Pages

Tuesday, January 1, 2013

လဂျားယန် တစ်ဝိုက် ထိန်းချုပ်ပြီးဖြစ်၊ ပြင်းထန်သော ထိတွေ့ မှုများ မရှိ

ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ အပြီး မှာ တော့ လဂျားယန် ဒေသကို ထိန်းချုပ်ငြိမ်းချမ်းစေခဲ့ပြီ ဖြစ်ပါတယ်။ နောင်ဆိုရင် လိုင်ဇာကို ဗဟိုထားပြီး ဖောက်ခွဲ ဖျက်ဆီးမှုတွေ လာရောက် လုပ်ဆောင်မည့် အခြေအနေများအား အတိုင်းအတာ တစ်ခုထိ ထိန်း သိမ်းနိုင်ပြီ လို့ ဆိုရတော့မှာပါ။ ကေအိုင်အေ အနေဖြင့် လေကြောင်းပျံသန်းမှုများ အပြီးမှာ စခန်းများကို စွန့်ခွာ ပြီး ဒုက္ခသည် စခန်းများကို အသုံးပြုကာကွယ်ပြီး တပ်မတော်ကို ခုခံဖို့ ပြင်ဆင် နေပါတယ်။
 
တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန်အတွက် လဂျားယန်ဒေသ အတွင်း ချောင်းမြောင်း တိုက် ခိုက် သော ကေအိုင်အေတို့အား နောက်ဆုတ်ပေးရန် အကြောင်းကြားသော်လည်း လက်မခံခဲ့ သ ည့်အပြင် တိုက် ပွဲ ကြီးများ အသွင် ဖန်တီးလာသည့်အတွက် တပ်မတော်မှ လေကြောင်းနှင့် အမြောက်တပ်ဖွဲ့များမှ ခြိမ်း ခြောက်ခဲ့ ပါတယ်။ တိကျသေချာသော ပစ်မှတ်များ ရှိပြီး ဖြစ်သည့်အတွက် ကေအိုင်အေတို့ စခန်း ကုန်းများကို အလွယ် တကူ စွန့်ခွာသွားခြင်းကြောင့် ယခုအခါမှာတော့ လဂျားယန်ဒေသကို တပ်မတော်မှ တာဝန်ယူ ထိန်းသိမ်း လိုက်ပြီ ဖြစ်ပါတယ်။
 
ဖြစ်သလို ဆောက်ထားသော စခန်းများမှ ခုခံရန် ကြံစည်ခဲ့ကြသော ကေအိုင်အေများ
ကေအိုင်အေတို့ အနေဖြင့် တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုများ မရှိစေရန် ဒုက္ခသည်များကို လိုင် ဇာ တစ်ဝိုက် ကွင်းပြောင်များတွင် နေရာချပေးထားခြင်း၊ ချောင်းဘေး၊ မြောင်းဘေးနှင့် စစ်ရေး အချက် အခြာ အဆောက် အအုံများ အနီးတွင် ဖြန့်ထားခြင်းများ ပြုလုပ်လျှက် ရှိကြောင်း ဓာတ်ပုံများအရ တွေ့ရှိရ ပါတယ်။ 
ငါတို့က ဘာမှ ပြန်မလုပ်မှန်းသိတော့ အတင့်ရဲလာတယ်၊ ကေအိုင်အေ တင်မကဘူး၊ ABSDF တွေပါ ပါလာ တယ်။ အရင်က အမြဲ ချောင်းပစ်တဲ့ကောင်တွေ ဒီ ၇၇၁ ကုန်းတွေ တက်သိမ်းတော့ သေနတ်သံကို မကြား ရတော့ ဘူးဟု အရာရှိ တစ်ဦးမှ ပြောခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး ကုန်းတွေပေါ်မှာ သေနေတဲ့ ကေအိုင်အေတွေကတော့ အများကြီးပဲ။ တော်တော်များ များ ကတော့ ကချင်ပုံတွေ မပေါက်ဘူး။ တစ်ချို့ဆို ကလေးသာသာအရွယ်လောက်ပဲ ရှိတယ်လို့ ပြောခဲ့ ပါတယ်။
လောလောဆယ် အနေဖြင့် လိုင်ဇာကို တိုက်ခိုက်ရန် ညွှန်ကြားချက် မရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ကို စောင့်မယ်လို့ ထင်ကြောင်း၊ ငါတို့ကတော့ ခိုင်းတဲ့ တာဝန်ကို ပြီးအောင်လုပ်မှာပါ ဟု ၄င်းမှ ဆက်ပြီး ပြောပြ ခဲ့ပါတယ်။
 
oppositeye
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လဂျားယန် တစ်ဝိုက် ထိန်းချုပ်ပြီးဖြစ်၊ ပြင်းထန်သော ထိတွေ့ မှုများ မရှိ

Labels:

0 comments: