၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွက် (ယခုရက်ပိုင်းတွင်)ထွက်ရှိလာသော ညှို့မဂ္ဂဇင်း
အတွဲ(၁)၊ အမှတ်(၁) တွင် ညီ မနှင့် ပတ်သက်သည့်ဆောင်းပါးနှင့်
ထိုဆောင်းပါးနှင့်အတူ ညီမ၏ဓါတ်ပုံများဖော်ပြ ပါရှိလာ ပါ သည်။ အဆို ပါ
ကိစ္စနှင့်ပတ်သက်၍ ညီမ(နန်းခင်ဇေယျာ)ကို အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသော
ပရိသတ် များ ၏ မေးမြန်းမှုများ၊ ဝေဖန်အကြံပြုမှုစာများကို
လက်ခံရရှိခဲ့ပါသည်။
အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော
ဆောင်းပါး၏ ဆိုလိုရင်း ရည်ရွယ် ချက်မှာ
နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင်
ချီးကျူး ညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏
ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှု အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။
သို့သော် ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင်ပါရှိလာသည့်
အဆိုပါဆောင်းပါးနှင့် ညီမ၏ဓါတ်ပုံများကို ဖော်ြ ပခြင်း အတွက်
ဆောင်းပါးရှင်အပါအ၀င် မည်သည့်တာဝန်ခံတစ်စုံတစ်ဦးကမျှ ညီမထံသို့ ကြိုတင်
အသိေ ပးခြင်း၊ အကြောင်းကြားထားခြင်းများမရှိခဲ့ပါ။ ထို့ကြောင့်
ညီမကိုယ်တိုင်ပင်လျှင်ပရိသတ်များ၏ ဝေဖန် အကြံပြုစာများရရှိမှသာ
သိရှိခဲ့ရပါသည်။
ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား
အဓိကပေါင်း ကူးဆက် သွယ်ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့်
အွန်လိုင်းမီဒီယာများအားလုံးကို အစဉ် အမြဲလေး စားတန်ဖိုးထားပြီး လိုအပ်သလို
ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို အခွင့်သင့်သလို ပြုလုပ်ပေး လျက်ရှိ
ပါသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ
ညီမ၏ သတင်း လှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက်
ကန့်သတ်ထားခြင်း၊ တစ်စုံ တစ်ရာတောင်း ဆိုထားခြင်းများ လုံးဝမရှိပါ။
သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည်
မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက် ပိုမို ထူးခြားနေခြင်း၊
ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိ
ထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့်
အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြု မည့်ဆောင်းပါးနှင့်
ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား ကြိုတင် အသိပေး
သင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း
မရှိသည့်အတွက်လည်း ညီမ၏ ပရိ သတ် များနှင့် ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။
ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏ အားပေးမှုဖြင့်ရရှိ လာသောအောင်မြင်မှုနှင့်
ရပ်တည်နေရသော အနု ပညာ ရှင်တစ်ဦးအနေဖြင့်သာမက Miss Myanmar တစ်ဦးအနေဖြင့်ပါ
ကြိုးစား ရပ်တည်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် ပရိသတ်နှင့်
ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော အကြောင်း အရာ တစ်ခုဖြစ်
လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ
ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြ ခင်းအ တွက် ဆောင်းပါးရှင် အပါအ၀င်
ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြား ကန့်ကွက်
သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။
နန်းခင်ဇေယျာ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။