Pages

Thursday, December 13, 2012

“““ တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရားတို့ ”””

ရထားမတိုက် ၊ ကျားမကိုက်ဆရာ တော် ဟုအမည်တွင်ပြီး၊ တောကျောင်း များကို တည်ထောင်ခဲ့သူ ဆရာ တော်ကြီးဦးသီလ တည်ထာင်ခဲ့ သော သထုံမြို့နယ်ဓမ္မိကာရာ မကျောင်းနှင့် ညောင်လေး ပင် ကျောင်းတိုက်မှ သံဃာတော်များ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းတိုက်ရှေ့တွင် စုစည်းနေကြောင်း ကြားသိရသဖြင့် ရွှေမြန်မာမီဒီယာဂရု ကသတင်း သွားရောက်ယူခဲ့ရာ--

ချမ်းသာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ဦးလှမြင့်+ဒေါ်ရီရီဝင်း တို့က လှူဒါန်းသော ၊ ပေအရှည် (၉၀၀) ရှိ ဓမ္မိကာရာမကျောင်းရှေ့ရှိ အစိုးရကျောင်းလမ်း ကျောက်ချောလမ်းခင်းခြင်းကို ဓမ္မိကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ နှင့် စာသင်စာချ သံဃာတော် များ၊ ညောင်လေးပင်ကျောင်းတိုက် မှ ဘဒ္ဒန္တကာရုည နှင့် စာသင်သားများ စုစုပေါင်း အင်အား(၈၀)ခန့် နှင့် အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်းဦးဆောင်သော ရပ်မိရပ်ဖများက တပျော် တပါးစုပေါင်း လမ်းခင်းနေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ဒီလမ်းဟာ ကျောင်းသွားကျောင်းပြန် အများဆုံးလမ်း ဖြစ်ပြီး ၊ မြေသား လမ်းဖြစ်တဲ့အတွက် နွေဘက်ဆို လမ်းကြမ်း ပြီး၊ မိုးတွင်းဆို ရွံ့တွေနဲ့မို့ ကလေးတွေ ရော၊ ရဟန်းသံဃာ တွေ၊ကိုရင်တွေ အခက် အခဲဖြစ်ပါတယ်။ဘုန်းကြီးပြင်ချင်နေတာကြာပါပြီး၊အလှူရှင်ကလည်းပေါ်လာတော့ အဆင်ပြေသွား တာပေါ့လို့ ဓမ္မိကာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ က ရွှေမြန်မာသို့ မိန့်တော်မူပါတယ်။

လိပ်အင်းရပ်ကွက် အောက်ပိုင်းနေ ဦးလှအေးကတော့ ဒီလမ်းက ကျွန်တော်တို့နဲ့တော့မဆိုင်ပါဘူး ၊ သံဃာတွေ လုပ်နေကိုင်နေတာတွေ့တော့ ကုသိုလ်ဝင်ယူတာပါလို့ဆိုပါတယ်။ အမည်မဖေါ်လိုသူ အလှူရှင် တစ်ဦးကလည်း လုပ်အားဒါန ဆောင် ရွက်နေကြတဲ့ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ညနေ(၃)နာ ရီခန့်က ယိုးဒယားရေခဲချောင်း များ ဒါနပြုနေသည်ကိုလည်း ကြည်နူးဖွယ်ရာတွေ့ရသည်။

အဆိုပါလမ်းခင်းခြင်းလုပ်ငန်းအား လုပ်ငန်းပြီးစီးသည်ထိ (၅)ရက် ခန့်ကြာမြင့်မည်ဖြစ်ပြီး နေ့စဉ် နံနက်(၆) နာရီမှ ညနေ (၅)နာရီထိဆောင် ရွက်ကြမည်ဖြစ်ကြောင်းနှင့် နည်းပညာပိုင်းနှင့် လိုအပ်သည် များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပံ့ပိုးကူညီကြောင်းသိရသည်။

ထိုကျောင်းမှ ကိုရင် ဦးဇင်း ကျောင်းထိုင်များမှ ဆန္ဒပြချင်းကို စိတ်မ၀င်စားကြောင်းလည်း သိရှိရပါသည်။

ရွှေမြန်မာမီဒီယာ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရားတို့ ”””

Labels:

0 comments: