Pages

Thursday, December 20, 2012

“““ ဒါတွေကို သမ္မတကြီး သိစေချင်ပါသည် ”””

ကျွန်တော့်အခန်းနံရံမှာ အဲ့လိုကပ်ထားတယ်။ အလံက ရောင်စုံစက္ကူကိုညှပ်ထားတာပါ။ သူငယ်ချင်းတစ်ချို့ ကတော့ ကျွန်တော့်ကိုအရူးတဲ့။ ပြောလည်းမတက်နိုင်ဘူးဗျာ ကျွန်တော်က သူငယ်ချင်းတွေထဲမှာ အများနဲ့ မသက်ဆိုင်သောသူဖြစ်နေတာလေ။ 
MC Shine Aung

အို..ဖခင်

အဘယ်သူက

ငါတို့  ဖ အား

အမြင်ကျဉ်းကာ

အထင်မှားစေ

ကျွန်တို့ ရင်မှ

ယုံကြည်လှသည်

သင်၌တည်သောသစ္စာတရား။

အဘယ်သူက

ငါတို့ ဖအား

စော်ကားရိုင်းပြ

စွပ်စွဲကြလျှင်

ကျွန်တို့ ရင်မှ

ခံပြင်းလှသည်

သင်၌တည်သောခန္တီတရား။

အဘယ်သူက

ငါတို့ ဖအား

ယှဉ်ကာနှိုင်းကြ

နှိမ့် ချကြစေ

ကျွန်တို့ ရင်မှ

မြင့်မြတ်လှသည်

သင်၌တည်သောမုဒိတာတရား။

အဘယ်သူက

ငါတို့ ဖ အား

ရှာဖွေဝေဖန်

မကောင်းကြံလို့ 

ပြစ်ဖို့ စော်ကား

ဆိုထားကြစေ

ယုံကြည်ရလျှက်

လုပ်ဆောင်ချက်မှာ

မြင်သာပါရက်

အသိခက်ယောင်

ဆောင်တတ်ပါသော

ဂဏန်း လွယ်အိတ်

လူတစ်စိတ်ကြောင့်

မေတ္တာမပျက်

လေးစားလျှက်ပါ

သင်၌တည်သောဂရုဏာတရား။။

ကဗျာ မလေး

******************************
ကျွန်တော်တို့ဟာ သမ္မတကြီး ကိုလေးစား ချစ်ခင်ကြတဲ့ သူတွေဖြစ် ပါတယ်။

လက်အောက်ငယ်သားတို့ရဲ့ ယုံကြည်မှူမရှိတော့တဲ့ ခေါင်းဆောင် မိမိတို့ကို သေလမ်းသွားခိုင်းေ န တယ်လို့ စိတ်ထဲစွဲလာတဲ့တနေ့ ခေါင်းဆောင်မှူ ကျဆင်းတယ် လို့ အဖသမ္မတကြီးတို့ပဲ သင်ပေးခဲ့တယ်လေ ။ အ ခု ဟာလည်း ကိုယ့်ကြက်ဖ အတတ်ကို တိပ်နဲ့ပတ်ပြီး ကြက်ဝိုင်းထဲလွတ်သလိုပါပဲ အဘ ရယ်..မခံရပ်နိုင်ေ အာင် ဒဏ်ရာရလာတော့ တိပ်ကိုဆွဲခွါတော့ ရိုက်သတ်စားအုံးမှာလားဟင်...ကျုပ်တို့ စစ်ကျောင်းတွေ မှာ ပြောခဲ့သလို ရှေ့မှာ လှံစွပ် ခေါင်းမှာ ဗုံး အောက်မှာ မိုင်း နံဘေးမှာ ကျည်ဆံ.နောက်မှာ ထောင် ဆိုသ လို ဖြစ်မှာလား ဘဘ သမ္မတကြီးခင်ဗျာ။

ကပ္ပတိန် ငှက်ခါး
 ******************************
အမိန့် တခု အပြတ်ပေးပါ ... မဆုတ်နဲ့ တိုက် ... ဒီထက်ပိုမရင်းပါနဲ့  .. ခိုင်းတဲ့ အတိုင်းလုပ်ရမှာ ကျွန်ေ တ်ာတို့ တာဝန် .. အသက်ပေးလိုက်ရလဲ ၀မ်းမနည်းဖူး ... ဒါမဲ့ သေသွားတဲ့ ကျုပ်တို့ အသက်တွေကို တန် ဖိုးရှိ ဂုဏ်ယူပါရစေ ...  တိုင်းပြည်အတွက်လို့ ... ခုတော့ဗျာ ... ခံပြင်းမှုနဲ့ ဝမ်းနည်မှုတွေ ဘဲရောက်နေတ ယ် ... မပြတ်သားတဲ့ အမိန့် နဲ့ စစ်မြေပြင်နဲ့ မကိုက်တာ မာနယ်ပလော မဲသဝေါ စစ်သားဟောင်းကြီးတွေ ပိုသိမှာပါဗျာ .......

ကာချုပ်က အစ သမ္မတအမိန့် ကို နာခံနေတာ ဦးတည်ချက် မရှိတဲ့ စစ်မြေပြင်က လူတွေစိတ် အပေါ်က လူတွေ မြင်နိုင်ပါစေ ...

ကျုပ်တို့ စစ်သားကတော့ အသက်ပါရင်းဖို့  အသင့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကြီးကဲတွေ ပိုသိမှာပါ အဲ့လိုစိတ်နဲ့ တန်းဖိုးရှိတဲ့ စစ်သားများ ဂုဏ်ယူစွာ သေခွင့်ပြုပါ မျက်နှာဖုံးကာချပြီး အမှောင်မထား ပါ နဲ့  သတင်းစာထဲမပါလာတော့တဲ့ စစ်သား စစ်ဗိုလ် ဘယ်လောက်တောင်များနေပီလဲ? ကျွန်တော်တို့ ခံစားချ က်ေ တွ လစ်လျူရူပြီလားဗျာ ..

တပ်မတော် အစိုးရ လွတ်တော် တကန့် စီ တခုစီ ဆိုရင်လည်း ပြောမယ်ဗျာ လွတ်တော် အမတ်တွေ လည်း သိပါစ ခင်များတို့  ဆွေနွေးချိန်ကြာတာနဲ့  တိုင်းပြည် ကာကွယ်ဖို့  ဒို့ တာဝန် အရေး သုံးပါး စောင့်ထိန်း တဲ့ တပ်မတော်သားတွေ ထိခိုက်နေပီ .......

သမ္မတကြီး အကြီးအကဲအားလုံးကို လေးစားယုံကြည်စိတ် အပြည့်အ၀ ရှိပါတယ် ဒါမဲ့ ရဲဘော်ရဲဘက် တပ် မတော်သား တွေ ဘက်က ကျွန်တော် မတင်းထားနိုင်တော့ဖူး ကျွန်တော်တို့ ကိုယ်တိုင် ရှေ့ တန်းစ စ်မြေပြ င်မှာ မရှိပေမဲ့ ရဲဘော်သွေးရဲရဲ ကျွန်တော်တို့ မခံစားနိုင်တော့ဖူး ...........

ပြတ်သားပေးကြပါဗျာ ...

လေးစားစွာဖြင့်

 ဖိုးသားလေး

******************************

တောက်ကွာ ......... ဒီလိုပဲ တပ်မတော်သား တစ်ယောက်ရဲ့ အသက် က ၂ ပြားသားမှ မတန်တော့ ဘူး လား ငါတို့က ဘာအတွက် စစ်သား လုပ်နေရတာလဲ... အမိန့်နဲ့ စစ်စည်းကမ်းတွေ အောက်မှာ လက်ပြန် ကြိုးအတုပ်ခံရပြီး ရန်သူလာ သတ်တာကို ဒီလိုပဲ ဆုံးရှုံးခံ ရတော့မှာလား ပြောကြပါအုံး :(

မကြည်.ရက်တော.ဘူး အဘ စစ်သားတွေလဲ အသက်တွေနဲ.ပါ....... သနားပါတော. အဘရယ် မြင်ရတာ မမြင်ရက်တော.ဘူး.................. စစ်သားကျဆုံးတာမဆန်းပါဘူး ....... စစ်သား အမိန်.ကို နာခံခဲ.ပါ တယ် ....... ထိုးစစ်ဆင်ခွင်.ပြုပါတော. အဘရယ်......

ငါတို.စစ်သား ကျဆုံးတာများခဲ.ပါပြီ အဘရယ်...ဒါတွေကို ဦးနှောက်နဲ.ဆုံးဖြတ်နေတဲ.အဘ ........ ထိုး စစ်ဆင်ခွင်.ပြုပါတော. ......... ဦးနှောက်မရှိတဲ. ဒီငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. အဘရယ် ..... သတင်းတွေ ကြည်.ရတာ မမြင်ဝံ.တော.ဘူး အဘ...... ခွင်.လွှတ်နေတာကို အခွင်.ကောင်းယူနေတဲ. ငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. .......

ရဲရဲကြီးသာ အမိန်.ပေးလိုက်ပါ အဘ နောက်ကနေထပ်ကြပ်မကွာ လိုက်ပါနေကြပါတယ် ................. စစ်သားဆိုတာ အမိန်.ရဲ.အောက်မှာပါ ဒါကို ငမိုက်သား ခွင်.ကောင်းယူတာများ မကြည်.ရက် မမြင်ရက် တပ်မတော်သားအသက် သနားပါတော. အဘရယ်......

မိုး နတ် မင်း

*******************************

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဒါတွေကို သမ္မတကြီး သိစေချင်ပါသည် ”””

Labels:

0 comments: