Pages

Sunday, December 16, 2012

“““ တစ်နေ့ သောအခါ ဤ မြန်မာဝယ် ”””

နည်းနည်းလေး တော့ ပြောမှ ဖြစ်မည်။ အခန်းထဲတွင် အချိန်တန်လျှင် စားစရာ ရောက်လာသည်။ သောက် စရာ ရောက်လာသည်။ ဆေးလိပ်ကလေး ဖွာချင်စိတ် ပေါ်လာလျှင် နောက်တစ်နေ့တွင် ဆေးလိပ် ဗူးရော က် သည်။ အလုပ်မရှိ အကိုင်မရှိ အခန်းကျဉ်းထဲ နေရသည့် ဒုက္ခကို မခံနိုင်တော့။ ထိုအတွက် မဖွင့်ရ ဆို သည့် တံခါးကို ကျွန်တော် ဆွဲဖွင့်မိလေတော့ သည်။

ပထမဆုံး တွေ့ရသည်မှာ အရောင်မွဲ ခြောက်ခြောက် ပေစုပ်စုပ်ဖြင့် မြန်မာ ရုပ်ရှင်များထဲမှ ငရဲသားစတိုင် ၀တ်စား ထားသည့် ငရဲသူ။ တွေ့ဖူးပါသည်ဆိုပြီး သေချာကြည့်သည်။ မမှတ်မိ။ “သြော်… ရှင်က တံခါး ဖွင့်ပြီး ထွက်လာပြီကိုး။ ရှင်ထွက်လာမယ် ဆိုတာ သိပြီးသား။” “ ငါဘယ်ရောက် နေတာလဲ။ မင်းကိုလည်း ငါတွေ့ဖူးသလိုပဲ” ဟုမေးတော့.. “ ဟင်း..ဟင်း … ရှင်ရောက်နေတာက ငရဲပြည်။ ကျွန်မက လူ့ပြည်မှာ တုန်းက ဖယောင်းတိုင် ထွန်းတော့ လည်းပါ၊ လက်ပံတောင်း လည်း ပါတဲ့ ပါလေရာ မမစွာလေ။ လူ့ပြည် မှာတုန်း ကလို ရှင်ကျမကို ထိရဲ ထိကြည့်လေ ဆိုပြီး ရဲ ကိုလုပ်သလို ဒီက ငရဲမင်း ကို လုပ်လိုက်တော့ ငရဲသူ ရာထူးရနေတာ ..” တဲ့။

ကျွန်တော် နားမလည်နိုင် တော့။ သူမနောက်က လိုက်ခဲ့ရင်း တွေ့လေရာ ငရဲအိုးတွေမှာလည်း ဒေါင်းအ လံတွေ စိုက်ထားတာတွေ့တော့ မနေနိုင်မထိုင်နိုင် မေးမိပြန်သည်။ “ ဒါတွေလား။ ဗကသ တွေလေ။ သံဃာတွေကို နောက်ကွယ်က သွေးထိုးလို့ ငရဲကျနေတာ။ ဒီရောက်တော့ ငရဲအိုးမှာ ဒေါင်းအလံလေး စိုက်ပေးပါဆိုပြီး ဆန္ဒပြလို့ အချင်းချင်း တွေပဲ ဆိုပြီး လုပ်ပေးထားတာ၊ ဟော .. ဟိုမှာ ငရဲပြည် တာဝန်ခံ လာပြီ။ “

ငရဲပြည် တာဝန်ခံဆိုလို့ ကြည့်လိုက်ကာမှ ဆံပင် ကလည်း မပေါက်။ လူကလည်း ပြောင်တောင်တောင်မို့ ဇာဂနာ ကြီးနဲ့တူသလိုလို ဖြစ်နေတုန်း .”ဟဲ..ဟဲ..ကျုပ်က လူ့ဘ၀တုန်းက ဇာဂနာပါ။ ရခိုင် စုံစမ်းရေး ကော် မရှင်မှာ အသံမထွက် တာ များပြီး အသက်ပါ ထွက်ပြီး ဒီရောက်လာတာ။ မောင်ရင့်ကိုတော့ ဘယ် ဗကသမှ တစ်အိုး ထဲ အတူဝင်ပြီး ငရဲခံဖို့ လက်မခံ တဲ့အတွက် လူ့ပြည် ပြန်ပို့ရ လိမ့်မယ်။ ပြောနေကြာတယ် …ဒိုးတော့..”

ပြောလည်းပြော .. ပျောက်လည်းပျောက် .. မျက်စိတစ်မှိတ် ပြန်အဖွင့်မှာ ကျွန်တော်လည်း အင်းယားကန်ဘောင် ထဲ အလိုလို ရောက်သွား ပါလေရော။ ကြည့်လေရာရာမှာ ဘီကီနီလေး တွေကြီး မြင်နေတော့ ရှက်ရှက်နဲ့ ခေါင်းငုံ့နေ တုန်း “ သောက်အုံးမလား အစ်ကို” ဆိုတဲ့ အသံကြားလို့ မော့အကြည့် အရက်ပုလင်း များလို့ ထင်ရတဲ့ ကွမ်းယာသည် စတိုင် အရက်ရောင်းသူကို တွေ့လိုက်ရသည်။

ဟမ် … မင်းက အရက်ကို ဒီလိုရောင်းတယ်။ ဒီက လူတွေက ဘာလုပ်နေ တာလဲ ဟုမေးတော့ “ အစ်ကိုကလည်း .. ဒီလိုရောင်းခဲ့တာ ကျွန်တော့်အဖေ လက်ထက် ထဲက အထူးအဆန်း လုပ်နေတယ်။ ဒီမှာ က နေပူစာ လှုံနေကြတာလေ” ကိုယ့်နားတောင် ကိုယ်မယုံ။ ဒီလို လမ်းမကြီးဘေးမှာ ဘီကီနီများနဲ့ လူပေါင်း များစွာ နေစာလှုံကြသတဲ့။ “ ဟ..အရင်တုန်းက မရှိပါဘူးကွာ. “ဆိုတော့ “ အစ်ကို ကလည်း။ ဟိုးတုန်းက မစ် အင်တာနေရှင်နယ် ဆိုလား ပြိုင်ပွဲကြီး ပြီးတော့ လူတိုင်း ဘီကီနီ ၀တ်ချင် တယ်ဆိုပြီး ဆန္ဒပြကြတာ။ ယဉ်ကျေးမှု ၀န်ကြီးက တောင်းပန်လည်း မရ။ နောက်ဆုံး နန်းခင်ဇေယျာ ဦးစီးပြီး မြန်မာနိုင်ငံ အနှံ့ ဘီကီနီဝတ်ပြီး ဆန္ဒပြတာ တစ်နိုင်ငံလုံး အုတ်သြော် သောင်းနင်း ဖြစ်ပြီး ခွင့်ပြု လိုက် ရ တာ လို့ အဖေ ပြောဖူး တယ်ဗျ“

“ ဟေ.. ” ကိုယ့်နားတောင် ကိုယ်မယုံ။ သေချာသည်က ဒီနေ့ သည် ၂၀၁၂ မဟုတ်။ မထူးတော့သည့် အဆုံး ကိုယ်မေးချင် တာလေးတွေ ဆက်မေးရတော့မည်။ “ဒေါ်အောင်ဆန်းစုကြည်က မပြောဘူး လားကွ။ မြန်မာ့ယဉ်ကျေးမှု ကို ထိခိုက်တယ်လေကွာ” ဆိုတော့.. “ဗျာ .. အာဇာနည် ခေါင်းဆောင် သမ္မတဟောင်းကြီးကို ပြောတာလား။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ” ဟု ထို ချာတိတ်မှ အူလည်လည် မျက်လုံးနှင့် ပြန်မေးပြန်သည်။

“ ဘာ .. ဘာပြောလိုက်တယ်။ ဘယ်လို သမ္မတ ဟောင်းကြီး.ဟုတ်လား”  “သြော်.. အစ်ကိုကလည်း သမိုင်း ပြန်သင်ပေး ရမလို ဖြစ်နေပြီ။ဟိုးတုန်းက အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒပြကြ ရင်း နောက်ဆုံး ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ပြီး ၂၀၁၂ အခြေခံဥပဒေကို ၃ ရက်အတွင်း ဆွဲ လိုက်ကြ တယ်။ အဲဒီမှာ သမ္မတ ၂ ယောက်၊ ဒုသမ္မတ ၆ ယောက်ဖြစ်သွားတာလေ..” ကိုယ့်နားေ တာင် ကိုယ်မယုံချင်။ အခြေခံ ဥပဒေကို ၃ ရက်အတွင်း ပြန်ဆွဲပြီး သမ္မတ ၂ ဦး တစ်ပြိုင်ထဲ အုပ် ချုပ် ကြသတဲ့။

“ဒါဖြင့် မင်းကိုနိုင်ကော ဘာဖြစ်သွားလဲ သိလား” ဆိုတော့.. ” ပညာရေး ၀န်ကြီးဟောင်းလား .. တစ်ခါတည်းပဲ ပြောပြလိုက်မယ် .. ကျောင်းသား တွေကို တစ်နိုင်ငံလုံး ဆန္ဒပြ ဖို့ လိုက်စည်းရုံးရင်း ပညာရေး ၀န်ကြီး ခန့်ပေးလိုက်ရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကြီး လေ။ အခုတော့ အငြိမ်းစား ယူသွားပါပြီဗျာ” တဲ့.. တိန်..မျက်လုံးတွေပါ ပြာလာသည်။ ဘယ်လိုတွေ ဖြစ်ကုန်သည် ဆိုတာ တကယ်ကို မသိတော့။

”နို့ .. ဒါနဲ့ မြအေး ဆိုတဲ့ ၈၈ ကော ဘာဖြစ်သွားတုန်း”  “ဘင်္ဂလီရေးရာ ၀န်ကြီးဟောင်း ကို ပြောတာလား။ အာရပ် ကမ္ဘာက ပေးတဲ့ဆုတွေ အများကြီး ရခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့…ဘင်္ဂလီတွေကို တိုင်းရင်းသား ဖြစ်ဖို့ စွမ်းဆောင်ရင်း ခွင့်ပြုခဲ့လို့ ဦးဝီစာရ ရုပ်တုကြီး ဘေးမှာ အ၀ိုင်း တစ်ခု ထပ်လုပ်ပြီး ဂုဏ်ပြုထား သေးတယ်။ သူ့ သမီးတောင် ထူးနဲ့အပြိုင် မူး ဆိုတဲ့ဘင်္ဂလီ စီးပွားရေး ဂရုဖ်က အကြီး အကဲနဲ့ ရပြီး မြန်မာနိုင်ငံ ဘင်္ဂလီ အသင်းချုပ် အတွင်းရေးမှူး ဖြစ်နေသေး တယ်လေ”  တက်တက် စင်အောင် စိတ်ဆင်းရဲရသည်။ ဘယ်လိုမှကို နားမလည်နိုင်တော့။ ဦးဝီစာရ ကျောက်တိုင်ဘေးမှာ မြအေးကျောက်တိုင်တဲ့။

“ဒါဖြင့် ကချင်ကိစ္စ..” လို့ မေးမိပြန်တော့..  “အစ်ကိုကြီးက ကချင်နိုင်ငံ သွားလည် ချင်လို့နဲ့ တူတယ်။ တရုတ် စကားတော့ သင်သွား အစ်ကိုကြီးရေ။ ခွဲထွက်ခွင့် လုပ်၊ နိုင်ငံ ထူထောင်ပြီးကထဲက နျူကလီးယား လုပ်လိုက်၊ ဂြိုဟ်တု လုပ်လိုက်နဲ့။ ပြီးတော့ အဲဒီနိုင်ငံမှာ တရုတ် စကားက လွဲရင် ဘာစကားမှ ပြောခွင့် မရဘူး” ဟု ခပ်ညည်းညည်း ပြောလိုက်တော့

ကိုယ့် နားလည်း ကိုယ်မယုံနိုင်၊ လက်ရှိ အခြေအနေ တွေလည်း မစဉ်းစားနိုင်တော့။ ထိုအချိန်တွင် ဒေါင်းအလံ တလူလူနှင့် VIP ယာဉ်တန်းကြီး ဖြတ်လာသည်ကိုတွေ့တော့… “ဟာ.. အန်အယ်လ်ဒီ ပါတီ ဥက္ကဌကြီး ဦးထိန်လင်း တောင် KTV သွားပြီပဲ။ အချိန်လည်း လင့်နေပြီ။ ဒါလေးတွေ ဆက်ရောင်း လိုက်အုံးမယ်။ သွားပြီ အစ်ကိုရေ “ လို့ ပြောလည်းပြော ထွက်လည်း ထွက်သွားတဲ့ ကောင်လေးကို တစ်လှည့် .. ပါတီဥက္ကဌကြီးဆိုသူရဲ့ ယာဉ်တန်းကို တစ်လှည့် ကြည့်ရင်း ….. ကြည့်ရင်း ….

OppositEyE

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: