Pages

Thursday, December 20, 2012

“““ လမ်းမများထက်တွင် ပျောက်ဆုံးသွားသော အချိန်များ ”””

ရုံးဆင်းလာသည့် မသွယ်သွယ်တစ်ယောက် မာကျူရီမီးရောင်အောက်က ပလက်ဖောင်းပေါ်မှာ စိတ်မပါ့ တပါ လျှောက်လာရင်း ရှုပ်ထွေးနေသည့် ယာဉ်တန်းရှည်ကြီးကိုကြည့်ကာ သည်ညလည်း အိမ်ပြန်နောက် ကျလိမ့်ဦးမည်ဟု တွေးရင်း သက်ပြင်းချလိုက်မိသည်။ သည်လိုသက်ပြင်းချခဲ့ရတဲ့ နေ့တွေက လနဲ့ချီ ကြာခဲ့ပါပြီ။

ဒါတွေကြောင့် လမ်းသွားလမ်းလာတွေ ဒုက္ခရောက်ရတယ် 

 ဒါမှ လမ်းမပိတ်ရင် ဘယ်အချိန်မှ လမ်းမပိတ်တော့ဘူး

နေ့စဉ်လှည်းတန်းမှ လှိုင်သာယာသို့ ပြန်နေကျ အချိန်တစ်နာရီခန့်သာ ကြာသော်လည်း ယခုနောက်ပိုင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်တစ်နာရီခွဲခန့် ကြာလာသည်။ လှည်းတန်းမှ သူမ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားမှာ ဘုရင့်နောင်လမ်းဆုံမရောက်ခင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံရသည်။ သူမ ဘတ်စ်ကားပေါ်တွင် အချိန်မဖြုန်းလို၍ ဆင်းပြီး ဘုရင့်နောင်တံတားကို ဖြတ်သန်းပြီး လှိုင်သာယာမြို့နယ်အစ၏ အနီးစပ်ဆုံး မှတ်တိုင်သို့ လမ်းလျှောက်သည်။ ထိုဂိတ်မှ အမြန်ဆုံးရောက်ေ သာကားစီး၍ အိမ်ပြန်သည်။

“အရင်က ရုံးသွားရင် နာရီဝက်ပဲကြာတယ်။ အခုနောက်ပိုင်း လမ်းကြောကျပ်လာတာ ၁ နာရီကျော်ကြာ လာတော့ အလုပ်နောက်ကျတာတွေ များလာတယ်။ အလုပ်နောက်ကျတော့ လစာဖြတ်ခံရတာပေါ့” ဟု လှိုင်သာယာမြို့နယ်မှ မရမ်းကုန်းမြို့နယ်သို့ နေ့စဉ်အလုပ်ဆင်းရသူ မမေသူကလည်း ပြောသည်။

မသွယ်သွယ်နှင့် မမေသူတို့ကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့၏ တန်ဖိုးရှိလှသော အချိန်များ ဘတ်စ် ကားပေါ်တွင်၊ ကားများပေါ်တွင် ကားလမ်းမထက်တွင် ဆုံးရှုံးနေရသူပေါင်း စီးပွားရေးမြို့တော် ရန်ကုန်၌သန်းနှင့်ချီ၍ရှိပါသည်။

စည်းကမ်းမရှိ ကားလမ်းပေါ်တွင်လုပ်ချင်ရာလုပ်နေသောလူများကြောင့် လည်း ယာဉ်ကြောများ ပိတ်ဆိုမှုဖြစ်

နေ့စဉ်ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် အချိန်များ ပိုမိုကုန်ဆုံး၍ ၀င်ငွေရှာ ခဲ့ရသည်မှာ ရှစ်လခန့် ကြာမြင့်လာပြီဟု အငှားယာဉ်မောင်း ကိုတင့်ဝေကဆိုသည်။

“ကားသစ်တွေ စသွင်းခွင့်ရတဲ့ အချိန်ကစပြီး လမ်းတွေ သိသိသာသာ ကျပ်လာတယ်။ အဲဒီမတိုင်ခင်က တစ်နာရီကို ၅၀၀၀ လောက် ရှာလို့ရရင် အခု ၃၀၀၀ လောက်ပဲ ရတော့တယ်။ အရင် ၀င်ငွေကိုမီဖို့ အချိန်တွေပိုပြီးပေးရတယ်” ဟု ကိုတင့်ဝေက ပြောသည်။

ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့ရခြင်း အကြောင်းရင်းများစွာရှိသည့်အနက် လမ်းအ သုံးပြု သူ ယာဉ်မောင်းများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်းသည် လတ်တလော ယာ ဉ်ကြောပိတ်ဆို့ရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်လာကြောင်း မြို့ပြရေးရာပညာရှင် များ ကပြော သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ရန်ကုန်မြို့တော်၏ လူ ဦးရေနှင့် ယာဉ်စီးရေအချိုးအစားအရ မော်တော်ယာဉ်များ နည်းနေသေးပြီး ယာဉ်လမ်းကြောင်းကျပ်ေ တာက် မှု များဖြစ် ပေါ်ရခြင်းသည် စည်းကမ်းပိုင်း အားနည်းချက်များကြောင့်ဖြစ်ကြောင်း ပြောသည်။

“ယာဉ်ထိန်းက ဘယ်လိုပဲမိလို့ CCTV ကနေ အရေးယူယူ ဒီလူတွေ စည်းကမ်းဖောက်နေသ၍ကတော့ ဒီပြဿနာကြီးက ကြုံနေမှာပဲ” ဟု ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးေ ကျာ်ေ ထွး ကပြောသည်။

မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒများ ပြောင်းလဲခွင့်ပြုပြီး နောက်ပိုင်းတွင် မော်ဒယ်လ်မြင့် ကားသစ်များ ပိုများလာပြီးနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုများပြားလာသည်ဟု သုံးသပ်မှုများလည်းရှိသည်။

“နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့တိုင်းလိုလိုမှာ ယာဉ်ကြောပိတ်ဆို့မှု၊ ကျပ်တည်းမှု အဲဒါတွေကတော့ တွေ့ရတာပဲ။ မတွေ့ရဘူးဆိုတဲ့ မြို့တော်တော်ရှားမယ်ထင်ပါတယ်” ဟု မြို့ပြစီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် တင်ယာဉ်စီးရေ ၁၁၀၀၀ ကျော်အပါအ၀င် လက်ရှိအချိန်ထိ မှတ်ပုံတင်ပြီး ယာဉ်စီးရေ ၂၃၀၀၀၀ ကျော်ရှိနေ သည်။ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒ ပြောင်းလဲခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်ထိ အကောက် ခွန်ဦးစီးဌာန၏ စာရင်းများအရ စည်းကြပ်ပြီး ယာဉ်စီးရေ ၁၁၈၈၇၇ ရှိသည်။

ယာဉ်များလွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်းသည် လက်ရှိရန်ကုန်မြို့၏ သွားလာရေးကွန်ရက်အပေါ် အကျိုး သက်ရောက်မှုများကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူ ဦးေ ဇ်ာနိုင် က “အများပြည်သူတွေအတွက် ချောင်ချောင်ချိချိ သွားနိုင်အောင်ဆိုပြီး ဘတ်စ်ကားတွေ တင်သွင်း တယ်လေ။ အဲဒီတော့ ကားတွေအပြိုင်သွင်းပြီး လက်ရှိလမ်းတွေပေါ် ပစ်တင်လိုက်တော့ ကျပ်သွားတာပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုသည် မြို တော်အတွင်း နေ ထိုင်သူအများစု ဖြစ်သည့် ကုမ္ပဏီဝန်ထမ်းများ၏ လုပ်ငန်းခွင် အချိန်မမီ ထိခိုက်မှုများ ကြုံတွေ့စေသကဲ့သို့ အငှားယာဉ်မောင်းအချို့ ၀င်ငွေထိခိုက် မှုများ ကြုံတွေ့လာရသည်။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အ လုပ် ၀င်ချိန် နောက်ကျမှုများ ပိုမိုများ ပြားလာကြောင်း ကုမ္ပဏီဝန်ထမ်းအချို့ကပြောသည်။

လမ်းဆုံများရှိ မီးပွိုင့်များတွင် ယာဉ်များ၏ စည်းကမ်းမဲ့ရပ်တန့်၊ မောင်းနှင်မှုများကြောင့် မီးပွိုင့်တွင် တန်း စီရမှု အချိန်ကြာမြင့်လာပြီး ယခင်သုံးမိနစ်ခန့်သာ စောင့်ဆိုင်းရသော မီးပွိုင့်များတွင် ၁၅ မိနစ်ခန့်ထိ တန်း စီစောင့်ဆိုင်းရမှုများ ကြုံတွေ့လာပြီဖြစ်ကြောင်း အငှားယာဉ်မောင်းတစ်ဦးကဆိုသည်။

“ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းဖို့ကတော့ ဒါဖြစ်တယ်ဆိုတာ စည်းကမ်းလိုက်နာမှု အားနည်းလို့ဖြစ်တာလေ။ ဒါကို ဖြေရှင်းဖို့ ဌာနဆိုင်ရာတွေအပါအ၀င် ကျွန်တော်တို့ ကော်မတီကလည်း လုပ်နေတယ်။ ပြည်သူတွေ အားလုံးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါတယ်။ ဒါကို ဖြေရှင်းဖို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟို ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

မြို့ပြစီမံကိန်းရေးဆွဲ၍ အစိုးရကို အကြံပြုထားသော ဦးခွန်သာမြင့်က အဆိုပါကိစ္စကို ဖြေရှင်းရာတွင် လွှတ်တော်များနှင့် အစိုးရတွင် တာဝန်ရှိပြီး စည်းကမ်းချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူမှုပြုလုပ်ရန် လိုကြောင်းဆိုသည်။

မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းအများစုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေေ ကြာင်း လေ့လာသူများက သုံးသပ်သည်။ လက်ရှိကာလတွင် ရန်ကုန်မြို့အတွင်း မထသ (ရန်ကုန်တိုင်းဒေ သကြီး)၊ ဗန္ဓုလယာဉ်လိုင်းများအပါအ၀င် ယာဉ်လိုင်းကြီး ၁၇ လိုင်းမှ ယာဉ်စီးရေ ၆၈၈၆ စီးဖြင့် ရန်ကုန်မြို့ ၏ ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ဆောင်နေကြောင်း မ.ထ.သ(ဗဟို)မှ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြသည်။

၂၀၁၀ ခုနှစ်အတွင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ လူဦးရေ ၇ သန်းနီးပါးရှိသော ရန်ကုန်လူထု၏ ၂၈ ရာခိုင်နှုန်းဖြစ်သည့် ၂ သန်းဝန်းကျင်မှာ ခရီးသည်တင် ယာဉ်လိုင်းများကို အားထားနေရကြောင်း မထ သ (ဗဟို)၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ယာဉ်စီးရေနှင့် ခရီးသည်အချိုးအရ ခရီးသည် ၂၉၀ ခန့်က ယာဉ်တစ်စီးကို မျှဝေသုံးစွဲနေရသကဲ့ သို့ ဖြစ်ေ နသည်။ ဖွံ့ဖြိုးသောနိုင်ငံများနှ င့် ဖွံ့ ဖြိုးဆဲနိုင်ငံအချို့တို့တွင် ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှ င်းနိုင် ရန် အတွက် ရထားဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်သော်လည်း လက်ရှိ ရန် ကုန်မြို့ပတ်ရထားလမ်းများတွင် ရထားသွားလာမှုကို ပိုမိုတိုးချဲ့ပြေးဆွဲပါက မော်တော်ယာဉ် များသွား လာမှုကို ထိခိုက်နိုင်သဖြင့် ယခုထက် ပိုမိုပြေးဆွဲရန် မဖြစ်နိုင်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

“မြေအောက်ရထားတွေပြေးဖို့က ငွေကြေးအများကြီးကုန်မှာလေ။ လက်ရှိမှာတော့ သိပ်မဖြစ်နိုင်သေးဘူး။ မြို့ပတ်ရထားတွေကို ခေါက်ရေပိုတိုးပြေးဆွဲဖို့ကျတော့လည်း ရထားလာရင် ကားတွေက ရပ်ထားရတာ ဆိုတော့ ရထားတွေများများလာရင် ကားတွေက သွားလို့ရမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဒီထက်ပိုပြီး ရထား တွေပြေးဖို့ဆိုတာလည်း အခက်အခဲရှိပါတယ်”

ရန်ကုန်မြို့ပတ်ရထားများကို တစ်ရက်လျှင် ခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲနေပြီး စီးနင်းသူဦးရေ တစ်သိန်းခန့် ရှိကြောင်း မြန်မာ့မီးရထား၏ စာရင်းများအရသိရသည်။

လက်ရှိ ရန်ကုန်မြို့၏ ယာဉ် ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အစိုးရ၏ မြေယာအသုံးချမှု မူဝါဒတွင် လိုအပ် ချက် များ မြောက်မြားစွာရှိပြီး ရန်ကုန်မြို့စွန် မင်္ဂလာဒုံ၊ ထောက်ကြံ့ အစရှိသော မြို့နယ်များတွင် အသုံး မပြုတော့သည့် တပ်မတော်ပိုင် မြေယာများကို တိုးချဲ့အသုံးပြုခြင်းဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ကို တစ် စိတ်တစ်ဒေသဖြေရှင်းနိုင်မည် ဖြစ်သည်ဟု မြို့ပြနှင့် ဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဝင်းမြင့်က ပြောသည်။

“လက်ရှိ ရန်ကုန်သူ၊ ရန်ကုန်သားတွေကတော့ ပထမဆုံး ယာဉ်များလာတာဖြစ်တဲ့အ တွက် ပြဿနာလေးတွေ ကြုံရမှာပဲ။ အဖြေက ချက်ချင်းကြီး ဒါလုပ်မှဖြစ်မယ်ဆိုပြီး ပြောလို့မရဘူး။ ကိစ္စအများကြီးပေါ်မှာ တည်ပါတယ်” ဟု ဒေါက်တာကျော်လတ်ကဆိုသည်။

ပညာရှင်များကတော့ လက်ရှိ ရန်ကုန်မြို့အကျယ်အ၀န်းနှင့် နှိုင်းယှဉ်လျှင် ယာဉ်စီးရေမှာ ပြောပလောက်ေ အာင် မများသေးဟု ဆိုသည်။ လက်ရှိ ယာဉ်ကြောအကျပ်အတည်းကို ဖြေရှင်းနိုင် ရန်အတွက် ရေတို နည်းအဖြစ် ခုံးကျော်တံတားများ ဆောက်လုပ်ကာ ဖြေရှင်းနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မြို့ပြသ ယ်ယူပို့ ဆောင်ရေး ကျွမ်းကျင်သူ ဦးဇော်နိုင်ကပြောသည်။

အခြားနိုင်ငံများတွင် အသုံးပြုနေသည့် စနစ်တစ်ခုဖြစ်သည့် ခရုပတ်လမ်းစနစ်သည်လည်း အခက်အခဲ ကို ပြေလည်စေနိုင်သော နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ယာဉ်လိုင်းအများစုသည် ဆူးလေဗဟိုပြုစနစ်ဖြင့်သာ ပြေးဆွဲနေပြီး မြို့၏မည်သည့်နေရာမှ စထွက်ပြီး အဆုံးသတ်သည့် ယာဉ်မဆို ဆူးလေ ဘုရားတစ်ဝိုက်ကို ဖြတ်သန်းကာ သွားလာမှုများနေသဖြင့် ခရီးသည်များအနေဖြင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ လည်း ဖြစ်ပေါ် လာခဲ့ သည်။

မြို့လယ်ယာဉ်ကြောကျပ်သည့်နေရာများသို့ ဖြတ်သန်းရန်မလိုသည့် ယာဉ်လိုင်းများကို မြို့လယ်ကို ရှောင် ကွင်းသွားနိုင်သည့် ခရုပတ်လမ်းများ စီစဉ်ထားရှိမှုနည်းဖြင့်လည်း ဖြေရှင်းပေးနိုင်မည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အခြေခံအဆောက်အအုံများကို မှီခိုပြီး လက်ရှိအကျပ်အတည်းများကို အဖြေရှာနိုင်သလို စီမံခန့်ခွဲမှုနည်းစနစ် များဖြင့်လည်း အဖြေရှာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လမ်းမများတွင် သွားလာနေသည့် ယာဉ်များ အစိတ်၊ အကျဲကို မိနစ်အလိုက်သုတေသနပြုမှတ်တမ်းတင်ပြီးမီးပွိုင့်များကို ထိန်းချုပ်သည့် စနစ်များဖြင့်လည်း အဖြေရှာနိုင် ကြောင်း၊ လမ်းမများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကိုအက်ဖ်အမ်ရေဒီယိုလိုင်းများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီကြေညာပေးသည့် စနစ်သည်လည်း ယင်းပြဿနာများ ဖြေရှင်းရာတွင် အသုံးဝင်သည့် နည်းလမ်း များဖြစ်ကြောင်း ဦးဇော်နိုင်က ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးသော လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်းကလည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရှုမြင်ကြသည်။

ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်ပေါ်သည့် လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင် လမ်းဆုံများ တွင် ဆောက်လုပ်နေသော ခုံးကျော်တံတားသုံးစင်း ပြီးစီးပါက ၎င်းလမ်းဆုံများ တွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှု၏ ၆၀ ရာခိုင်နှုန်းကို ဖြေလျှော့ပေးနိုင်မည်ဟု ခုံးကျော်တံ တား ဆောက်လုပ်ခွင့် ရရှိထားသည့် ကုမ္ပဏီများ၏ ကောက်ယူထား သော စစ်တမ်းများကဆိုသည်။

“ခုံးကျော်တံတားတွေ ပြီးသွားရင် ကားတွေက လမ်းကြောချောင်နိုင်တဲ့ ဒီတံတားတွေကိုပဲ စုပြုံပြီး လာတိုးကြမှာ။ အခုလက်ရှိ အသုံးပြုနေတဲ့ ယာဉ်အစီးရေ ထက်တောင် ပိုများလာနိုင်သေးတယ်” ဟု လှည်းတန်းခုံးကျော်တံ တားစီမံကိန်းမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ရေရှည်နည်းလမ်းအတွက်မူ အများပြည်သူအသုံးပြုနိုင်သည့် ပို့ဆောင်ရေး ကွန်ရက်တစ်ခု တည်ဆောက် ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြို့၏ လမ်းမများပေါ်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ကိုသာ အဓိကအားကိုးနေရသည့် မြို့နေလူထုခုနစ်သန်းဝန်းကျင်အတွက် မြေေ အာက်ရထား၊ မိုးပျံရထား တို့ကဲ့သို့သော မြန်မြန်နှင့် များများသယ်ယူပို့ဆောင်ပေးနိုင်သည့် စနစ်တစ်ခုေ ပ်ါပေါက်လာပါက လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ အတော်အတန်ပြေလည်နိုင်မည်ဖြစ်ကြောင်း ဦးဇော်နိုင်က ပြောသည်။

7Day News Journal

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: