မြန်မာ နိုင်ငံသည် သစ်တော၊ သတ္တု၊ သားငါးနှင့် စိုက်ပျိုးမြေများ စသည့် အဖိုးတန် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည်။
သို့ရာတွင် နိုင်ငံတကာနှင့် ယှဉ်ပါက ဆင်းရဲပြီး ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိသည်။ အိမ်နီး ချင်း နိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် ဆင်းရဲ နွမ်းပါးမှု နှုန်းမြင့်မား လျက်ရှိသည်။ ဆင်းရဲ နွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိနေသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက် အရ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲ နွမ်းပါးမှု ၂၆ ရာခိုင်နှုန်းကို ၁၆ ရာခိုင်နှုန်းသို့ လျော့ကျအောင် ဆောင်ရွက်ရမည် ဖြစ်သည်။
သို့ရာတွင် နိုင်ငံတကာနှင့် ယှဉ်ပါက ဆင်းရဲပြီး ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိသည်။ အိမ်နီး ချင်း နိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် ဆင်းရဲ နွမ်းပါးမှု နှုန်းမြင့်မား လျက်ရှိသည်။ ဆင်းရဲ နွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိနေသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက် အရ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲ နွမ်းပါးမှု ၂၆ ရာခိုင်နှုန်းကို ၁၆ ရာခိုင်နှုန်းသို့ လျော့ကျအောင် ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာ နိုင်ငံ၏ လူဦးရေသန်း ၆ဝ ရှိပြီး ၇ဝ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ အများစုမှာ ဆင်းရဲကြသည်။ တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှ နိုင်ငံတော် သည်လည်း ဖွံ့ဖြိုး တိုးတက်မည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော် အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့နည်း ပပျောက်ရေး လုပ်ငန်းစဉ် (၈)ရပ်ကို ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ချမှတ် ဆောင်ရွက်ခဲ့သည်။ ကျေးလက်နှင့် မြို့ပြ အခြေခံ လူတန်းစားများ အဓိက လိုအပ်သော ငွေကြေး အရင်းအနှီး ရရှိအောင် အသေးစား ငွေစုငွေချေး အသင်းများ ဖွဲ့စည်းစေလျက် အရင်းအနှီးများ ထုတ်ချေး ပေးလျက် ရှိသည်။
နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် နိုင်ငံတကာ ဆက်ဆံရေး မူဝါဒ ကိုလည်း ပြောင်းလဲခဲ့သည်။ အရှေ့၊ အနောက် မခွဲခြားဘဲ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိရာ အာဆီယံ ဒေသတွင်း သာမက နိုင်ငံတကာ နယ်ပယ်၌ပါ ထောက်ခံမှုများ ရရှိလျက် ရှိသည်။ နိုင်ငံ တကာတွင် ဆက်ဆံရေး ကောင်းမွန် လာမှုကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်က စီးပွားရေး ပိတ်ဆို့မှု များကို အမေရိကန်နှင့် EU တို့က ဖြေလျှော့မှုများ ပြုလုပ် ပေးခဲ့သည်။
နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်ရမည် ဖြစ်သည်။ ယင်းအတွက် အရင်းအနှီး၊ နည်းပညာနှင့် လူသား အရင်းအမြစ်များ လိုအပ်ရာ ပြည်ပရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိ အခြေအနေတွင် ပြည်ပ၌ သွားရောက် အလုပ် လုပ်ကိုင်သူ သုံးသန်းခန့် ရှိနေသည်။ ပြည်တွင်း၌ အလုပ် အကိုင် များများ ရရှိနိုင်သည့် အထည်ချုပ် စက်ရုံကဲ့သို့ စက်ရုံ၊ အလုပ်ရုံများ ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရန် အတွက် လူ့စွမ်းအား အရင်းအမြစ်သည် အရေးကြီး လှပေသည်။ တက္ကသိုလ် များမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ နယ်ပယ်တွင် တိုင်းပြည် အကျိုးရှိသည့် လုပ်ငန်းများ လုပ်ကိုင် နိုင်ကြသူများ ဖြစ်အောင် သင်ကြားပို့ချ ပေးရမည် ဖြစ်သည်။ ဘွဲ့ရ ပြီးသည်နှင့် လုပ်ငန်းခွင်ထဲသို့ တန်းဝင်ကာ လုပ်ကိုင် နိုင်သူများ ဖြစ်အောင် လေ့ကျင့်မွေးထုတ် ပေးရမည် ဖြစ်သည်။ ထို့အပြင် အနာဂတ် နိုင်ငံတော်ကို တာဝန်ယူမည့် ကျောင်းသား၊ ကျောင်းသူများကို စည်းကမ်း ကောင်းမွန် သူများ၊ တိုင်းပြည်ချစ်စိတ် ရှိသူများ၊ ကိုယ်ကျင့်တရား ကောင်းသူများ ဖြစ်အောင်လည်း သင်ကြားလေ့ကျင့် ပေး ရမည် ဖြစ်သည်။
နိုင်ငံတော်သည် အစိုးရ၏ ကဏ္ဍစုံ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှု များဖြင့် ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိလာပြီ ဖြစ်သည်။ သန်း ၆ဝ သော ပြည်သူတို့၏ ဆန္ဒဖြစ်သော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပြည်ထောင်စု လှေကြီးကို အားလုံးပါဝင် အားသွန် ခွန်စိုက် ကြိုးစားလှော်ခတ် ကြရမည် ဖြစ်ပါသည်။ တက်ညီလက်ညီ လှော်ခတ်ပါမှ ပန်းတိုင်ကို ရောက် မည်သာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
Myawady
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။