Pages

Sunday, December 9, 2012

“““ မောင်တောမြို့နယ် အတွင်း မီးရှို့ဖျက်ဆီး ခံရသည့် ကျေးရွာများရှိ နေအိမ်များကို UNHCR မှ စတင်တည်ဆောက် ”””

UNHCR မှ မောင်တောမြို့ နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို စတင်တည်ေ ဆာက်နေပြီဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် မောရ၀တီကျေးရွာတွင် စတင် တည်ဆောက်နေခြင်းဖြ စ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် UNHCR မှ‘ဒီဇင်ဘာလအတွင်း တွင် နေအိမ် ၁၁၁ လုံး ကို အပြီး တည်ဆောက် ရန်ရှိကြောင်းနှ င့် မောရ၀တီကျေးရွာ တွင် စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

UNHCR သည် မောရ၀တီကျေးရွာတွင် နေအိမ်အလုံး ၈၀ ကို တည်ဆောက်ရန် တာဝန်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နေအိမ် ၁၆လုံးထိ ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် စည်ပင်သာယာ မှ ကိုင်းကြီးကျေးရွာရှိ နေအိမ် ၃၆ လုံးကို စတင်တည်ဆောက် ရန် ပြင် ဆင်နေပြီဖြစ်ကြောင်း မောင်တော မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သက်ရှည်က ပြောကြား သည်။ ဆောက် လုပ်မှု လျာထားချက်အရ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊UNHCR&INGO တို့က နေအိမ် ၂၂၂ လုံးနှင့် CARE MYANMAR က နေအိမ် ၁၂၈ လုံး စုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာ ထားခဲ့ကြောင်းလည်း သိရသည်။

တည်ဆောက်ပြီးစီးနေသည့် နေအိမ်များကို တွေ့ရစဉ်
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မောင်တောမြို့နယ် ဝေသာလီကျေးရွာ တွင် နေ အိမ် ကိုးလုံး၊ ရွှေရင်အေးကျေးရွာတွင် နေအိမ် ၇၆ လုံး၊ ခရေမြိုင်ကျေးရွာတွင် နေအိမ် ၄၉ လုံး မီးလောင် ဆုံးရှုံးခံခဲ့ရပြီး အဆိုပါကျေးရွာများတွင် နေအိမ်များ ရာနှုန်းပြည့် ပြန်လည် တည်ဆောက်ပြီးစီး ခဲ့ပြီ ဖြစ် သဖြင့် ရွှေရင်အေးကျေးရွာမှ အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၃၂၅ ဦး၊ ခရေမြိုင်ကျေးရွာမှ အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၃၁၁ ဦးနှင့် ဝေသာလီကျေးရွာမှ ဒုက္ခသည်များ အမြဲတမ်းနေအိမ် များသို့ ပြောင်းရွှေ့လိုက်ပြီဖြ စ်ေ ကြာင်းလည်း သိရသည်။

သို့ရာတွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ၆ လကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အခြားမီးလောင် ပျက်စီးခဲ့သည့် ကျေးရွာများတွင် နေအိမ်များဆောက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် ရွက်ဖျင်တဲများ တွင် နေ ထိုင်နေ ရသေးကြောင်း လည်း သိရသည်။ CARE MYANMAR က တည်ဆောက်ရန် လျာထား သည့် နေ အိမ်များမှာ လက်ရှိအချိန်ထိ တည်ဆောက်မှု မရှိသေးကြောင်းနှင့် ဒေသခံများမှာ နေအိမ်များ အမြန်ဆုံးေ ဆာက်လုပ်ပေးစေလိုကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂါလီများ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာ ၁၁ ရွာတွင် အိမ်ထောင်စု ၅၄၉ စု၊ လူဦးရေ ၂၂၈၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Eleven

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မောင်တောမြို့နယ် အတွင်း မီးရှို့ဖျက်ဆီး ခံရသည့် ကျေးရွာများရှိ နေအိမ်များကို UNHCR မှ စတင်တည်ဆောက် ”””

Labels:

UNHCR မှ မောင်တောမြို့ နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို စတင်တည်ေ ဆာက်နေပြီဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် မောရ၀တီကျေးရွာတွင် စတင် တည်ဆောက်နေခြင်းဖြ စ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် UNHCR မှ‘ဒီဇင်ဘာလအတွင်း တွင် နေအိမ် ၁၁၁ လုံး ကို အပြီး တည်ဆောက် ရန်ရှိကြောင်းနှ င့် မောရ၀တီကျေးရွာ တွင် စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

UNHCR သည် မောရ၀တီကျေးရွာတွင် နေအိမ်အလုံး ၈၀ ကို တည်ဆောက်ရန် တာဝန်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နေအိမ် ၁၆လုံးထိ ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် စည်ပင်သာယာ မှ ကိုင်းကြီးကျေးရွာရှိ နေအိမ် ၃၆ လုံးကို စတင်တည်ဆောက် ရန် ပြင် ဆင်နေပြီဖြစ်ကြောင်း မောင်တော မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သက်ရှည်က ပြောကြား သည်။ ဆောက် လုပ်မှု လျာထားချက်အရ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊UNHCR&INGO တို့က နေအိမ် ၂၂၂ လုံးနှင့် CARE MYANMAR က နေအိမ် ၁၂၈ လုံး စုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာ ထားခဲ့ကြောင်းလည်း သိရသည်။

တည်ဆောက်ပြီးစီးနေသည့် နေအိမ်များကို တွေ့ရစဉ်
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မောင်တောမြို့နယ် ဝေသာလီကျေးရွာ တွင် နေ အိမ် ကိုးလုံး၊ ရွှေရင်အေးကျေးရွာတွင် နေအိမ် ၇၆ လုံး၊ ခရေမြိုင်ကျေးရွာတွင် နေအိမ် ၄၉ လုံး မီးလောင် ဆုံးရှုံးခံခဲ့ရပြီး အဆိုပါကျေးရွာများတွင် နေအိမ်များ ရာနှုန်းပြည့် ပြန်လည် တည်ဆောက်ပြီးစီး ခဲ့ပြီ ဖြစ် သဖြင့် ရွှေရင်အေးကျေးရွာမှ အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၃၂၅ ဦး၊ ခရေမြိုင်ကျေးရွာမှ အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၃၁၁ ဦးနှင့် ဝေသာလီကျေးရွာမှ ဒုက္ခသည်များ အမြဲတမ်းနေအိမ် များသို့ ပြောင်းရွှေ့လိုက်ပြီဖြ စ်ေ ကြာင်းလည်း သိရသည်။

သို့ရာတွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ၆ လကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အခြားမီးလောင် ပျက်စီးခဲ့သည့် ကျေးရွာများတွင် နေအိမ်များဆောက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် ရွက်ဖျင်တဲများ တွင် နေ ထိုင်နေ ရသေးကြောင်း လည်း သိရသည်။ CARE MYANMAR က တည်ဆောက်ရန် လျာထား သည့် နေ အိမ်များမှာ လက်ရှိအချိန်ထိ တည်ဆောက်မှု မရှိသေးကြောင်းနှင့် ဒေသခံများမှာ နေအိမ်များ အမြန်ဆုံးေ ဆာက်လုပ်ပေးစေလိုကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂါလီများ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာ ၁၁ ရွာတွင် အိမ်ထောင်စု ၅၄၉ စု၊ လူဦးရေ ၂၂၈၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Eleven
0 comments: