Pages

Thursday, December 13, 2012

“““ အီရန် ပိုင်နက်ကို အမေရိကန် မောင်းသူမဲ့ လေယာဉ်များ နှင့် ရေတပ် စစ်သင်္ဘော များ ကျူးကျော်သည် ဟု အီရန်ပြောကြား ”””

အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အပေါ် ချိုးဖောက်မှုများ ပြုလုပ်မှုမှ ရှောင်ရှားရန် အမေရိကန် နိုင်ငံအား ထပ် ကာ တလဲလဲ သတိပေး ထားပြီး အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စသည့် အပြုအမူ များ သည် ပြင်း ထန်သော ပြဿနာများ ဖြစ်ပေါ် လာလိမ့်မည်ဟု သတိ ပေးခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက် ဗာဟီဒီက ပြောကြား ခဲ့ပါသည်။ အီရန် နိုင်ငံ၏ ပိုင်နက် နယ်မြေများ အပေါ် အမေရိ ကန် နိုင်ငံ၏ ကျူးကျော် ဝင်ရောက်မှု များသည် စိုးရိမ်ရသည့် ပြဿနာများ ဖြစ်ပွားစေ နိုင်သည်ဟု ဗာဟီဒီ က ပြောကြား ခဲ့ပါသည်။

နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက် လာသော ပါရှန် ပင်လယ်ကွေ့ အပေါ်တွင် ပျံသန်းနေ သည့် အမေရိကန် နိုင်ငံ၏ Scan Eagle မောင်းသူမဲ့ လေယာဉ်အား ဆင်းသက် စေခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း အီရန် နိုင်ငံက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အီရန် နိုင်ငံသည် ပါရှန် ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်တို့ရှိ အမေရိကန် ရေတပ် စစ်သင်္ဘော များ၏ တရားမဝင် လှုပ် ရှား ဆောင်ရွက်မှု များနှင့် အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ ဝေဟင် ပိုင်နက် ချိုးဖောက် ဝင်ရောက် မှု များအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းနှင့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ တို့ ထံသို့ ပြီးခဲ့သော လက တရားဝင် တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်ရေတပ် သည် တရားမဝင် လှုပ်ရှားဆောင်ရွက် မှုများနှင့် ကျူးကျော်ရန်စ သည့်အပြုအမူများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း အီရန်နိုင်ငံက ပြောကြားခဲ့ပါသည်။

မြ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အီရန် ပိုင်နက်ကို အမေရိကန် မောင်းသူမဲ့ လေယာဉ်များ နှင့် ရေတပ် စစ်သင်္ဘော များ ကျူးကျော်သည် ဟု အီရန်ပြောကြား ”””

Labels:

အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အပေါ် ချိုးဖောက်မှုများ ပြုလုပ်မှုမှ ရှောင်ရှားရန် အမေရိကန် နိုင်ငံအား ထပ် ကာ တလဲလဲ သတိပေး ထားပြီး အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စသည့် အပြုအမူ များ သည် ပြင်း ထန်သော ပြဿနာများ ဖြစ်ပေါ် လာလိမ့်မည်ဟု သတိ ပေးခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက် ဗာဟီဒီက ပြောကြား ခဲ့ပါသည်။ အီရန် နိုင်ငံ၏ ပိုင်နက် နယ်မြေများ အပေါ် အမေရိ ကန် နိုင်ငံ၏ ကျူးကျော် ဝင်ရောက်မှု များသည် စိုးရိမ်ရသည့် ပြဿနာများ ဖြစ်ပွားစေ နိုင်သည်ဟု ဗာဟီဒီ က ပြောကြား ခဲ့ပါသည်။

နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက် လာသော ပါရှန် ပင်လယ်ကွေ့ အပေါ်တွင် ပျံသန်းနေ သည့် အမေရိကန် နိုင်ငံ၏ Scan Eagle မောင်းသူမဲ့ လေယာဉ်အား ဆင်းသက် စေခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း အီရန် နိုင်ငံက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အီရန် နိုင်ငံသည် ပါရှန် ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်တို့ရှိ အမေရိကန် ရေတပ် စစ်သင်္ဘော များ၏ တရားမဝင် လှုပ် ရှား ဆောင်ရွက်မှု များနှင့် အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ ဝေဟင် ပိုင်နက် ချိုးဖောက် ဝင်ရောက် မှု များအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းနှင့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ တို့ ထံသို့ ပြီးခဲ့သော လက တရားဝင် တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်ရေတပ် သည် တရားမဝင် လှုပ်ရှားဆောင်ရွက် မှုများနှင့် ကျူးကျော်ရန်စ သည့်အပြုအမူများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း အီရန်နိုင်ငံက ပြောကြားခဲ့ပါသည်။

မြ၀တီ
0 comments: