူးလို့ မခံစားပေးတတ်ကြတာလား။
လုံခြုံရေးအတွက် ဆိုပြီး လှုပ်ရှားကင်းလှည့်ချိန်မှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံး၊ ဒဏ်ရာ ရနေပေ မယ့် သူတို့ အသံ တစ်ချက် မထွက်ခဲ့ဖူးဘူး။ စစ်သားပဲ သေတာ ဘာဆန်းလဲ ဆိုတဲ့ စိတ်နဲ့ တာဝန် ဆိုတာ ကိုပဲ သူတို့ ထမ်းဆောင်ခဲ့ကြတယ်။ ခင်ဗျားတို့ အမျိုးတွေ မပါလို့ ခင်ဗျားတို့ နားမလည် ပေးကြတာလား။
စစ်သားနဲ့ နွား သနားစရာ မလိုဘူး။ နိုင်ငံနဲ့ ပြည်သူ အကျိုးရှိဖို့အတွက် ဆို ခိုင်းသာခိုင်း၊ မညည်းမညူ လုပ်ပေး တာ ဒီစစ်သားတွေ မဟုတ်လား။ ဒီစစ်သားတွေ ကျည်တစ်ချက် ထွက်ရင် ဆန်တစ်ပြည် လို့ အော်တတ်တဲ့ ခင်ဗျားတို့က သောင်းကျန်းသူတွေ အသုံးပြုတဲ့ ကျည်ဆံတွေကို ဘယ်က ငွေနဲ့ ရလဲလို့ ဘာလို့ မေးခွန်း မထုတ်တာလဲ။ သောင်းကျန်းသူတွေ သေမှ ခင်ဗျားတို့ ဘာလို့ နာတတ်ရတာလဲ။
ရှင်းရှင်းပဲ ပြောမယ်။ ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။