ဖားကန့်မှာဒီ၁၀ရက်နေ့ကKIA၇င်း၆စီးပွားရေးတာဝန်ခံကကုမ္မဏီတွေကိုဆက်ကြေးအစည်းဝေးလုပ်တယ်။
ခေါင်းစဉ်ကတော့ ဒေသဖွံ့ဖြိုးရေးပေါ့။ တောင်းတာက
ယန္တယားတစ်စီး၊ ကားကြီးတစ်စီး မပေးနိုင်ရင် သိန်း ၆၀၀စီ၊
(ကုမ္မဏီကြီးတစ်ခုကို)၊ ကုမ္မဏီသေးတွေက စက်သုံးဆီ ၁၀၀ ပီပါနဲ့ ဆန်အိတ် ၁၀၀၀
စီ၊ စာရင်းအရ ဖားကန့်မှာ ကုမ္မဏီ ၄၀၀ ကျော်ရှိခဲ့တယ်။ အခု
လုပ်လုပ်မလုပ်လုပ် ပေးရမယ်။
ငြိမ်းချမ်းရေးကာလ ၁၇ နှစ်လုံးလုံး
အခွန်မကောက်ခဲ့လို့ အခုပြန်ကောက်တာတဲ့။ အချို့ကုမဏီတွေက အလုပ်ဝင်တာ
မကြာသေးဘူးပြောလဲ အားလုံးတစ်ပြေးညီကောက်ခံတာ လို့ ပြောတဲ့အတွက်
ကုမဏီအများစုကစိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့ ငွေမဲကို ငွေဖြူလုပ်ချင်သော
ကုမဏီအချို့ကတော့ အစိုးရထံ ဖားကန့်လုပ်ကွက်တွေကို
ပြန်ဖွင့်ပေးဖို့တောင်းဆိုနေကြတာကိုတွေ့နေရပါတယ်။ အဲဒီကုမဏီတွေက
ကုမဏီသိမ်းတဲ့ အချိန်တွေတုံးကလဲ မသိမ်းပဲ သူများလုပ်ကွက်တွေကို
ရေမဆေးကျောက်သမားတွေလွှတ်ပြီး KIA နဲ့ပေါင်းပြီး ကျောက်တူးခိုင်း တာ၊
အလုပ်သမားတွေရထားတဲ့ ခိုးကျောက်တွေကို
အောက်ဈေးနဲ့နှိုက်ပြီးဝယ်ထားတာတွေကြောင့် အစိုးရကလုပ်ခွင့်ပေးတာနဲ့
ရက်ပိုင်းအတွင်းမှာ သိန်းချီတန်ကျောက်တွေ
ကားတွေနဲ့ထွက်လာမယ့်အခြေအနေရှိတယ်လို့ ဖားကန့်က ကားသမား
တစ်ယောက်ကပြောပါတယ်။
အမှန်တော့အဲဒီကျောက်တွေဟာ တောမီးလောင်
တောကြောင်လက်ခမောင်းခတ်လို့ရထားတာတွေဖြစ်ပြီး အချို့ကုမဏီတွေက
ဆုံးရှုံးမှုတွေကြားထဲက KIA ရဲ့ မတန်တဆ ဆက်ကြေးကြောင့် စိတ်ညစ်နေကြရပါတယ်။
KIA ဟာ ကျောက်စိမ်းထွက်ရှိတဲ့နယ်မြေမှာ ကချင် အစိုးရထူထောင်ပြီး
လုပ်ချင်တာလုပ်နေပါတယ်။ ကျောက်တူးသမားတွေ၊ ရေမဆေးလုပ်သားတွေကို ဒီမှာ
အလုပ်လုပ်ချင်ရင် KIA မှာ တစ်နှစ်စစ်မှုထမ်း ပြီးရင် ကချင်ပြည်နယ်
နေရာတိုင်းမှာ လုပ်စားပိုင်ခွင့်လက်မှတ်ပေးမယ်ဆိုတဲ့ စည်းရုံးမှုနဲ့ ဗမာ၊
ရှမ်း၊ ရခိုင်၊ ကုလားစတဲ့ အလုပ်သမားတွေကို စစ်သင်တန်းပေးခဲ့တာ ရခိုင် နဲ့
ကုလားတပ်ရင်း ၂ ရင်းတောင်ဖွဲ့နိုင်ခဲ့ပြီလို့ သိရပါတယ်။ မြန်မာပြည်ရဲ့
ဘယ်နေရာမှာ အလုပ်လုပ် သည်ဖြစ်စေ အစိုးရ၀န်ထမ်း၊ ရဲ နဲ့ စစ်တပ်က
ပြသနာမရှာပေမဲ့ KIAကတော့ ကချင် ပြည်နယ်ကို မောင်ပိုင်စီးပြီး
လုပ်ချင်တာလုပ်နေတာကို ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက
ဘာလို့မပြောကြတာလဲဆိုတာကို ဒေသခံပြည်သူတွေက နားမလည်နိုင်ဖြစ်နေပါတယ်။
KIAဘက်က ခံလိုက်ရရင်တော့ နောက်နေ့မှာ လွှတ်တော်မှာ တပ်မတော်က
ဘယ်လိုလူ့အခွင့်အရေးချိုးဖောက်နေပါတယ်ဆိုပြီး ချက်ခြင်းတင်ပြနိုင်တာ KIA
သတင်းပေးတွေက လွှတ်တော်ထဲအထိ သက်ရောက်မှုရှိနေတယ်လို့တောင် အခြားဒေသက
ကိုယ်စားလှယ်တွေက တိုးတိုးပြောနေကြပါတယ်။
အမှန်တော့ KIA ကြောင့်
ဖားကန့်အပါအ၀င် ကချင်ပြည်နယ်တစ်ခုလုံး ဖွတ်ဖွတ်ညက်ညက် ကျေနေပေမဲ့
လက်ပန်းတောင်း အရေးအခင်းလောက်မှ မြန်မာနိုင်ငံရေးသမားတွေနဲ့
မီဒီယာတွေစိတ်ဝင်စားမှုမရှိတာနဲ့ ပတ်သက်ပြီး "ကျနော်တို့ ဘ၀က
ဘယ်သူမှအသိအမှတ်ပြုမခံရတဲ့ ဒုက္ခသည်တွေဖြစ်နေပြီ။ တစ်ခါခါ မြန်မာပြည်ထဲက
နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက ကျတော်တို့က ဗမာတွေမဟုတ်လို့
လစ်လျူရှုထားတယ်လို့တောင်ထင်မိတယ်။ အစားအစာ၊ ဆေးဝါး နဲ့
နေထိုင်ဖို့လိုလေသေး မရှိထောက်ပံ့ထားပေမဲ့ ကျတော်တို့က ကိုယ့်ရွာမှာပဲ
ကိုယ်နေချင်တာ။ အရင်တုန်းကလိုပဲ ကိုယ့်စီးပွားကိုယ်လုပ်စားချင်တာ။ ခုတော့
စားဝတ်နေရေး လုံလောက်အောင်ထောက်ပံ့ထားတာက
တကယ့်ပြသနာဖြေရှင်းနိုင်တာမဟုတ်တော့ ကျတော်တို့
ကချင်တိုင်းရင်းသားတွေကိုလည်း ပြည်ထောင်စုတိုင်းရင်းသားအဖြစ် သဘောထားရင်
အမြန်ငြိမ်းချမ်းအောင် ဆောင်ရွက်ပေး ကြပါလို့ ပြောချင်တယ်'' ဟု
မြစ်ကြီးနားဒုက္ခသည်စခန်းမှ ဦးထိန်နန်က ပြောကြားသွားသည်။
မဟုတ်ရင်တော့
KIA ကြောင့် တစ်သက်လုံးအတူနေလာတဲ့ မြန်မာပြည်က တိုင်းရင်းသားမဟုတ်ဘဲ
တရုတ်တိုင်းရင်းသားဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ကချင်လူမျိုးဆို တာ
ပြတိုက်ထဲမှာ ကြည့်ရမယ့်အခြေအနေဖြစ်ပြီ ဟု ၄င်းကဆက်လက်ပြောကြားသွားသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။