Pages

Friday, November 2, 2012

""""" ကိုဗျတ္တ ၊ ရွှေဖျင်း ညီနောင်ရယ် နှင့် လုံးကညာပြား တွေထွင် လိုက်လေတယ် ၊ ပြည်တွင်းနေတွေ သရော်ကာပြ နေတဲ့ တောင်ပြုံးကပွဲ """"""

မြန်မာနိုင်ငံရဲ့ သမိုင်းဟာ အနော်ရထာက စပြီးပြောရလျှင်ပဲ နှစ်ပေါင်း ၁၀၀၀ ကျော်ရယ်ပါ ။ နှစ်ပေါင်း ၁၀၀၀ကျော် အတွင်းမှာ  မြန်မာသူရဲကောင်း ၊  တိုင်းရင်းသား သူရဲကောင်း မရည်မတွက် နိုင်အောင် ပေါ်ပေါက် ခဲ့ကြတာ  ကလေးကအစသိလို့ အထူးဆွေးနွေးစရာ  မလိုပါ ။  ခေတ်ပြိုင်နိုင်ငံတော် သုဝဏ္ဏ ဘုံမိသို့  (ဗျတ်ဝိ ၊ဗျတ္တ) ညီနောင်နှစ်ယောက် ရေမျောကမ်းတင်   ရောက်လာတော့ ဘုန်းတော်ကြီး က ဘုန်းကြီးကျောင်းမှာ  ခေါ်ယူကျွေးမွေး  စောင့်ရှောက်ထားပါတယ် ၊  ဘုန်းကြီးကျောင်း  ဆိုတော့ သိတဲ့ အတိုင်းပါပဲ ၊ အစားအစာကို  ရွေးချယ်လို့မရပါဘူး ။ မြန်မာလူမျိုးတွေ ဆွမ်းဟင်းအဖြစ် အလှူ ပြုဆုံး အ သား ကလည်း ဝက်သားသာလျှင် ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းနေ ကပ္ပိယများ နံနက် အာရုံ နှင့် ညနေ ဘုရားဝတ်ပြုရမယ် (သို့ ) သံဃာတော်တွေ အတွက် ဝတ်တက်ရန် ဝေယျာဝစ္စ လုပ်ဆောင် ပေးရတတ်တယ် ။ ဒါဟာ ဘုန်းတော်ကြီး  ပညာရေးကို မှီလိုက်တဲ့ ပုဂ္ဂိုလ်တွေ သိပြီးဖြစ်မှာပါ ။ (ယခုထိလည်း  ရှိနေပါသေးတယ်) ။   ၎င်းအပြင်  ဘာသာတရား    ဆိုတာကို    မသိတတ် သေးသောအရွယ် လူမမည်ကလေးဘဝ ရေမျော  ကမ်းတင်လာခြင်းဖြစ်သော ကလေးနှစ်ယောက်ဟာ ဘုန်းတော်ကြီးကျောင်းတွင်    နေထိုင်         စားသောက်ပြီး ၊ ကျေးဇူးတော်ကို ခံယူနေကြပါလျှက် အလ္လာ၏ ဂုဏ်ကိုဖော်ကျူးနေကြပါ၏ လို့ ပြည်တွင်းနေတို့မှ အဘယ်သို့ သတ်မှတ် လိုက် ကြပါ သနည်း ။ နောက်ပြီး  ဗုဒ္ဓဘာသာ နေလို လလို ထွန်းလင်းနေတဲ့ သုဝဏ္ဏဘုံမိ လိုတိုင်းပြည် မှာနော် ၊ ရေမျောကမ်းတင်လာသော ဒုက္ခသည် လူမမည်လေး နှစ်ယောက် ၎င်းတို့၏  အမည်ကိုတောင် မသိရှိ (ဗျဝိ  ၊ ဗျတ္တ ဘုန်းကြီးပေးသော အမည်)သာရှိသော ကလေးတွေက ထူးထူးခြားခြား  မွတ်ဆ လင် ပါ လို့ ပြောပါ့မလား စဉ်းစားလေ ။

 ဒီလိုနဲ့ အလှူတော်ကျ ကျေးဇူးတရား တွေနဲ့ ကြီးပြင်းလာပြီး ဘုရင့်ကိုဆက်မည့် ပွဲတော်အုပ်ကို ကြံ စည်လေတော့ ဘုရင်မျက်ပြီး ရာဇဝတ်ဒဏ်သင့်၍ နောင်တော် ဗျတ်ဝိက ကွပ်မျက်ခံရပြီး ညီတော် ဗျတ္တ က ပေါက္ကံပြည်ကို သုတ်ခြေတင်ပါသတဲ့လေ ။ ဒီအချိန်မှာ ပေါက္ကံပြည်ကလည်း  အနော်ရထာမင်းမြတ်က နိုင်ငံရေး နှင့်  ဘာသာရေးကို  ပြောင်းလဲနေချိန် ၊  ပြည်ထောင်စုကို စုစည်းမည့် အချိန်မှာ သူရဲကောင်းလို အပ်နေခြင်းကြောင့် တကြောင်း ၊ ဗျတ္တသည် သုဝဏ္ဏဘုံမိအကြောင်း ကောင်းကောင်းသိသော သူဖြစ်ခြင်းကြောင့် လည်ကောင်း ခိုလှုံခွင့် ပေးခြင်းပါ ။ သုဝဏ္ဏဘုံမိအား စည်းရုံးပြီး သကာလ ဗျတ္တ၏ ကဏ္ဍမှာ ပန်းဆက်သမား ရာထူးကို ထူးရှယ်ပြုပြီး ရရှိကြောင်း အထင်အရှား ရာဇဝင်များရှိပါပေသည် ။

ထို့နောက်ပန်းဆက်ခြင်းပြုခြင်းသည်ကား ဘုရင်နှင့် မိဖုရား အသုံးပြုရန်အတွက်ဖြစ်ပေသည် ၊ ပန်းတွေ အများကြီးကို ဘုရင်နှင့်မိဖုရားက အဘယ်နေရာ၌ အသုံးပြုမည်နည်း ။ ဗုဒ္ဓဘာသာကို သဒ္ဒါထက်သန် ကြည်ညို မဆုံးဖြစ်နေသော ဘုရင်နှင့် မိဖုရားတို့သည်ကား ကိုယ်တိုင်အသုံးပြုရန်အတွက်ထက် ဘုရားစေ တီများတွင် ကပ်လှူပူဇော်ရန် အသုံးချခြင်း ဖြစ်ပေလိမ့်မည် ၊ ထေရဝါဒ ဗုဒ္ဓဘာသာအား လွန်စွာတန်ဖိုး ထားသော ဘုန်းကြီးလှသော မင်းတပါး၏ ခြေတော်ရင်းတွင် လူယုံတော်အဖြစ်ခစားနေသော ပုဂ္ဂိုလ်သည် ကား အခြား ဘာသာကို ကိုးကွယ်ဝံ့ပါမည်လော ၊ ပေါက္ကံပြည် သာသနာမစည်ပင်မီကပင် ရိုးရာကိုးကွယ် လာကြသော နတ် ၊ နဂါးများကိုပင် ဖယ်ရှားခဲ့သော သာသနာပြုမင်း၏ တပည့်ကျော် ကြီးက ဘုရင့်မျက်နှာ အိုးမဲသုတ်ဝံ့ ပါအံ့လော ။ ဒီလိုနှင့် ကိုဗျတ္တတစ်ယောက် ပုပ္ပါးနှင့် ပုဂံ ချောင်းပေါက်မတတ် ဘုရားပန်း အခူးထွက်ရင်း နဖူးစာရွာလည်တော့ မယ်ဝဏ္ဏ နှင့် အကြောင်းပါ သားနှစ်ယောက် ရပါသတဲ့ ၊ ဘုရင်ကြီးက လည်း မြေးတော်အသွင် မြှောက်စားပြီး ရွှေအိုးနှစ်လုံး လက်ဆောင်ပေးခြင်းအား အစွဲပြု၍ ရွှေဖျင်း ကြီး ရွှေ ဖျင်းလေး မည်ပါ၏ ။

ဘုရင်၏ ချစ်မြတ်နိုးတော်ကို ခံယူရသော ကလေးနှစ်ယောက် သည်ကား ဂါရဝတရားကင်းကွာ လျက် သောက် စားမူးယစ်ကာ အိမ်ယာကျူးကျော်မှု ပြုခြင်းကြောင့် သာသနာရေးမှာ လစ်လပ်၍ အပစ်ပေး ကွပ်မျက်ခံရလေသည် ။ ဤတွင် အခြားဘာသာကို ကိုးကွယ်ဖို့ မဆိုထားနှင့် စေတီတည်ရန် အုတ်နှစ်ချပ် လွတ်နေခြင်းကြောင့် အသက်စတေးရလေသော ခေတ်တွင် အဘယ်သို့ မွတ်ဆလင်ဟု ပြည် တွင်းနေတွေ က သတ်မှတ်လိုက်လေသနည်း ။ ထိုနောက်လွန်လေသော အခါ ကျန်စစ်သား မင်းပြုစဉ် ကာလ တလျောက် လုံး တွင်  အယူတိမ်း၍ နတ်စိမ်းဖြစ်နေသော ညီနောင် နှစ်ပါးသည်ကား ပျောက်ခြင်း မ လှ ပျောက်လေပြီးမှ ကျန်စစ်မင်း၏ မြေးတော် နန်းတက်ပြီး ဖောင်တော်လှည့်စဉ်တွင်မှ ဖောင်တော်ကို တား၍ အသနားခံသဖြင့် နတ်နှစ်ပါးအဖြစ် သတ်မှတ်စေကာ ယခု တောင်ပြုံးနယ်ကို  ပေးသနားတော်မူ၏ ဟု မှတ်သားရပါပေသည် ။

အဲဒီကနေ ခေတ်ကာလ တလျောက်ပူဇော် ပသလာခဲ့ကြတာဖြင့် မျိုးခြားကပြားဖြစ်တာကို အကြောင်းပြုပြီး ဘယ်ခေတ်ကာလမှာ ဘယ်လို မွတ်ဆလင်ဇာတ်သွင်းခံရပြီး ဝက်သားမစား အရက်မသောက်သော ကိုယ်တော်တွေ အဖြစ်ရောက်သွားလည်းမသိရပါ ။ လူ့ဘဝမှာ ထန်းတောတွင်း အချိန်ကုန်ခဲ့သော ကိုယ်တော်တွေ က နတ်သမိုင်းရေးကာမှ နတ်ကတော် လုံးကညာပြားတွေက ဘယ်ကုလားနဲ့ပေါင်း ကာမြှောက် လိုက်လေတယ် ၊ သြော် ခက်လှချေတကား ။ နတ်ကတော် ပျိုကညာ လုံးတွေကြောင့် ပြည် တွင်းနေတွေ ဂုဏ်ယူကာ ပြောနေကြတာကို ကြည့်ခြင်းအားဖြင့် မသိနားမလည် ၊ အူလည်ခြာလည် လိုက်နေသော နတ်ကတော်တွေပြောသော စကားအပေါ်မှာ နင်းပြီး မွတ်ဆလင်ကို မြန်မာတွေက ကိုး ကွယ်နေ သယောင်  စကားအရာနှင့်ပင်လျှင် တင်တင်စီးစီး အမြတ်ထုတ် လွှမ်းမိုးချင်သော သရုပ်မှာ ပေါ် လွင်လှပေသည် ။

စိတ်ထဲ ကသိကအောက်ဖြစ်လို့ ကြုံကြိုက်မိတုန်းမှာ  နတ်ကတော် လုံးကညာပြား တစ်ယောက် ကို မေး ကြည့် မိဖူးပါသည် ၊ သူတို့အဖေက ကုလားပြည်က ရေမျော လာတဲ့ အတွက် မွတ်ဆလင်လို့ သတ် မှတ်တာ ပါတဲ့လေ ၊ ကဲ ဒီတော့ သုဝဏ္ဏဘုံမိ ကိုသိသလား လို့မေးပြန်တော့ ၊ ပြန်ဖြေတယ်ဗျ ... အ မယ်လေးလေး ဘုရင်နောင်ရဲ့ နေပြည်တော်ကို မသိရလောက်အောင် ဒီက " မအ " သေးပါဘူးတဲ့ဗျို့ ။

ကဲ...............အဲဒါသာကြည့်ပေရော့ ။

ဦးယဉ်ကျေး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: