သတင်းစာများနှင့် ရဲတပ်ဖွဲ့
စုံစမ်းရေးကော်မရှင်က သတင်းစာများအနေဖြင့် ထိရောက်သောကျင့်ဝတ်ဆိုင်ရာ
ထိန်းကျောင်းမှုစနစ်များ တည်ထောင်ရန် တိုက်တွန်းခဲ့သကဲ့သို့
သတင်းစာများနှင့် ရဲတပ်ဖွဲ့အကြားဆက်ဆံရေးကိုလည်း သုံးသပ် အ ကြံပြုသွားခဲ့သည်။
သို့သော် ထူးခြားချက်မှာ စုံစမ်းရေးကော်မရှင်အနေဖြင် ဗြိတိန်နိုင်ငံက
အဓိကသတ င်း စာကြီးများနှင့် ရဲတပ်ဖွဲ့အကြားဆက်ဆံရေး မကောင်းသောကြောင့်
ထောက်ပြရခြင်းမဟုတ်ဘဲ အလုပ် သဘောထက်ပိုမိုသည့်ဆက်ဆံရေးများရှိနေခြင်းက
စာနယ်ဇင်း ကျင့်ဝတ်နှင့် သတင်းစာများ၏ အဆင့်အ တန်းကို ထိခိုက်လာခြင်းကြောင့်
သုံးသပ်အကြံပြုခဲ့ရခြင်းပင်ဖြစ်သည်။
စုံစမ်းရေးကော်မရှင်က ၂၀၀၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် News of the
World က ဗြိတိန်တော်ဝင် မိ သား စုများ၏ဖုန်းများ ကို ကြားဖြတ်နားထောင်ခဲ့
သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး လန်ဒန်ရဲတပ်ဖွဲ့က ထဲထဲဝင် ၀င်
စုံစမ်းမှုမပြုခဲ့ခြင်း၊ တယ်လီဖုန်း ကြားဖြတ်နားထောင်မှုဖြစ်စဉ်များကို ၂၀၁၁
ခုနှစ်တွင် ဂါဒီးယန်းသ တ င်းစာနှင့် နယူးယောက်တိုင်းမ်သတင်းစာတို့မှ စတင်
ဖွင့်ချခဲ့ချိန်၌လည်း
စုံစမ်းမှုများချက်ခြင်းပြုလုပ်ရန် ပျက် ကွက်ခဲ့ခြင်းတို့ကြောင့်
လန်ဒန်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် News of the World
သတင်းစာပိုင်ရှ င် News International တို့အကြားဆက်ဆံရေးအပေါ်
မေးခွန်းထုတ်စရာတွေဖြစ် လာခဲ့သည် ဟုဆိုသ ည်။ ထို့ပြင် ယခုကဲ့သို့
ပုံမှန်မဟုတ်သည့်ဆက်ဆံရေးများသည် News of the World နှင့် လန်ဒန်
မြို့ေ တ်ာရဲတပ်ဖွဲ့( Metropolitan Police Service, MPS) အကြားတွင်သာ
ပေါ်ပေါက်ခြင်းမဟုတ်ဘဲ အခြားသ တင်းစာကြီး များနှင့် လည်းရှိခဲ့ကြောင်း၊
ဒေသန္တရ သတင်းစာငယ်များနှင့် ဒေသ ခံရဲတပ်ဖွဲ့များအကြား တွင် လည်း
အတိုင်းအတာတစ်ခု အထိရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
စုံစမ်းရေးကော်မရှင်က ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများကို
မှုခင်းဆိုင်ရာသတင်း အချက်အလက် များ ဖြန့်ေ ၀ပေးရန်၊
ရာဇ၀တ်မှုဖြေရှင်းရေးတွင်ပြည်သူများပါဝင်လာရန်၊ ရဲတပ်ဖွဲ့၏ ပုံရိပ်ကို
မြှင့်တင်နိုင်ရန်အတွက် စာ နယ်ဇင်းများနှင့် ထိတွေ့ ဆက်ဆံရန်လိုအပ်ကြောင်း၊
စာနယ်ဇင်းများအနေဖြင့်လည်း ပြည်သူများကို ရာ ဇ၀တ်မှုများနှင့်ပတ်သက်သည့်
သတင်း များအသိပေးနိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့်
ကောင်းမွန်သော ဆက် ဆံရေးရှိလိုကြောင်း၊သို့သော် တစ်ဘက်တွင်လည်း ရဲတပ် ဖွဲ့၏
လုပ်ဆောင်ချက်များကို စောင့်ကြည့် ထိ န်းေ ကျာင်းပေးရန်လိုကြောင်း၊
ထို့ကြောင့် နှစ်ဘက်ကြားဆက်ဆံရေးသည် တိကျမှန်ကန်သောဆက် ဆံေ ရးဖြစ်ရန်၊
ကိုယ်ကျိုးစီးပွားကိုအခြေခံသည့် ဆက်ဆံရေးမျိုးမဖြစ်ရန်လိုကြောင်း သတိပေး
ဖော်ပြခဲ့သည်။
ထိုကဲ့သို့ဆက်ဆံရေးမျိုးမဖြစ်ပေါ်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်များ ဘက်က
အောက် ပါအချက်များနှင့်ပတ် သက်ပြီး တိကျ သောစည်းမျဉ်းများချမှတ်ထားသင့်သည်ဟု
စုံစမ်းရေးကော်မရှင် ကအကြံပြုခဲ့ သည်ကိုေ တွ့ ရသည်-
(က) စာနယ်ဇင်းအချို့ကိုသာ လျှို့ဝှက်သတင်းထုတ်ပေးခြင်း ( Tip Offs, Leaks)( ခ) အလွတ်သဘောပြောကြားခြင်း ( Off the Record Briefings )
( ဂ) သတင်းထောက်များကို ရဲတပ်ဖွဲ့စစ်ဆင်ရေးများတွင် လိုက်ပါခွင့်ပြုခြင်း ( Taking Media on Operations )
(ဃ) ဧည့်ခံပွဲများ ( Entertainments)
( င) ရဲတပ်ဖွဲ့ဝင်ဟောင်းများကို စာနယ်ဇင်းလုပ်ငန်းများတွင် ခန့်ထားခြင်း ( Revolving Door Phenomenon )
စုံစမ်းရေးကော်မရှင်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စာနယ်ဇင်းများနှင့်
ဆက်ဆံရာတွင်လိုက်နာရမည့် ကျင့်ဝ တ် များနှင့် ပတ်သက်လျှင် Association of
Chief Police Officers , ACPO က ပြုစုထားသည့်
ကျင့်ဝတ် များသည်အခြေခံအားဖြင့် ကောင်းမွန်ပြီး လိုအပ်ချက်များကို
ပြန်လည်ပြင်ဆင်သင့်ကြောင်းအကြံပြုခဲ့သည်။
ထို့ပြင်စုံစမ်းရေးကော်မရှင်က ရဲအရာရှိများအနေဖြင့် စာနယ်ဇင်းများနှင့်တွေ့ဆုံမှုမှတ်တမ်းထားရှိပြီး ပွင့် လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရမည်ဟု ဆိုသည်။ အလားတူပင် ဖြစ်ပေါ်ခဲ့သည့် တယ်လီဖုန်း ကြားဖြတ် နားထောင်မှုများတွင် ရဲတပ်ဖွဲ့ ၀င် ဟောင်းများကို သတင်းစာတိုက်က စုံစမ်းရေးမှူးအဖြစ် တာဝန်ပေးခဲ့ခြ င်းေ ကြာင့် နောင်တွင် ရဲတပ်ဖွဲ့မှ အနားယူပြီးသည့် တပ်ဖွဲ့ဝင်ဟောင်းများကို တစ်နှစ်အတွင်း စာနယ်ဇင်း လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်မပြုရန်၊ ထိုသို့လုပ်ကိုင်ရာတွင်လည်း ရဲတပ်ဖွဲ့နှင့်ဆက် ဆံရေးတွင်လိုက် နာ ရမည့်စည်းမျဉ်းများကိုပါ သတ်မှတ်ပေးရန်အကြံပြုခဲ့သည်။
စုံစမ်းရေးကော်မရှင်က နောက်ထပ် စုံစမ်းစစ်ဆေးအကြံပြုခဲ့သည့် ကိစ္စမှာ သတင်းစာများနှင့် နိုင် ငံရေးသ မားများအကြား ဆက်ဆံရေးဖြစ်သည်။ထို့ပြင်စုံစမ်းရေးကော်မရှင်က ရဲအရာရှိများအနေဖြင့် စာနယ်ဇင်းများနှင့်တွေ့ဆုံမှုမှတ်တမ်းထားရှိပြီး ပွင့် လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရမည်ဟု ဆိုသည်။ အလားတူပင် ဖြစ်ပေါ်ခဲ့သည့် တယ်လီဖုန်း ကြားဖြတ် နားထောင်မှုများတွင် ရဲတပ်ဖွဲ့ ၀င် ဟောင်းများကို သတင်းစာတိုက်က စုံစမ်းရေးမှူးအဖြစ် တာဝန်ပေးခဲ့ခြ င်းေ ကြာင့် နောင်တွင် ရဲတပ်ဖွဲ့မှ အနားယူပြီးသည့် တပ်ဖွဲ့ဝင်ဟောင်းများကို တစ်နှစ်အတွင်း စာနယ်ဇင်း လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်မပြုရန်၊ ထိုသို့လုပ်ကိုင်ရာတွင်လည်း ရဲတပ်ဖွဲ့နှင့်ဆက် ဆံရေးတွင်လိုက် နာ ရမည့်စည်းမျဉ်းများကိုပါ သတ်မှတ်ပေးရန်အကြံပြုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်
An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။