စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး
ဗြိတိသျှပါလီမန်အတွင်း ဆွေးနွေးကြစဉ်တွင်ဗြိတိန်နိုင်ငံ၏ အဓိက နိုင်ငံ
ရေးပါတီသုံးခုလုံးမှ ခေါင်းဆောင်များက ပြီးခဲ့သည့် နှစ်များအတွင်း
နိုင်ငံရေးသမားများနှင့် သတင်းစာများအကြား ဆက်ဆံရေးသည် လိုအပ်သည်ထက်
ပိုမိုနီးစပ်ယှက်နွယ်နေသည်ဟုယူဆကြောင်း၊ ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ထို့ကြောင့် Leveson စုံစမ်းရေးကော်မရှင်က သတင်းစာများနှင့်
နိုင်ငံရေးသမား များအကြားဆက်ဆံ မှုနှင့် ပတ်သက်ပြီး အောက်ပါအချက်သုံးချက်ကို
စုံစမ်းဖော်ထုတ်ရန်ဆောင်ရွက်ခဲ့သည်။
(က) လက်ရှိဖြစ်ပေါ်နေသည့် စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာပြဿနာများသည် ထိုဆက်ဆံရေးအခြေ အေ နနှင့် သက်ဆိုင် မှု ရှိ၊မရှိ။
( ခ) ပါလီမန်အနေဖြင့် ယခင်ဖြစ်ပေါ်ခဲ့သည့် အရှုတ်တော်ပုံများ၊
စုံစမ်းစစ်ဆေးမှုများ တွင် ပြည်သူ များ က စာနယ်ဇင်း
ကျင့်ဝတ်ဆိုင်ရာအရည်အသွေးများကျဆင်းလာမှုအပေါ် စိုးရိမ်နေမှုများအား
ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက် ရန်ပျက်ကွက်ခဲ့ခြင်း ရှိမရှိ။
( ဂ) ထိုဆက်ဆံရေးအခြေအနေကြောင့်နောက်ထပ်ပြဿနာများထပ်မံပေါ်ပေါက်လာနိုင်သည့် အလား အလာများ။
စုံစမ်းရေးကော်မရှင်က ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများသည်
နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအ ကြား ရှိ သင့် ရှိအပ်သည့်
ပုံမှန်ဆက်ဆံရေးများအပေါ် မေးခွန်းထုတ်ရန်မဟုတ်ကြောင်း၊
ထိုပုံမှန်ဆက် ဆံေ ရးသည် ဒီမိုကရေစီစနစ်တွင် ရှိရမည့် ပြည်သူများအနေဖြင့်
သတင်းအချက်အလက်များလွတ်လပ် စွာရယူ ခွင့်၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး
မဏ္ဍိုင်များကို စောင့်ကြည့်နိုင်မှု၊ ပြည်သူ့ရေးရာ မူဝါဒများ တွ င်
ပြည်သူ များ ပါဝင်ဆွေးနွေးနိုင်မှုတို့အတွက် မရှိမဖြစ်လိုအပ် ချက်ဖြစ်ကြောင်း၊
သို့သော် ကော်မရှင် အနေဖြင့် ထိုဆက်ဆံရေးကြောင့်
နိုင်ငံရေးသမားများအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို
ကာကွယ်နို င်ရန်တွက် လိုအပ်သော မီဒီယာဆိုင်ရာပြည်သူ့ရေးရာမူဝါဒများ ( Public
Policy about Media) ချမှတ်ရာ တွင် မလိုအပ်သော နှောင့်နှေးမှုများ၊
ဘက်လိုက်မှုများရှိမရှိ စိစစ်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
လက်တွေ့စုံစမ်းစစ်ဆေးရာတွင်လည်း ဗြိတိသျှဝန်ကြီးချုပ်ငါးဦးလက်ထက်က မီဒီယာများနှင့်ဆက်ဆံရေး၊ မီဒီယာဆိုင်ရာ မူဝါဒများချမှတ်ခဲ့သည့်အခြေအနေများကို ပြန်လည်ဆန်းစစ်မှုများပြုလုပ်ခဲ့သည်။ အထူး သဖြင့် အောက်ပါဖြစ်စဉ်ငါးခုကို အလေးထားဆန်းစစ်ခဲ့သည်ကိုတွေ့ရ၏-
(က) ၀န်ကြီးချုပ်မာဂရက်သက်ချာလက်ထက်တွင် ဗြိတိန်နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမားလှသည့် The Time သတင်းစာ ကို မားဒေါ့၏ News Corp က ၀ယ်ယူမှုကို ခွင့်ပြုခဲ့သည့်ဖြစ်စဉ်။
( ခ) ၀န်ကြီးချုပ် ဂျွန်မေဂျာလက်ထက်တွင်ပြုလုပ်ခဲ့သည့် Sir David Calcutt စုံစမ်းရေးကော်မရှင်က တင်ပြခဲ့သည့် စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာအစီအရင်ခံစာများအပေါ် အရေးယူဆောင်ရွက်ရန်ပျက် ကွက်ခဲ့ သည့်ဖြစ်စဉ်။
( ဂ) ၀န်ကြီးချုပ် တိုနီဘလဲလက်ထက်တွင် မီဒီယာများ၏ ရေးသားချက်များအပေါ် လွှမ်းမိုးနိုင်ရန်ေ ဆာင်ရွက်ခဲ့မှု ( News Management ) ၊ အစိုးရ၏ မီဒီယာမူဝါဒနှင့် လူ့အခွင့်အရေးဥပဒေ ၁၉၉၈ နှင့် ဆ က်သွယ်ရေးဥပဒေ ၂၀၀၃ တို့တွင် မီဒီယာများ၏ တောင်းဆိုချက်များကို ထည့်သွင်းပေးခဲ့ဖြစ်စဉ်နှင့် ဒိုင် ယာနာသေဆုံးမှုဖြစ်စဉ် နောက်ပိုင်း မီဒီယာများ၏ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်မှုများကို ထိရောက် စွာ ထိန်းချုပ်ပေးရန်တောင်းဆိုမှုများ အပေါ် အကောင်အထည်ဖော်ရန်ပျက်ကွက်ခဲ့သည့်ဖြစ်စဉ်။
(ဃ) ၀န်ကြီးချုပ်ဘရောင်းလက်ထက်တွင် သတင်းအချက်အလက်ကာကွယ်ရေးဥပဒေ ( Data Proctection Act ) ပြင်ဆင်ရာ၌ မီဒီယာများအနေဖြင့် ပုဂ္ဂလိသတင်းအချက်အလက်များကို နည်းမျိုးစုံဖြင့် ရယူနိုင်ခွင့်ပေးရာ ရောက်သည့် ပြဋ္ဌာန်းချက်များထည့်သွင်းခဲ့သည့်ဖြစ်စဉ်။
( င) လက်ရှိဝန်ကြီးချုပ် ကင်မရွန်းလက်ထက်တွင် ဗြိတိန်နိုင်ငံ BskyB ရုပ်သံဌာနအား မားဒေါ့၏ News International က ၀ယ်ယူရန်ကြိုးစားမှုအပေါ် ကိုင်တွယ်ဆောင်ရွက်ခဲ့မှုအခြေအနေ။

စုံစမ်းရေးကော်မရှင်က ပြီးခဲ့သည့် နှစ်ပေါင်းသုံးဆယ်မှ
သုံးဆယ့်ငါးနှစ်အတွင်းတွင် အဓိကပါတီသုံးခု လုံး အေ နဖြင့် မိမိတို့ ပါတီအပေါ်
လူထုအမြင်ကောင်းစေရန်အတွက် အချို့သောမီဒီယာသမားများကို အသုံး ချ ခဲ့သည်ဟု
ကောက်ချက်ချ ခဲ့ပါသည်။ ထို့ပြင် ဗြိတိသျှနိုင်ငံရေးသမားများအနေဖြင့်
မီဒီယာများက အေ ကာင်းမြင်ရေးသားစေရန်အတွက် အရေးကြီး သော သတင်းများကို
ရင်းနှီးသည့်သတင်းစာဆရာ များကို သာပေးအပ်ခြင်း၊
မီဒီယာဆိုင်ရာပြည်သူ့ရေးရာမူဝါဒ များ ချမှတ်ရာတွင် ပြည်သူ့အကျိုးစီးပွား (
Public Interest ) ထက် မီဒီယာအုပ်စုများ၏ အကျိုးကိုပိုပြီး ဦးစား ပေးခြင်း
များပြုလုပ်ခဲ့သည်ဟု လည်း သုံးသပ် သွားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်က နိုင်ငံရေးသမားများဘက်ကလည်း မိမိတို့မူဝါဒများကို
ပြည်သူများက အမှန်အတိုင်း သိစေရန် အတွက်
စာနယ်ဇင်းများနှင့်ကောင်းမွန်သောဆက်ဆံရေးရှိရမည်ဟု
ခုခံကာကွယ်ပြော ဆိုချက် များကိုလည်းဖော်ပြခဲ့ပြီး ထို အကြောင်းပြချက်မှာ
မှန်ကန်သော်လည်း နိုင်ငံရေးသမားများနှင့် မီဒီယာ များ အကြားဆက်ဆံရေးသည်
ပြည်သူများက သံသယဖြစ်ပေါ်စေနိုင်သည့် အခြေအနေအထိ နီးကပ်ရန်မ သ င့်ကြောင်း၊
လက်ရှိအခြေအနေတွင် ပြည်သူများက နိုင်ငံရေး ပါတီများနှင့်
စာနယ်ဇင်းများအကြားတွင် လုပ် ပိုင်ခွင့် အာဏာနှင့် လူထုအပေါ်
သြဇာလွှမ်းမိုးနိုင်မှုတို့ကို အပေးအယူလုပ် နေသည်ဟု သံသယများရှိေ နကြောင်း
ထောက်ပြသွားခဲ့ပါသည်။ အထူးသဖြင့် အင်အားကောင်းသည့် သတင်းစာများအနေ ဖြင့်
နိုင်ငံေ ရးပါတီများ၏ မူဝါဒများနှင့် နိုင်ငံရေးသမားတစ်ဦးချင်း၏
အပြုအမူများအပေါ် လူထုအမြင်ကို ပြောင်း လဲ သွား
အောင်လုပ်ဆောင်နိုင်စွမ်းရှိနေသဖြင့် နှစ်ဘက်ကြားဆက်ဆံရေးသည်
ပွင့်လင်းမြင်သာ မှုရှိရန် လိုေ ကြာင်း သုံးသပ်ထားခဲ့ သည်။
ထို့ပြင် စုံစမ်းရေးကော်မရှင်ကမီဒီယာအုပ်စုများက
မီဒီယာဆိုင်ရာပါလီမန်ဥပဒေ များ ပြဋ္ဌာန်းရာ တွင် နိုင် ငံေ ရး ပါတီများ ကို
ချဉ်းကပ်စဉ်းရုံး (Lobby )လုပ်မှုသည် အန္တရာယ်ရှိသည့်
အတိုင်းအတာအထိရောက် ရှိနေပြီဟု ထင်မြင်ခဲ့ သည့် အတွက်
လွတ်လပ်ပြီးအင်အားကောင်းသော စာနယ်ဇင်းများသည် ပြည် သူ့ အကျိုးစီးပွားကိုဖော်
ဆောင်နိုင်သော်လည်း နိုင်ငံရေး သမားများအနေဖြင့် မီဒီယာများ၏
အကျိုးစီးပွားသည် အမြဲတမ်း ပြည်သူ့အကျိုးစီးပွားနှင့် ထပ်တူမကျကြောင်းကို
သတိပြု သင့်ပုံကို အောက်ပါ အတိုင်းသ တိေ ပးဖော်ပြခဲ့ပါသည် -
I consider it to be entirely the responsibility of the
politicians who are the object of press lobbying to judge how far and
in what they consider it to be in the public interest for them to
respond. And one of the chief aspects of the responsibility is to bear
in mind that while a free press and healthy press is certainly in the
public interest, that does not mean that everything which is in the (
commercial or wider ) interest of any individual press organization or
even the industry as a whole , will itself necessarily be in the public
interest . The matter must be looked at in the round.
စုံစမ်းရေးကော်မရှင်က နိုင်ငံရေးသမားများနှင့် မီဒီယာများ၊ အထူးသဖြင့်
သတင်းစာဆရာများအကြား ဆ က် ဆံရေး အပေါ် ပြည်သူများက သံသယကင်းရှင်းစေရန်အတွက်
ထိပ်တန်းမူဝါဒချမှတ်သူများနှင့် မီဒီ ယာများအကြားတွေ့ဆုံမှုများကို ပွင့်
လင်းမြင်သာစွာထုတ်ပြန်ပေးသင့်ကြောင်း၊ ထို့ပြင် တွေ့ဆုံမှု၊ စာ၊ ဖုန်း ၊
အီးမေးလ်ဆက်သွယ်မှုများနှင့်ပတ်သက်ပြီး ဆွေး
နွေးသည့်အကြောင်းအရာအပြည့်အစုံကို ထုတ်ပြ န်ခြင်းမပြုသော်လည်း
ယျေဘူယျအချက်များကို ပြည်သူများကို အသိပေး သင့်ကြောင်း၊ အလားတူပင်
မူဝါ ဒ ဆိုင်ရာများ၊ အရေးကြီးသောသတင်းများကို မီဒီယာအားလုံးအတွက်
သတင်းထုတ်ပြန် ချက်အဖြစ်
ထု တ်ပြန်ပေးသင့်ကြောင်းအကြံပြုခဲ့သည်ကိုတွေ့ရပါသည်။
စုံစမ်းရေးကော်မရှင်က နောက်ထပ်ဆန်းစစ်ခဲ့သည့်အချက်မှာ မီဒီယာပိုင်ဆိုင်မှုအခြေအနေဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်
An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။