Pages

Thursday, December 13, 2012

“““ ဘင်္ဂလီ လူမျိုးတုန်းဟု ၀ါဒဖြန့်သည့် အယ်ဂျာဇီးရား ဗီဒီယို မှ စာသားများ (၁) ”””

( အယ်လ်ဂျားဇီးရားမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သွားသဖြင့် မြန်မာတို့ မနာကြလေသလား မသိ။ ထို တီဗွီအစီအစဉ်တွင် ကုလားများ ပြောသွားသည့် စကားများမှ အမျိုးဘာသာကို စော်ကားခဲ့သည် ချည်းသာ ဖြစ်သည်။ ထိုအစီအစဉ်မှ စကားလုံးများအား စာစီ ဖော်ပြလိုက်ပါသည်။ အမျိုးဘာသာ သာသနာ ချစ်သူများအား လက်ဆင့်ကမ်းပေးကြပါ။)
၂ဝ၁၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံအနောက်ပိုင်း၌ ဗုဒ္ဓဘာသာဝင် အမျိုးသမီး မသီတာ ထွေးသည် အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။ အာဏာပိုင်တို့က မွတ်စလင် ၃ ဦးကို တရားစွဲ ဆိုခဲ့ပါသည်။ ရက်သတ္တပတ်ကြာပြီးနောက် အဆိုပါလုပ်ရပ်ကို လက်တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် မွတ်စလင် ၁ဝ ဦးသတ်ဖြတ်ခံခဲ့ရပါသည်။ ထို့နောက်ပိုင်း အဖြစ်အပျက်များမှာမူ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်သွားခဲ့ပါသည်။
အလောင်းအားလုံးကို မြေကျင်းကြီးတစ်ခုအတွင်း၌ မိမိကိုယ်တိုင်မြှုပ်နှံပေးခဲ့ကြောင်း ဘင်္ဂါလီ ကုလား တစ်ဦးက ပြောဆိုခဲ့ပါသည်။ 
မိမိရှေ့မှာပင် ဝမ်းကွဲမောင်နှမ(၅)ဦးအသတ်ခံခဲ့ရကြောင်းနှင့် ၄င်းတို့၏အလောင်းများကို မီးတောက် ထဲသို့ပစ်ထည့်ခဲ့ကြကြောင်း ဘင်္ဂါလီအမျိုးသမီးတစ်ဦးကပြောကြားခဲ့ပါသည်။
''ဘုန်းကြီးတို့သေချင်သေသွားပါစေ။ ရခိုင်မြေနှင့်ရခိုင်လူမျိုးကိုတော့ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်''ဟု စစ်တွေမြို့ရှိ ဆရာတော် ဦးနန္ဒောဘာသက ပြောကြားခဲ့ပါသည်။
ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်သည့်အတွက် မိမိတို့ကလည်း ပြန်လည်တိုက်ခိုက် ခဲ့ကြောင်း၊ ကွင်းပြင် များသည် အလောင်းများဖြင့်ပြည့်နှက်နေပြီး သွေးများအိုင်ထွန်းနေကြောင်း ဘင်္ဂါလီကုလား တစ်ဦးဖြစ်သည့် မိုဟာမက်အစ္စလာမ်ကပြောကြားခဲ့ပါသည်။
ရဲတပ်ဖွဲ့ဝင်များသည် သနားကြင်နာမှုမရှိကြကြောင်း၊ မိမိတို့ မည်မျှညှင်းပန်းနှိပ်စက်ခံ ခဲ့ရသည်ကို ဘုရားသခင်သာသိမည်ဖြစ်ကြောင်း ဘင်္ဂါလီကုလားတစ်ဦးကပြောကြားခဲ့ပါသည်။
ဤအကြောင်းအရာများသည် မွေးရပ်မြေကိုစွန့်ခွာခဲ့ရပြီး မွေးရပ်မြေမှာပင် နိုင်ငံသား ဖြစ်ခွင့်ရရေး တောင်းဆိုနေ သူများ၏ အဖြစ်အပျက်ဇာတ်လမ်းအကြောင်းအရာပင်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ သားဖြစ် ခွင့်ကို ပယ်ချခံနေရသည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ဘင်္ဂါလီများ၏ ဖြစ်ရပ် လည်းဖြစ် ပါသည်ဟု ဖော်ပြသွားခဲ့ပါသည်။
မြန်မာနိုင်ငံသမိုင်းတွင် ရိုဟင်ဂျာဟူသည်မရှိခဲ့ကြောင်း၊ သမိုင်းအမှန်ဟုမခေါ်နိုင်ကြောင်း၊ လုပ်ကြံ ဖန်တီးထားသည့် သမိုင်းကြောင်းသာဖြစ်ကြောင်း ဒေါက်တာအေးချမ်းကပြောကြား ခဲ့ပါသည်။
ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံသားဖြစ်သည်ဟု သမိုင်းကြောင်းတွင်ဖော်ပြရန်ကြိုးပမ်း ခြင်းသည် စနစ်တကျကြို တင်ဖန်တီးခြင်းသာဖြစ်သည်ဟု အချို့ကယုံကြည်လက်ခံထားကြပါသည်။
သမိုင်းကြောင်းကိုငြင်းပယ်ခြင်းနှင့် တရာဝင်နေထိုင်ခွင့်ကို ငြင်းပယ်ခြင်းတို့သည် လူမျိုးသတ်ဖြတ် ရေးကို ဦးတည်စေသည့် အချက်များပင်ဖြစ်ကြောင်း နိုင်ငံတကာလူမျိုးတုံး သတ်ဖြတ်မှု လေ့လာရေး ပညာရှင်အဖွဲ့မှ ဒေါက်တာ Willian Schabas ကပြောကြားခဲ့ပါသည်။
ရာစုများစွာအတွင်း မြန်မာနိုင်ငံအနောက်ပိုင်းဒေသသည် အာရကန်ဒေသအဖြစ် ထင်ရှား ကျော်ကြား ခဲ့ပြီး ရခိုင်မျိုးနွယ်စုအများစုနေထိုင်မှုအပေါ်အခြေပြု၍ ရခိုင်ပြည်နယ်ဟုအမည် ပြောင်းလဲခေါ် တွင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်သည် ဗုဒ္ဓဘာသာဘုရားပုထိုးများဖြင့် ပြည့်နှက်နေပြီး ကိုယ်ပိုင်စရိုက် လက္ခဏာများ လည်း ရှိပါသည်။ ၄ ရာစုခန့်တွင် ရခိုင်ဘုရင့်နိုင်ငံ၏ မြို့တော်ကို တည်ထောင်ခဲ့ ပါ သည်။ ထို့အပြင် ဗုဒ္ဓဘာသာသည် ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းသို့ ပျံနှံ့ခဲ့ခြင်းဖြစ် ပါသည်။ 
ယနေ့ခေတ်အခါတွင် မြန်မာနိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး ၁ သန်းခန့် နှင့် ရိုဟင်ဂျာမွတ်စလင် ၈ သိန်းခန့်တို့နေထိုင်လျက်ရှိကြပါသည်။ ဗြိတိသျှ တို့သည် ၁၈၂၄ ခုနှစ် တွင် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းသို့ ကျူးကျော်ဝင်ရောက် လာခဲ့ပါသည်။ ရခိုင် ပြည်နယ်သည် အိန္ဒိယလက်အောက်ခံပြည်နယ်အဖြစ် နှစ်ပေါင်း ၅ဝ ခန့် ကျရောက်ခဲ့ပါသည်။ ကိုလိုနီ အစိုးရသည် ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာသည့် ဒေသအတွင်းမှ မွတ်စလင်များကို ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ခွင့်ပေးခဲ့ပါသည်။ လာရောက်အခြေချနေထိုင်သူ အများစုမှာ ဗုဒ္ဓဘာ သာဝင်လူများစု၏ နှိမ်ချ ဆက်ဆံခြင်းကိုခံခဲ့ရပါသည်။ ရခိုင်လူမျိုးတို့က ၄င်းတို့သည် လူများစုဖြစ်သည့် ဗမာ လူမျိုးတို့နှင့်ကွဲပြားမှုရှိသည်ဟု ခံယူထားကြပါသည်။ ရိုဟင်ဂျာ တို့ကို ဘင်္ဂါလီဟုခေါ်ဝေါ်ကာ ၄င်းတို့ ဝင်ရောက် အခြေချလာသည်မှာ မျိုးဆက်များစွာရှိပြီဖြစ် သော်လည်း တရားမဝင် ဝင်ရောက် အခြေချ နေထိုင်သူများဟုသာ ရှုမြင်ထားကြပါသည်။
ဦးနန္ဒောဘာသသည် စစ်တွေမြို့ရှိ ထင်ရှားသောဆရာတော်တစ်ပါးဖြစ်ပါသည်။ ၄င်းက ဘင်္ဂါလီတို့ သည် ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအတွက်ပါ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ် သည်ဟု ယုံကြည် ထားပါသည်။
အနောက်တံခါးနှင့်တူသည့် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာပျက်ပြားသွားပါက မြန်မာ တစ်နိုင်ငံ လုံးသည် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံတို့နည်းတူ မွတ်စလင်နိုင်ငံဖြစ် သွားမည်ဖြစ် ကြောင်း ဆရာေ တာ်ဦးနန္ဒောဘာသကပြောကြားခဲ့ပါသည်။
 
ဆက်လက်ဖော်ပြပါမည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: