Pages

Friday, December 14, 2012

“““ သာသနာတော် ကို ညှိုးနွမ်းပျက်စီးအောင် လုပ်ခြင်းသည် အလွန် အပြစ်ကြီးလှ ပါကြောင်း ”””

မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပြီး လှည့်လည် ဆန္ဒပြကြသော သံဃာတော်များသည် အဘယ်ကြောင့် မေ တ္တာ သုတ်တော်၏ အကာအကွယ်ကို မရရှိကြသနည်း ဟူ သော မေးခွန်းကို ဗုဒ္ဓဘာသာဝင် ဖြစ်သော ကျနော်သည် မိမိကိုယ်ကို မိမိ မေးနေ သည်မှာ ၂၀၀၇ ခုနှစ်ကတည်းကပင် ဖြစ်ပါသည်။ ထိုမေးခွန်းကို ဘာသာခြားများ ကလည်း မေးနေကြပါလိမ့်မည်။ မိမိအနေနှင့် မှန်းဆ မိသော အချက်ကို ဖြေကြည့် လို ပါသည်။ ဘာသာရေးကျွမ်းကျင်သူ တဦး မဟုတ် သဖြင့် လုံးဝမှန်ကန်သည်ဟု ထင်မြင်ခြင်းမရှိပါ။

- ယနေ့ခေတ်တွင် ပုထုဇဉ်သံဃာများသာ များပြားနေခြင်း။

- ၀ိနည်းနှင့် မညီညွတ်သော ကိစ္စများ တွင်ပါဝင်နေခြင်း ( ဥပမာ- ယခုဖြစ်ပေါ်နေသော ဆန္ဒပြပွဲများ။ )

- အချို့သံဃာတော်များသည် မသင့်လျော်သော ကိစ္စများကို ဆောင်ရွက်နေကြခြင်း။

- (ဥပမာ- ကားပါမစ်ကို ကျောင်းဆောက်ရန်အတွက် ရောင်းစားသဖြင့် ကားနံပါတ် ရှေ့တွင် “သာ” ပါသော ကားများကို လူများစီးနင်းနေသည်ကို စိတ်ပျက်စွာ တွေ့ရခြင်း။ Without Lic: ကားများကို သိလျက်နှင့် (လောကီရေးရာများမသိသောကြောင့်လည်း ရှိနိုင်ပါသည်။) စီးနင်းနေကြခြင်း၊

- မာတုကာမများနှင့် ရောနှောဆက်ဆံခြင်း

- ညဖက်ထမင်းဆိုင်များတွင် ပေါ်တင် စားသောက်နေကြခြင်း (မိမိ၏ဆိုင်ထဲဝင်ပြီး ညစာစား ရန် ဗြောင် အ လှူခံသော ဘုန်းကြီးတပါး ကို မိမိက ဘုန်းကြီးက ညစာစားမလို့လား ဟုဆိုသောအခါ ဟိန်းဟောက် သဖြင့် တပည့်တော်က မကြည်ညိုရင်လုံးဝ မလှူဘူးဘုရာ့ ဟု ပြောလိုက်မှ ပြန်လှည့်ထွက်သွားပါသည်။ နံနက်တိုင်း တပါးတည်း ဆွမ်းခံကြွလာသော ကြည်ညိုဘွယ်သံဃာတပါးကို ၀တ္ထု ကပ်သောအခါ စာရွက်ကလေးတရွက် ပြန်ပေးသည်။ ကြည့်လိုက်သောအခါ ချဲ ဂဏန်း ဖြစ်နေသဖြင့် နေရာတွင်ပင် လွှင့်ပစ်ပြီး နောက်နေ့မှစ၍ အဆိုပါ သံဃာ တော် အား မလှူတော့ပါ။ တဆက်တည်း မိမိ ၏ အေ တွ့အ ကြုံတခုကို ပြောလိုသည်မှာ- မိမိက နွမ်းပါးသောသက်ကြီး တဦးကို အမြဲထောက်ပံ့လေ့ရှိသည်။ (မိမိကု သိုလ်လုပ် သည့်အကြောင်း ဂုဏ်ဖေါ်ခြင်းမဟုတ်။)

တနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမတအိုဘားမား တို့ အမေရိကန် နိုင်ငံ တွင် တွေ့ ဆုံသောပုံကို Copy ဆွဲပေး ရန်ပြောသည်။ မိမိက ဓာတ်ပုံသတင်း ထောက် အမည်ပါ သော မိမိဝယ်ထား သည့် အဆိုပါ ဂျာနယ် (ပြည်မြန်မာ ဟုထင်သည်) စာရွက်ကို အဘ ဒါဘဲယူသွားပါ ဟုပေးသောအခါ ဘာ လဲ မင်းက ကြောက်လို့လားဟု စော်ကား သည်။ ကျနော်က Copyright ရှိသော ပုံတပုံ ကို copy မ ဆွဲေ ပး ပါ ဟု ရှင်းပြပြီး အဘက အဲဒီပုံကို ဘာလုပ်မလို့လဲ ဟု မေးတော့ “ငါ ကိုးကွယ်မလို့ “ ဟုပြော သည်။ ထိုနေ့မှစ၍ အဆိုပါပုဂ္ဂိုလ်ကြီးကို မိမိ မလှူဖြစ်တော့ပါ။ လာလွန်းမှ မကောင်းတတ်လို့ နည်းနည်းပေး တာလောက်ဘဲရှိတော့သည်။ ပုထုဇဉ်လူပုဂ္ဂိုလ်များ ဖြစ်ကြသည့် (ကျနော်လည်း လေးစား ကြည်ညိုသည့် ) ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမတအိုဘားမား တို့ကို ဘုရားနှင့် တဂိုဏ်းထည်းကိုးကွယ်မည့် သူကို မိမိ မိမိ သမာအာဇီဝ လုပ်ငန်းဖြင့် ရှာထားသော ငွေကို လှူလျှင် သန့်ရှင်းသော အလှူ မဖြစ်နိုင်ေ တာ့ ပါ။ မိမိစိတ်က မသတီတော့ပါ။

-မိမိအနေနှင့် ၀ိနည်းနှင့်အညီ သာသနာတော် အကျိုးသည်ပိုးပြီး ၀ိပဿာနာအားထုတ်၍ ရဟန်းကိစ္စပြီးေ အာင် အားထုတ်ကြသည့် ကြည်ညိုဘွယ်ရာ သံဃာတော်များကိုသာ ဖူးမြင် ကိုးကွယ်ချင်လှပါသည်။

သံဃာတော်များကို တောင်းပန်ရမည်ဟု ဆန္ဒပြနေကြမည့်အစား (ဆန္ဒပြလို့ မလွှဲသာဘဲ တောင်းပန် ရရင် လည်း စိတ်ထဲက ပါကြမည်မဟုတ်သဖြင့် ၂ဖက်စလုံးအတွက် အကျိုးမရှိနိုင်ပါ) မေတ္တာရှေ့ထား၍ ခွင့် လွှတ်တော်မူကြပြီးလျှင် အဆိုပါ ကျူးလွန်သူ များကိုလည်း အပြစ်မှ သက်သာ လွတ်ကင်းကြပါစေဟု ဆုေ ပးခြင်းဖြင့် ကမ္ဘာ့နိုင်ငံများနှင့် အခြားဘာသာဝင်များကပါ အံ့သြလေးစားကြည်ညိုကြရမည့်(လူသာမန်တို့ ကျင့်နိုင် ခဲသော) သံဃာတော် များအဖြစ် ဂုဏ်ယူ ကြည်ညိုချင်လှပါသည်။

အဆိုပါ အချိန်များက သံဃာတော်များ မေတ္တာသုတ်တော်၏ အကာအကွယ်ကို မရကြသည်မှာ မေတ္တာကို ထိထိရောက်ရောက် မပွားများနိုင်ကြ၍ ထိုသို့ အစွမ်းမပြနိုင်ကြရခြင်း သာ ဖြစ်နိုင်ပါသည်။ (နားလည် တတ် ကျွမ်းသူများကလည်း ထောက်ပြ ရှင်းပြပေးကြပါရန်)

နောက်ဆုံးမှ တင်ပြလိုသော မိမိစိတ်တွင် အထိခိုက်ရဆုံး အချက်မှာ မြင့်မြတ်သော ကြည်ညိုဘွယ်ရာ သံဃာတော်များ က အဆိုပါ စစ်သား/လုံထိန်းများကို ထိုင်ကန်တော့နေကြခြင်းပင် ဖြစ်ပါသည်။ မိမိတို့ ၏ မြင့်မြတ်သည့် ရဟန်းဘ၀ကို အဆင့်နိမ့်အောင် လုပ်ရက်ကြပါပေသည်။ ဒါတွေကြောင့်လည်း (နတ်တို့ စိတ်ဆိုးကြသဖြင့်) ဒီလိုတွေ ဖြစ်ကုန်တာလား ဟု သံသယ၀င်မိပါသည်။ အသုံးချလိုသူများကလည်း “ သာသနာတော်ကို ညှိုးနွမ်းပျက်စီးအောင် လုပ်ခြင်းသည် အလွန် အပြစ်ကြီးလှပါကြောင်း” မေတ္တာရှေ့ထား သတိ ပေး ရပါသည်။

အထက်ပါ အကြောင်းအရာများမှာ မိမိ၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သာဖြစ်ပါသည်။

မဟာကြောင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ သာသနာတော် ကို ညှိုးနွမ်းပျက်စီးအောင် လုပ်ခြင်းသည် အလွန် အပြစ်ကြီးလှ ပါကြောင်း ”””

Labels:

0 comments: