Pages

Thursday, December 20, 2012

“““ ပြည်သူ့အကျိုး ရွက်သည်ပိုးမည် ကြွေးကျော်နေသည့် ခင်မလာ တစ်ကားကား သတင်းထောက် အများတို့ ”””


သဗ္ဗညုတဥာဏ်အလင်းကို
ဆရာမကူသယမ္ဘူဥာဏ်ဖြင့်
စဉ်းစားဆင်ခြင်ယုံမျှ
အလုံးစုံပင် သိတော်မူပေထသော
မြန်ပြည်တစ်လွှား လွန်ကျော်ကြားသည့်
စတုထ္ထမြောက် မဏ္ဍိုင်ထောက်ဖြင့်
ပြည်သူ့အကျိုး ရွက်သည်ပိုးမည်
ကြွေးကျော်နေသည့်
ခင်မလာတစ်ကားကား သတင်းထောက်အများတို့....


သင်တို့စိတ်တွင် တွေးထင်ရုံမျှ အမှန်ဟူ၍မှတ်သလော။
တစ်ပါးသူမှ ပြောရုံမျှဖြင့် အမှန်ဟူ၍မှတ်သလော။
ထို့ပြင်တစ်ဝ
အခြားသူများ အားထုတ်ကြိုးစား
လိမ္မာတတ်ရာ နယ်တကာကို
မသင်မကြား၊ တတ်မြောက်သည့်အလားသဖွယ်
လက်လွတ်စပါယ် ဝေဖန်ပိုင်းခြား
ဖွသည်များကို အမှန်ဟူ၍မှတ်သလော။

ငါ့သားအမောင် သတင်းကောင်တို့
ငါ့တိုင်းငါ့ပြည် ငါ့ဌာနီကို
ကမ္ဘာမြေပေါ် ဟိုးဟိုးကျော်အောင်
မိမိအသွေး ကျန်းမာရေးမှ
မထောက်မထား အလုပ်များသည်
ဒီမိုမိခင် ကျေးဇူးရှင်နှင့်၊
ဘောင်းဘောင်းကိုချွတ် ပုဆိုးဝတ်သည်
သမ္မတထိပ်ခေါင် ဘဘပြောင်တို့
တွဲလက်မြဲစွာ အားထုတ်နေသည်ကိုလည်း
အမောင်တို့ အမြင်ပဲဖြစ်ပေသည်။

သို့ကလိုကြောင့်
တိုင်းရေးပြည်ရေး တိုးတက်ရေးကို
ရှေ့ ရှုကာသာ ခြင့်ချိန်စွာဖြင့်
မည်ကာမတ္တ ကိစ္စအ၀၀ကို
ပေထက်ပေါ်တင် ဖွမည်ဟန်ပြင်ခြင်းများကို
သတိတွင် ဥာဏ်စဉ်ကပ်ပြီး
ထိမ်းသိမ်းငြင်သာ ခိုင်မာမှသာ
အဖအမိ ပြည်သူသိအောင်
ကြေငြာပါလေ သားမောင်ရေ...။


ဖေကြီးသိတယ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ပြည်သူ့အကျိုး ရွက်သည်ပိုးမည် ကြွေးကျော်နေသည့် ခင်မလာ တစ်ကားကား သတင်းထောက် အများတို့ ”””


သဗ္ဗညုတဥာဏ်အလင်းကို
ဆရာမကူသယမ္ဘူဥာဏ်ဖြင့်
စဉ်းစားဆင်ခြင်ယုံမျှ
အလုံးစုံပင် သိတော်မူပေထသော
မြန်ပြည်တစ်လွှား လွန်ကျော်ကြားသည့်
စတုထ္ထမြောက် မဏ္ဍိုင်ထောက်ဖြင့်
ပြည်သူ့အကျိုး ရွက်သည်ပိုးမည်
ကြွေးကျော်နေသည့်
ခင်မလာတစ်ကားကား သတင်းထောက်အများတို့....


သင်တို့စိတ်တွင် တွေးထင်ရုံမျှ အမှန်ဟူ၍မှတ်သလော။
တစ်ပါးသူမှ ပြောရုံမျှဖြင့် အမှန်ဟူ၍မှတ်သလော။
ထို့ပြင်တစ်ဝ
အခြားသူများ အားထုတ်ကြိုးစား
လိမ္မာတတ်ရာ နယ်တကာကို
မသင်မကြား၊ တတ်မြောက်သည့်အလားသဖွယ်
လက်လွတ်စပါယ် ဝေဖန်ပိုင်းခြား
ဖွသည်များကို အမှန်ဟူ၍မှတ်သလော။

ငါ့သားအမောင် သတင်းကောင်တို့
ငါ့တိုင်းငါ့ပြည် ငါ့ဌာနီကို
ကမ္ဘာမြေပေါ် ဟိုးဟိုးကျော်အောင်
မိမိအသွေး ကျန်းမာရေးမှ
မထောက်မထား အလုပ်များသည်
ဒီမိုမိခင် ကျေးဇူးရှင်နှင့်၊
ဘောင်းဘောင်းကိုချွတ် ပုဆိုးဝတ်သည်
သမ္မတထိပ်ခေါင် ဘဘပြောင်တို့
တွဲလက်မြဲစွာ အားထုတ်နေသည်ကိုလည်း
အမောင်တို့ အမြင်ပဲဖြစ်ပေသည်။

သို့ကလိုကြောင့်
တိုင်းရေးပြည်ရေး တိုးတက်ရေးကို
ရှေ့ ရှုကာသာ ခြင့်ချိန်စွာဖြင့်
မည်ကာမတ္တ ကိစ္စအ၀၀ကို
ပေထက်ပေါ်တင် ဖွမည်ဟန်ပြင်ခြင်းများကို
သတိတွင် ဥာဏ်စဉ်ကပ်ပြီး
ထိမ်းသိမ်းငြင်သာ ခိုင်မာမှသာ
အဖအမိ ပြည်သူသိအောင်
ကြေငြာပါလေ သားမောင်ရေ...။


ဖေကြီးသိတယ်
0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။