Pages

Thursday, December 20, 2012

“““ KIA ၏ အတင်း အဓမ္မ ဖမ်းဆီး လူသစ်စု ခြင်းကြောင့် ရှမ်းတိုင်းရင်းသား ယောင်္ကျားများ ရွာလုံး ကျွတ် ထွက်ပြေးနေရ ”””

KIA တပ်မဟာ (၃)နယ်မြေ အူလန်ပါခရိုင်မှူး ဇော်ရှန်အဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်ေ န့ နေ့လည်ပိုင်းမှာ ရှမ်းလူမျိုးနေထိုင်ရာ ရွာများဖြစ်တဲ့ မန်ဝိန်းကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ နောင် မွန်း၊ နမ့်ဟီး၊ ဆွတ်ခါး၊ မန်အိုက်၊ နောင်စွမ်း၊ နောင်လုတ်၊ ဖာဈာန်၊ နားလုံ၊ ကွတ်လုံနဲ့ ပန်ခမ်းရွာများမှ ရွာလူကြီးများအား ကုန်းခမ်းကျေးရွာ၊ စစ်ကျန် ဗိုလ်တဲတိုက်ဟောင်းမှာ ခေါ်ယူတွေ့ဆုံပြီး တစ်ရွာလျှင် တပ်သားသစ် ၁၀ ဦးစီအား ဒီဇင်ဘာလ (၂၀) ရက်နေ့အရောက် ခရိုင်ရုံးသို့ ပို့ပေးဖို့ မပို့ပေးနိုင်ပါက တွေ့ သ မျှလူ အားလုံး ဖမ်းဆီးမည် ဖြစ်ကြောင်း၊ နှစ်စဉ်ရိက္ခာအဖြစ် တစ်အိမ်လျှင် ဆန် ၁ တင်း၊ ဆား ၁  ပိဿာနှု န်း ကောက်ခံပေးပို့ဖို့နဲ့ မပေးနိုင်ပါက ရိက္ခာတန်ဖိုးနဲ့ညီမျှသော ငွေကြေးေ ပးဆောင်သွားကြ ဖို့ ပြောဆိုခဲ့ကြောင်း၊ မန်ဝိန်းကြီးရွာမှ ဒေသခံတစ်ဦးမှ သတင်းပေးလာပါတယ်။

ရွာလူကြီးတွေအနေနဲ့ ယခင်နှစ်များက တစ်နှစ်တစ်ရွာလျှင် တစ်ယောက်နှုန်းသာ ပေးနေကြဖြစ်လို့ ယခု (၁၀) ဦး တောင်းလာခဲ့မှုဟာ မဖြစ်နိုင်ကြောင်းနဲ့ လူအစား ငွေပေးခွင့်ပြုဖို့ တောင်းပန်ခဲ့ပေမဲ့ လည်းေ ဇ်ာရှန်က လက်မခံခဲ့တဲ့အတွက် ဒီဇင်ဘာလ (၁၇)ရက်နေ့ ညပိုင်းကစပြီး ရွာတိုင်းမှာရှိတဲ့ ယော င်္ကျား များ ရွာလုံးကျွတ်နီးပါး တရုတ်နိုင်ငံ၊ နောင်တောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ဘက်သို့ ထွက်ပြေး လျက်ရှိကြောင်း သိရှိရပါတယ်။ KIA အနေနဲ့ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလခန့်မှ စပြီး စစ်တပ်နဲ့ တိုက်ပွဲများ ပြင်းထန်လာပြီး လူအင်အား များလျော့နည်းလာခြင်းကြောင့် လူသစ်စုဆောင်းမှုကို ပြင်းပြ င်းထန်ထန်လုပ်ဆောင်လာရာမှာ ပြည်ပသတင်း ဌာနများကပါ ဖော်ပြလာသည်အထိ နိုင်ငံတကာရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများက အာရုံစူးစိုက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA ၏ အတင်း အဓမ္မ ဖမ်းဆီး လူသစ်စု ခြင်းကြောင့် ရှမ်းတိုင်းရင်းသား ယောင်္ကျားများ ရွာလုံး ကျွတ် ထွက်ပြေးနေရ ”””

Labels:

KIA တပ်မဟာ (၃)နယ်မြေ အူလန်ပါခရိုင်မှူး ဇော်ရှန်အဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်ေ န့ နေ့လည်ပိုင်းမှာ ရှမ်းလူမျိုးနေထိုင်ရာ ရွာများဖြစ်တဲ့ မန်ဝိန်းကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ နောင် မွန်း၊ နမ့်ဟီး၊ ဆွတ်ခါး၊ မန်အိုက်၊ နောင်စွမ်း၊ နောင်လုတ်၊ ဖာဈာန်၊ နားလုံ၊ ကွတ်လုံနဲ့ ပန်ခမ်းရွာများမှ ရွာလူကြီးများအား ကုန်းခမ်းကျေးရွာ၊ စစ်ကျန် ဗိုလ်တဲတိုက်ဟောင်းမှာ ခေါ်ယူတွေ့ဆုံပြီး တစ်ရွာလျှင် တပ်သားသစ် ၁၀ ဦးစီအား ဒီဇင်ဘာလ (၂၀) ရက်နေ့အရောက် ခရိုင်ရုံးသို့ ပို့ပေးဖို့ မပို့ပေးနိုင်ပါက တွေ့ သ မျှလူ အားလုံး ဖမ်းဆီးမည် ဖြစ်ကြောင်း၊ နှစ်စဉ်ရိက္ခာအဖြစ် တစ်အိမ်လျှင် ဆန် ၁ တင်း၊ ဆား ၁  ပိဿာနှု န်း ကောက်ခံပေးပို့ဖို့နဲ့ မပေးနိုင်ပါက ရိက္ခာတန်ဖိုးနဲ့ညီမျှသော ငွေကြေးေ ပးဆောင်သွားကြ ဖို့ ပြောဆိုခဲ့ကြောင်း၊ မန်ဝိန်းကြီးရွာမှ ဒေသခံတစ်ဦးမှ သတင်းပေးလာပါတယ်။

ရွာလူကြီးတွေအနေနဲ့ ယခင်နှစ်များက တစ်နှစ်တစ်ရွာလျှင် တစ်ယောက်နှုန်းသာ ပေးနေကြဖြစ်လို့ ယခု (၁၀) ဦး တောင်းလာခဲ့မှုဟာ မဖြစ်နိုင်ကြောင်းနဲ့ လူအစား ငွေပေးခွင့်ပြုဖို့ တောင်းပန်ခဲ့ပေမဲ့ လည်းေ ဇ်ာရှန်က လက်မခံခဲ့တဲ့အတွက် ဒီဇင်ဘာလ (၁၇)ရက်နေ့ ညပိုင်းကစပြီး ရွာတိုင်းမှာရှိတဲ့ ယော င်္ကျား များ ရွာလုံးကျွတ်နီးပါး တရုတ်နိုင်ငံ၊ နောင်တောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ဘက်သို့ ထွက်ပြေး လျက်ရှိကြောင်း သိရှိရပါတယ်။ KIA အနေနဲ့ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလခန့်မှ စပြီး စစ်တပ်နဲ့ တိုက်ပွဲများ ပြင်းထန်လာပြီး လူအင်အား များလျော့နည်းလာခြင်းကြောင့် လူသစ်စုဆောင်းမှုကို ပြင်းပြ င်းထန်ထန်လုပ်ဆောင်လာရာမှာ ပြည်ပသတင်း ဌာနများကပါ ဖော်ပြလာသည်အထိ နိုင်ငံတကာရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများက အာရုံစူးစိုက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ကချင်သတင်း
0 comments: